Final Part

6.2K 463 23
                                    

(Unicode)  ဟင်း~ ~
သူတို့ထွက်သွားပြီးမကြာမှာတော့ ဆူညံနေတဲ့ဆိုင်ခန်းကြီးဟာ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရာ ရှောင်ကျန့်၏သက်ပြင်းချသံလေးမှာ ပို၍ကျယ်လောင်နေသယောင်ရှိ၏။

" သက်ပြင်းတစ်ခါချရင် ငါးမိနစ် အသက်တိုတယ်တဲ့နော် ကျန့်ကော "

ဖေးဟုန်လေးက မွေးနေ့မှာ ကစားကွင်းကိုသွားပြီး ပျော်ချင်နေပေမယ့် သူကတော့ အလုပ်ရှိသေး၍ ကိုယ်တိုင်လိုက်မပို့ရအားသည်ကို ရှောင်ကျန့် စိတ်ထင့်သွားတာဖြစ်မည်။ ကြားထဲမှာ သူ့ကိုအရိပ်ကြည့်နေတဲ့ရိပေါ်ဟာလည်း အထာသိသည့်ပုံဖြင့် သူ့ခါးလေးကို အနောက်ကနေ သိုင်းဖက်ကာ စစနောက်နောက်ဖြင့် စကားဆိုလာခဲ့၏။

ဘာပဲဖြစ်ဖြစ် ဖေးဟုန်လေးပျော်ရင် အရာအားလုံးပြည့်စုံနေပြီမို့ ရှောင်ကျန့်တစ်ယောက် အတွေးတွေကို ဖျောက်ပစ်ကာ ရိပေါ်ဘက်သို့ ခပ်စူးစူးအကြည့်ဖြင့် လှည့်ကြည့်လာသည်။
ပြီးနောက် . . .

" ဟားဟားဟား . . ခိ . . အဲ့ဒီလောက်ဆို ရပြီမလား "

ရုတ်တရက်ကြီး အူလှိုက်အသည်းလှိုက်ရယ်မောပြလာတော့ ရိပေါ်မှာ ကြောင်တောင်တောင်လေးဖြစ်သွားရ၏။

" ဘာရတာလဲ ကျန့်ကောရ "

" သက်ပြင်းချတာက ငါးမိနစ်အသက်တိုတယ်ဆိုရင် ရယ်တာက အသက်ရှည်တယ်လေ။ အဲ့တာနဲ့ ဖျောင်လိုက်တာ . . OK "

လက်စသတ်တော့ ကိုရှောင်ကျန့်က သူ့ကို အရူးကွက်နင်းနေတာမို့ ရိပေါ်တစ်ယောက် သူ့စိတ်ကို လာဆွသည့် ရှောင်ကျန့်၏နားဖျားလေးကို အနောက်ကနေ သွားဖြင့် ခပ်ဖွဖွ ဖိကိုက်လာ၏။
သူ့ဆီက လေတိုးသံလေးနှင့်အတူ ယားကျိကျိခံစားချက်ကြောင့် ရှောင်ကျန့် မနေနိုင်တော့ပဲ တွန့်လိမ်ကာ အတင်းရုန်းထွက်မိသည်။

" အား. . ယားတယ်. . လွှတ် လွှတ်တော့ "

" မလွှတ်ဘူး . . ဒီတစ်ခါ အလွှတ်ပေးစရာလား ဟားဟား ကျန့်ကောကို ဒီထက်ပိုပြီးအသက်ရှည်အောင်လုပ်ပေးမယ် "

ဘယ်သူမှလည်း မရှိလေတော့ ရိပေါ်တစ်ယောက် ရှောင်ကျန့်ကို မလွှတ်တမ်း သိမ်းဖက်ကာ သူ့ရဲ့လည်တိုင်လေးတွေ . . နားလေးတွေကို . . သွားဖြင့် လိုက်ပြီးကျီစယ်နေခဲ့ရာ သူ့လက်ထဲ၌ ရှောင်ကျန့် လူးလွန့်ကာ ရယ်မောနေခဲ့လေသည်။
သူတို့ရဲ့ဆိုင်ခန်းလေးဟာလည်း သူတို့၏အပျော်ရယ်မောသံများ ပြည့်နှက်နေလျှက် . . .
3:00PM ;;
4:00PM ;;

Beijing Vampire(Complete)Where stories live. Discover now