Part-53

2.3K 342 30
                                    

(Unicode)  ကလောင်!

ရိပေါ်ပို့လိုက်သော မက်ဆေ့ရဲ့အသံကြောင့် ရှောင်ကျန့်မှာ ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်မိ၏။ အိမ်ပြန်နောက်ကျမယ်ဆိုတဲ့မက်ဆေ့လေးဖြစ်ပေမယ့် ကြည့်ရတာ သူ အဆင်ပြေမည်ဟု ရှောင်ကျန့်ထင်လိုက်ကာ နှုတ်ခမ်းမှာ ပြုံယောင်လေးသမ်းသွားခဲ့သည်။

" ပါပါး . . ပါပါး . . . ဖေးဟုန်ဆွဲထားတာ လှလားဟင် "

ဖုန်းကိုပိတ်ပြီး ပြတင်းပေါက်လေးကို ငေးနေစဉ် သူ့ရဲ့ချစ်လှစွာသောသားလေးက သူ့အနားသို့ ပြေးလာကာ ပန်းချီစာရွက်လေးတစ်ရွက်ကို ကိုင်ဆွဲပြလာခဲ့၏။

" ဖေးဟုန် .  စာရေးခိုင်းတာတွေက ပြီးလို့လား? "

လက်တလောမှာ ဖေးဟုန်ကို ရှောင်ကျန့် တရုတ်စာလုံးရေးနည်းတွေ သင်ပေးနေတာမို့ စာသင်ချိန်ပြီးမှ သူကြိုက်နှစ်သက်တဲ့ပုံဆွဲခြင်းကို လုပ်ရသည်။ ဒါပေမယ့် အသင်မြန်တဲ့ဖေးဟုန်လေးက ရှောင်ကျန့်တစ်လုံးသင် နှစ်လုံးတက်သည့် ကလေးပင်ဖြစ်၏။

ရှောင်ကျန့်က မျက်ခုံးကို တွန့်ပြီး ဆရာကြီးသဏ္ဌာန်မေးလာတော့ သူလေးက မျက်လုံးလေးမှိတ်လုမတတ်ပြုံးပြရင်း ခေါင်းငြိမ့်ပြလေ၏။

" ပြီးပြီ ပါပါး . . . ပါပါး ပုံကြည့် "

ဖေးဟုန်လေးက vampireလေးမို့ သူများတွေလို မူကြိုကျောင်းလည်း မတက်ရပဲ အိမ်ထဲပဲ ခိုနေရတဲ့အတွက် သူလေးမပျင်းအောင် ရှောင်ကျန့်က ရေးနည်းဖတ်နည်းတွေ သင်ပေးရင်း အဖော်ပြုပေးနေခဲ့သည်။

တချို့နေ့တွေဆိုလျှင် ပြတင်းပေါက်လေးကနေ လမ်းပေါ်ထွက်ပြီး ပြေးကစားနေတဲ့ကလေးတွေကို သူအမြဲငိုင်ကြည့်နေတတ်ပြီမို့ အားငယ်မည်ကို ရှောင်ကျန့်အရမ်းစိုးရိမ်သည်။
ဒါ့ကြောင့် သူလေး မပျင်းအောင် စာသင်ပေးလိုက်. . သူကြိုက်တဲ့ပုံတွေဆွဲခိုင်းလိုက်နှင့် အားငယ်စိတ်ကို ဖျောက်ပေးရတတ်၏။

ဖေးဟုန်လေးဟာလည်း ကလေးတစ်ယောက်ပီပီ ပုံဆွဲရသည်ကို အရမ်းနှစ်ခြိုက်တာမို့ သူလေး ပိုပျော်သွားအောင် ရှောင်ကျန့်က အမြဲချီးကျူးပေးသည်။

Beijing Vampire(Complete)Where stories live. Discover now