Part-25

3.9K 574 44
                                    

(Unicode) " ဗျို့ ဆိုင်ရှင် ပုံမှန်ချသလိုလေး ချပေးဗျို့ "

" ဟုတ် ဟုတ် "

ဆရာဖြစ်သူက ရောဂါကြောင့် ဆေးရုံတက်နေရသည်ဟုထင်ကာ ယွမ်ဖေးတစ်ယောက် ဆိုင်ကို အမြဲကြည့်ကြပ်ဦးစီးနေခဲ့သည်။ သူဆိုင်ဖွင့်ပြီး မကြာမှာ စားနေကျဖောက်သည်တွေ ရောက်လာပြီမို့ ယွမ်ဖေးတစ်ယောက် ခေါက်ဆွဲပွဲတွေ စတင်ပြင်ပေးတော့သည်။

ချွင်~ ချွင်~

" မင်္ဂလာပါ Familyခေါက်ဆွဲဆိုင်က ကြိုဆိုပါ "

ထိုစဉ် အသံမပေးဘာမပေးနှင့် ဝင်လာသော ဧည့်သည်တစ်ဦးကြောင့် လူသစ်မှန်းသိ၍ ယွမ်ဖေး ရိုကျိုးစွာ နှုတ်ဆက်လိုက်မိသည်။ သို့သော် သူ့ဆိုင်ထဲ ဝင်လာသူက JJVက ဆရာပင်းပဲ ဖြစ်နေတာမို့ အဆုံးထိတောင် မနှုတ်ဆက်နိုင်ပဲ ယွမ်ဖေး ထိတ်လန့်သွားလေသည်။

ပင်းဟာလည်း ဆိုင်ထဲဝင်ဝင်ချင်း ယွမ်ဖေး၏ သွေးပျက်နေသောမျက်နှာလေးကို ကြည့်ရင်း မျက်မှန်ကို နှာရိုးပေါ်တစ်ချက်ပင့်တင်ကာ ကောင်တာအနားသို့ လာရပ်ခဲ့သည်။

" Hi ဘာလို့ ကိုယ့်ကို မြင်တော့ သွေးပျက်နေရတာလဲ? အဟင်း vampireတွေနဲ့များ friဖြစ်နေလို့များလား? "

" ဗျာ? မ မဟုတ်ပါဘူး။ ကျွန်တော် ဘာမှမသိဘူးနော် "

ယွမ်ဖေးဟာလည်း အူတူအတနှင့် အရမ်းခန့်မှန်းရလွယ်သည့်သူတစ်ဦးမှန်း စကားစလိုက်သည်နှင့်ပင် ပင်းတန်းရိပ်မိပါသည်။ ဒါ့အပြင် ယွမ်ဖေးရဲ့ငြင်းထုတ်နေပုံက ဟာသတစ်ခုလို ဖြစ်နေ၍ ပင်းတစ်ယောက် ပါးစပ်ကိုလက်နှင့်ကာပြီး တစ်ခစ်ခစ်ရယ်လာခဲ့သည်။

" ဟားဟား. . . ဘာတွေ အတင်းငြင်းထုတ်နေတာလဲ? မင်းကို ဘာမှ မမေးရသေးဘူးလေ "

ပင်း ဘာမှမမေးရသေးပေမယ့် ယွမ်ဖေးမှာ ဇောချွေးတွေ ပျံနှင့်နေပါပြီ။ ဒါနဲ့ သူ့ကို ဆိုင်ကနေ အမြန်နှင်ထုတ်ဖို့ သူကြိုးစားလိုက်မိသည်။

" ဘာမှလည်း လာမမေးပါနဲ့။ ကျွန်တော် မအားဘူးဗျ။ အလုပ်လုပ်ရဦးမှာမို့ အကိုပင်း ပြန် "

သို့ပေမယ့် သူနှင်ထုတ်တော့မှန်းသိတဲ့ ပင်းက ကောင်တာပေါ်လက်ထောက်ကာ သူ့အနားသို့တိုးကပ်ပြီး ယွမ်ဖေးနှုတ်ခမ်းလေးအနားကို လက်ညှိုးနှင့်ထောက်ပိတ်လိုက်၍ ပင်းမျက်နှာကို ယွမ်ဖေးကြည့်ရင်း စိတ်ခြောက်ခြားသွားရသည်။

Beijing Vampire(Complete)Where stories live. Discover now