Part-54🔞

4.9K 333 23
                                    

(Unicode)  ထိုကောင်လေး လှမ်းမမှီလောက်တဲ့နေရာမှာ ထားခဲ့တဲ့ဖုန်းကို သူမြင်သွားပြီဆိုတာ ပင်းသိလိုက်ပြီး ချက်ချင်းပဲ အခန်းထဲသို့ ပြေးဝင်လာခဲ့လိုက်သည်။ အခန်းထဲသို့ အလောတကြီးပြေးဝင်လာပြီး သူ့နာမည်ကို အော်ခေါ်လာတဲ့အသံတစ်ခုကြောင့် ယွမ်ဖေးမှာ လန့်ပြီး ဖုန်းပင် လွတ်ကျသွားရသည်။

တစ်ဖက်ကို လှည့်ကြည့်တော့ ဒေါသဝေနေသည့် သူ့ရဲ့ချစ်ရပါသောအကိုပင်းကို ထိပ်တိုက်တွေ့လိုက်ရတော့၏။

" အ အကိုပင်း "

" မင်း အဲ့ဒါ ဘာလုပ်နေတာလဲ? "

ကုတင်ကြီးပင် နေရာရွေ့နေပြီး ယွမ်ဖေးက စားပွဲနားမှာ မတ်တတ်ရပ်နေလေတော့ ဒီတစ်နေ့ကြုံရတဲ့ဖြစ်ရပ်ထဲမှာ ဒီဖြစ်ရပ်က ပင်းအတွက် ဒေါသအထွက်ရဆုံး ဖြစ်သွားလေသည်။
ငွေဓါးကိုကိုင်ခဲ့ရတာထက် ပိုပြီး ပူလောင်တဲ့ခံစားချက် . . သူ့ဆီက လွတ်မြောက်ဖို့ကြံနေတဲ့ယွမ်ဖေးကြောင့် ပိုပြီး နာကြင်ရတဲ့ခံစားချက် . . .
အဲ့ဒီခံစားချက်တွေအားလုံးစုပေါင်းပြီး ဖြစ်တည်လာတဲ့ဒေါသက ဘယ်အရာနဲ့မှ နှိုင်းယှဉ်မရလေတော့ပဲ ယွမ်ဖေးအနားသို့ သူ ဘွားခနဲရောက်လာကာ ယွမ်ဖေးရဲ့ပါးပြင်ကို လက်သီးနဲ့ခပ်ကြမ်းကြမ်းထိုးပစ်ချလိုက်လေသည်။
ခွပ်~

" အ . "

အားနဲ့ထိုးလိုက်တဲ့ဒဏ်ကြောင့် ယွမ်ဖေးမှာ တစ်ဖက်သို့ ယိုင်လဲကျသွားခဲ့ရသည်။ ပါးတစ်ဖက်လုံးမှာလည်း အောင့်တက်သွားရ၍ ယွမ်ဖေးမျက်ဝန်းမှာ အလိုလိုမျက်ရည်ဝဲလာလျှက်။

" အသိစိတ် လွတ်သွားတာများလား ယွမ်ဖေးရဲ့။ မင်း အဲ့ဒါ ဘာလုပ်နေတာလဲ? ငါမေးနေတာဖြေလေ "

သူလဲကျသွားသည်ကိုပင် အလွတ်မပေးပဲ သူ့အပေါ်ခွတက်ကာ သူ့ဆံပင်တွေကို လက်ဖြင့်ခပ်ကြမ်းကြမ်းဆောင့်ဆွဲရင်း ဒေါသဝေနေသည့်ပင်းက အော်ဟစ်မေးလေတော့၏။ ပင်းရဲ့လက်အားကြောင့် ယွမ်ဖေးဆံပင်တွေမှာ အုံလိုက်ကျွတ်ထွက်တော့မတတ် နာကြင်လှ၍ ခေါင်းလေးကို မော့လျှက်သား သူ့အကိုပင်းကို ကြောက်လန့်တကြီး ကြည့်နေမိခဲ့သည်။
ထို့နောက် သူ့လုပ်ရက်ကိုလည်း ပင်းမြင်သွားပြီမို့ မငြင်းချင်တော့ပဲ သူ့ရင်ထဲက ရှိတဲ့အတိုင်း ပင်းကိုထုတ်ပြောလာတော့သည်။

Beijing Vampire(Complete)Où les histoires vivent. Découvrez maintenant