Part-6

6.2K 909 60
                                    

(Unicode) " အဲ့ဒီလောက် လွယ်လို့လား? ဂီး~ ~ နင်တို့ ငါ့ရဲ့ကိုယ်ကို လွယ်လွယ်နဲ့ရမယ်ထင်လို့လား? "

သူမမှာလည်း ရိပေါ်ကို အရှုံးမပေးနိုင်၍ ပြင်းထန်သောဆေးအရှိန်ကို အံတုရင်း ကုန်းကြုံးထလိုက်၏။ ရိပေါ်လည်း မကြာခင် သတိလစ်တော့မည့်သူမကို သူတို့ဌါနသို့ ခေါ်သွားဖို့ ရပ်ကြည့်နေခဲ့သည်။

" မင်း ပြေးနိုင်သေးရင် ပြေးလေ။ မင်းသာ အဲ့ဒီဆေးဒဏ်ကို ခံနိုင်ရည်ရှိပြီး ငါ့လက်ထဲက လွတ်အောင်ပြေးနိုင်ရင် ရာဇဝင်တွင်မယ့်သွေးစုပ်ကောင် ဖြစ်သွားမှာပေါ့။ ပြေးလေ။ ပြေးလိုက်လေ. . . မင်းတို့လို အကောင်တွေ လူသားတွေကို ဒုက္ခပေးနေတာ ရပ်သင့်ပြီ. . "

သူမမှာလည်း ပြောသာပြောနေရပေမယ့် လွတ်အောင်မပြေးနိုင်တော့တာမို့ ချွေးလူးနေသောသူမမျက်နှာထက်၌ မျက်ရည်တို့ပါ ရောယှက်လာခဲ့သည်။ ရိပေါ်ကိုလည်း ကြောက်လှလွန်း၍ ယိမ်းယိုင်သောခြေလှမ်းများဖြင့် အနောက်သို့ ဆုတ်နေမိ၏။

" ဘာလို့လဲ? လူတွေက အသက်ပေါင်းစုံသတ်ပြီး စားသောက်နေကြတာ။ ငါတို့က တောင့်တတာဆိုလို့ သွေးတစ်ခုပဲရှိတယ်။ အဲ့ဒါလေးတောင် ခွင့်လွှတ်မပေးနိုင်ကြဘူးလား? "

" ဟင့်အင်း။ မင်းတို့ကို ခွင့်လွှတ်ပေးလိုက်ရင် ကမ္ဘာကြီးတစ်ခုလုံးကို မင်းတို့ အုပ်စိုးသွားမှာပေါ့။ ငါ့ကို အရူးလာမလုပ်နဲ့။ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။ ပြန်မနိုးထနိုင်တဲ့ကမ္ဘာဆီ ခေါ်သွားပေးမယ် "

ရိပေါ်ကလည်း သူမကို ဖမ်းချုပ်တော့မည်ပုံမို့ သူမအနောက်သို့ တဖြည်းဖြည်းဆုတ်ရင်း သွေးစွန်းနေသောနှုတ်ခမ်းထောင့်မှ တစ်ချက်ပြုံးသွားခဲ့သည်။ ထို့နောက် သူမလက်ထဲက ဖုန်းကို ထောင်ပြရင်း အတိအကျကြုံးဝါးပြောလာလိုက်သည်။

" အဲ့ဒီလို လုံးဝမဖြစ်စေရဘူး "

Ti~ ~ Ti ~ ~

သူမဖုန်းကိုလည်း ဆက်သွယ်လွယ်သည့်တစ်နေရာရာသို့ ခေါ်ထားရင်း အနောက်သို့ ဆုတ်ဆုတ်သွားရာ ရိပေါ် မျက်လုံးပြူးပြီး သူမကို မဖမ်းပဲ ရပ်နေမိခဲ့သည်။ ဘာလို့ဆို သူမအနောက်မှာ ပိတ်သိမ်းထားသော ဓါတ်ဆီဆိုင်တစ်ဆိုင်ရှိနေလို့ပါ။

Beijing Vampire(Complete)Where stories live. Discover now