Part-8

5.9K 815 13
                                    

(Unicode) အဲ့ဒီနေ့က လစဉ် အတန်းစစ်စာမေးပွဲကို အမှတ်များများနဲ့အောင်မြင်လို့ ရိပေါ်အပျော်ရွှင်ခဲ့ရဆုံး နေ့လေးတစ်နေ့ပေါ့။ သူ့လို စာမကျက်၊ အတန်းလစ်၊ အကျင့်ပျက်တတ်တဲ့ ကောင်ဆိုးလေးကို " ချင်ချင်း" ဆိုသည့် အတန်းကြီးအမတစ်ယောက်က သွန်သင်ဆုံးမလမ်းပြပေးခဲ့၍ သူ့ဘဝလမ်းလေးဟာ ကောင်းမွန်လာခဲ့ပါသည်။

ဒါ့အပြင် သူ၏နုနယ်သေးတဲ့နှလုံးသားလေးဟာလည်း မမချင်ချင်းအပေါ် စိတ်ရိုင်မိကာ ချစ်ခွင့်ပန်ဖို့ကြိုးစားခဲ့သည့်အချိန်ပေါ့။ သူ ထိုမမကိုချစ်သည်။ မမ၏အပြုံးလေးတွေကို မြတ်နိုးသည်။ မမရဲ့ဘယ်ဘက်နှုတ်ခမ်းအောက်က မှဲ့လေးကို မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်သည်။

ဒါပေမယ့် အဲ့ဒီနေ့ကတော့ ရိပေါ်ရဲ့စိတ်ကူးယဉ်အိပ်မက်လေးတွေ လေထဲလွင့်မျောခဲ့ရသည့် မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုကို ဖန်တီးပေးတဲ့နေ့ ဖြစ်ခဲ့ပါသည်။

~ ~ ဂီး ~ ~ အားးးး ~ ~
~ ~ သရဲ သရဲထင်တယ် ~ ~
~ ~ ပြေး ပြေး ~ ~

မမချင်ချင်း တက်နေတဲ့အတန်းလေးဟာ ရုတ်တရက်ဆိုသလို ကြောက်လန့်တကြားအော်သံများနှင့် ပြည့်နှက်ကာ ဝရုန်းသုန်းကား ဖြစ်သွားရသည်။

" ဝမ်ရိပေါ် ဒီနေ့ မင်းအမှတ်အများဆုံးရတယ်။ ချီးကျူးပါတယ်ကွယ် "

တစ်ဖက်အခန်းမှာ အချီးကျူးခံနေရတဲ့ ရိပေါ်ကတော့ အတန်းဆင်းရင် သူ့မမကို ကြွားဖို့ လုပ်နေပေမယ့် ဆူညံလာသော အသံကြောင့် အားလုံး ထိုဖက်သို့ မျက်စိရောက်သွားရသည်။

" ချင်ချင်းက သရဲ။ လူတွေလိုက်ကိုက်နေတယ်။ သရဲ သရဲ။ လုပ်ကြပါဦး "

ကျောင်းသူကျောင်းသားတွေရဲ့ကြောက်လန့်တကြားအော်ဟစ်သံကြောင့် သူ့မမအတွက် စိတ်ပူပြီး ထိုအခန်းဆီသို့ ရိပေါ်ပြေးသွားခဲ့လေသည်။

ဂီး~ ~ ဂီး ~ ~ ဖျတ် ~ ~
ဇွက်. . . အစ် . . .

သူလည်း အခန်းသို့အရောက် မာန်ဖီနေသောအသံတချို့ တိတ်ဆိတ်သွားကာ အားလုံးငြိမ်ကျသွား၍ အပေါက်ဝတွင် သူ့ခြေလှမ်းလေးများ ရပ်တန့်နေမိလျှက် -

" vampireတွေကို သတ်ချင်ရင် အဲ့ဒီလို ခေါင်းဖြတ်သတ်ရတယ် "

အဲ့ဒီတုန်းကတော့ ကာကွယ်ဆေးဖော်ထုတ်ဖို့ အစီစဉ်မရှိသေး၍ vampireတွေကို အခုတွေ့အခုသတ် စနစ်ကိုကျင့်သုံးသည်။

Beijing Vampire(Complete)Where stories live. Discover now