Part-52

2.1K 335 14
                                    

(Unicode)  အမြဲတမ်းလိုလို meetingမှာ ရိပေါ်ရဲ့ရှင်းပြချက်ကို သူ့စကားထက်ပို၍ နားရောက်နေကြတော့ အကြံစည်အပြတ်မခံနိုင်တဲ့ပင်းမှာ ဒေါသမျက်ဝန်းများနှင့် ရိပေါ်ကို စိုက်ကြည့်နေခဲ့သည်။
ရိပေါ်မှာလည်း ဆက်လက်မိုက်ရူးရဲဖြစ်တဲ့ပင်းကို ရပ်တန့်သွားစေရန် အားလုံးကို အမှန်တိုင်းပြောပြဖို့ စိတ်ကူးရှိ၏။

" သူက . . "

** တောင်းပန်ပါတယ် ဆရာပင်း။ ကျန့်ကောကို ပေးထားတဲ့ကတိအတိုင်း ဆရာပင်းကိုနှိမ်နင်းပြီး ယွမ်ဖေးကို ကယ်ရမှာမို့ **

ဒါ့ကြောင့် သူအတွေးတွေကို ခနရုတ်သိမ်းလိုက်ပြီးသော် ပင်းကို စူးစိုက်ကြည့်ကာ အမှန်အတိုင်း ရိပေါ် ပြောပစ်လိုက်တော့၏။

" ဆရာပင်းပါ။ မျိုးရိုးစဉ်ဆက် vampireဖြစ်တဲ့ မျက်နှာဖုံးအရှင်က ဆရာပင်း ဖြစ်နေတာပါ "

" ဘယ်လို? "

ရိပေါ်ရဲ့ဖွင့်ဟပြောစကားကြောင့် အားလုံးမှာ ပို၍ပင် ရှုပ်ထွေးကုန်ကြကာ ဘာကိုမှ နားမလည်ဖြစ်သွားကြရ၏။ ပင်းဟာလည်း သူ့ကို လာထိတဲ့ရိပေါ်အား ဒေါသဝေနေသည့်အပြုံးလေးဖြင့်ကြည့်ကာ မတ်တတ်ထရပ်လာခဲ့သည်။

" ဘယ်လို ဝမ်ရိ ! မင်းပြောချင်တဲ့သဘောက ငါက vampireကြီးပေါ့။ ဟားဟားဟား မင်း meetingကို ဟာသတွေသိပ်မလုပ်စမ်းပါနဲ့။ လူကြီးတွေရှိတယ်ကွ။ စကားကို ယုတ္တိရှိအောင်ပြော "

ရိပေါ်က သူထင်ထားတာထက် အချက်အလက်တွေကို ခဏအတွင်းစုစည်းပြီး တင်ပြလာခဲ့တော့ ပင်း သူ့အကြောင်းတွေပေါ်သွားမှာစိုးရိမ်မိသွားသော်လည်း အပြင်ပန်းမှာ ရယ်ရယ်မောမောဖြင့် ရိပေါ်ကို ပြန်ပြောနေခဲ့၏။ ရိပေါ်ဟာလည်း တည်ကြည်သောမျက်နှာဖြင့် ပင်းကို ချေပပြောဆိုလာတော့သည်။

" ဘယ်လိုစိတ်ကူးနဲ့ အခုလိုလုပ်ခဲ့တာလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျစ်ယွမ်ဖေးကို vampireတိုက်ခိုက်တယ်ဆိုတဲ့အချိန်တုန်းက ဘယ်လိုလုပ်ပြီး ဆရာပင်း အဲ့ဒီမှာရှိနေတာလဲ? ဌါနကို ဖုန်းဆက်သတင်းပို့တာကလည်း ဆရာပင်းပဲဆို။ အဲ့ဒါငြင်းဦးမလား ? "

. . . အဲ့ဒီတုန်းကတော့ ဟုတ်တယ်။ ငါတို့ကို ဆရာပင်း သတင်းပို့တာကွ . . .

Beijing Vampire(Complete)Where stories live. Discover now