Part-72

3.1K 337 11
                                    

(Unicode) ဗြောင်း~ ~ ဗြောင်း . . ဖောင်း . . .
ဝေး . . . ဟေး . . . .

အအေးဓါတ်တို့စတင်ခိုဝင်လာတဲ့ဒီဆောင်းဦးရာသီရဲ့ပထမအပတ်မှာ Beijing၌အမြဲကျင်းပဆဲဖြစ်တဲ့တစ္ဆေပွဲတော်ကြီးကို ရောက်ရှိလို့လာပါသည်။
ထိုနေ့၌ အသွားအလာများပြီး လူတချို့က လမ်းတစ်လျှောက်ကို ဗြောက်ပန်းများဖောက်ကာ ပွဲတော်အတွက် တက်ကြွနေခဲ့ကြလေသည်။

လမ်းဘေးဆိုင်တော်တော်များများမှာ ဧည့်သည်တွေအုံတိုးနေကြပြီး ရှောင်ကျန့်ရဲ့ ခေါက်ဆွဲဆိုင်လေးတွင်လည်း ခေါင်းလောင်းတချွင်ချွင်နှင့် ဖြစ်နေခဲ့သည်။ (လူအဝင်အထွက်များသည်ကိုပြောခြင်းဖြစ်သည်)

" ရှောင်ကျန့် မင်းလည်း အခုမှ ပေါ်လာတော့တာပဲ "

" ဟုတ်ပ . . မင်း ဆိုင်ပိတ်ထားတော့ ငါတို့မှာ စားစရာနေရာကောင်းကောင်းမရှိဘူး။ အိမ်က မိန်းမကလည်း မင်းလက်ရာမမှီဘူးကွ "

နဂိုက လာစားနေကျ ဧည့်သည်အသီးသီးဟာလည်း ကောင်တာနောက်မှာ ခေါက်ဆွဲလုပ်နေတဲ့ရှောင်ကျန့်ကို တရင်းတနှီးစကားတွေ အော်ပြောနေခဲ့ကြလေသည်။ ရှောင်ကျန့်လည်း အလုပ်တစ်ဖက် လူမှုရေးတစ်ဖက်နှင့် စကားပြန်ပြောပေးနေခဲ့၏။

" ဟုတ်တယ် ဦးလေးရ . . ကျွန်တော် နယ်ဘက်ကို ကိစ္စလေးရှိလို့ ခဏထွက်သွားတာ . . အရမ်းကြာသွားတယ်ထင်ရင် တကယ်တောင်းပန်ပါတယ်ဗျာ။ နောက် အဲ့ဒီလိုမဖြစ်စေရဘူး . . . "

" ဒါနဲ့ မင်း တပည့်လေးရော မတွေ့ပါလား? "

ခါတိုင်းဆို ဆိုင်ခန်းလေးထဲမှာ သူနဲ့ယွမ်ဖေးကို အတူတပူးတွဲတွဲမြင်နေကျဆိုတော့ မျက်စိရင်းနေတဲ့ဖောက်သည်တွေက ယွမ်ဖေးကို အမေးတော်ပါးလာကြသည်။
သူတို့အမေးစကားကိုကြားရတော့ ရှောင်ကျန့်လက်တို့ အနည်းငယ်တုံ့ဆိုင်းမိသွားလေသည်။

အခုဆိုရင် ယွမ်ဖေးနဲ့ သူတို့ဝေးကွာနေခဲ့တာ နှစ်နှစ်တောင်ရှိနေပြီပဲ။ JJVနဲ့ထောက်ပံ့မှုနဲ့ အဝေးတစ်နေရာကို ထွက်သွားခဲ့တဲ့ထိုကောင်လေးအား ရှောင်ကျန့် သံယောဇဉ်ရှိနေခဲ့သေးတာမို့ အခုလို မေးမြန်းသံကြားတဲ့အခါတိုင်း သတိရနေတတ်ပါသေးသည်။

Beijing Vampire(Complete)Where stories live. Discover now