Part-32

3.7K 527 39
                                    

(Unicode) ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်မှာ သွေးပင် ရှိပါသေးသည်လားဟု မတွေးရဲလောက်အောင် ကြမ်းပြင်၌ သွေးတွေယိုစီးဖိတ်ကျနေရာ ရိပေါ်လည်း တော်တော်ထိတ်လန့်ပြီး မျက်နှာမှာ သွေးပျက်နေမိပါသည်။ သူဘာမှမတတ်နိုင်တဲ့အဆုံး ရှောင်ကျန့်ကိုသာ အတင်းညှစ်ဖက်ပြီး မျက်လုံးဆုံမှိတ်ကာ ငိုနေခဲ့လေသည်။

ညသည်လည်း တဖြည်းဖြည်းမှောင်သထက်မှောင်လာပြီး မီးမဖွင့်ထားသောသူတို့ရဲ့အခန်းလေးဟာလည်း အေးစက်စက်ဖြင့်သာ။
အတန်ကြာတော့ ရှောင်ကျန့်ဆီမှ နာကြင်၍ အော်ဟစ်သံကို မကြားရတော့ပဲ ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ငြိမ်ကျသွားရာ အခန်းထဲ၌ ရိပေါ်၏တရှုံ့ရှုံ့ငိုသံကိုပဲ ကြားလာရတော့သည်။ အရုပ်တစ်ရုပ်လို သူ့ရင်ခွင်ထဲငြိမ်ကျသွားလေတော့ ရိပေါ်လည်း မျက်ရည်ဝဲလည်ဖြင့် ရှောင်ကျန့်ကို ငုံ့ကြည့်လိုက်မိသည်။

အမှောင်ထုဝါးမြိုထားသောအခန်းလေးထဲ၌ ရှောင်ကျန့်၏ဖြူဖျော့ဖျော့ပုံရိပ်တို့ကို ရိပေါ်မြင်မိတော့ အသက်ရှူပင် မှားလုမတတ်ဖြစ်ကာ ရှောင်ကျန့်ကို လှုပ်နှိုးကြည့်လိုက်၏။

" ကျန့်ကော ကျန့်ကော ထပါဦး "

သို့သော် ရှောင်ကျန့်ဘက်မှ ဘာမျှတုံ့ပြန်သံမကြားတော့ပဲ ငြိမ်သက်နေလေရာ ရိပေါ် ခေါင်းကြီးသွားပြီး တွေးလိုက်မိသည်က -

" ကျန့်ကော မသေရဘူးနော်။ ကျန့်ကော ကျွန်တော့်ကို ထကြည့်ပါဦး "

** မဟုတ်ဘူး။ သူ သူ ချင်ချင်းလို ပျောက်ကွယ်သွားလို့မရဘူး။ ပျောက်ကွယ်ခွင့်မပေးနိုင်ဘူးနော်။ အဲ့ဒီလိုမဖြစ်ရဘူး **

ရှောင်ကျန့်ကို ချင်ချင်းလို မတရားသေရမည်ဆိုး၍ အရမ်းထိတ်လန့်သွားခဲ့လေသည်။ မျက်ရည်တွေဟာလည်း ချောင်းဖြစ်တော့မည့်အလား တစ်စက်ပြီးတစ်စက်စီးကျကာ ရှောင်ကျန့်ကို အတင်းနှိုးနေမိရာ -

" ရိပေါ်. . . ငါမသေသေးပါဘူး "

ရှိုက်သံတသဲ့သဲ့ဖြင့် ပြောလာသော ရှောင်ကျန့်၏အသံတိုးတိုးလေးကို ကြားလာရလေသည်။

" ကျန့်ကော ကျန့်ကော မသေဘူးနော် "

ထိုအခါမှ ရိပေါ်တစ်ယောက် မျက်ရည်တွေကြားက ပြုံးလာရင်း ရှောင်ကျန့်ကို ပို၍ သိမ်းကျုံးဖက်လိုက်မိသည်။

Beijing Vampire(Complete)Where stories live. Discover now