Part-58

2K 299 42
                                    

(Unicode)  . . . ဘာလုပ်ကြတာလဲ? လွှတ်ပေးလို့. . ရိပေါ်ကို ဘာလုပ်လိုက်ကြတာလဲ? သူ့ကိုဘာလုပ်လိုက်ကြတာလဲ? လွှတ်ပေး. . လွှတ်ပေးပါ. . အဟွတ် အဟွတ်. .

အရိုက်ခံခဲ့ရတဲ့ဒဏ်ကြောင့် ခေါင်းတစ်ခုလုံး ပူထူနာကြင်နေပြီး မေ့မျောနေခဲ့ပေမယ့် အလျင်ပြန်ရလာတဲ့နားထက်၌ တစ်စုံတစ်ယောက်၏အော်ဟစ်တောင်းဆိုသံများကို ရိပေါ် ပြန်ကြားလာခဲ့ရသည်။

အဲ့ဒီအသံရဲ့နောက်မှာ အထီးကျန်မှု. . ကြောက်လန့်မှုတွေ ပြည့်နှက်နေတာ သေချာတာမို့ ရိပေါ်မျက်ခုံးတွေ တဆက်ဆက်နှင့် စတင်လှုပ်ခါလာတော့သည်။

ဒုန်း. . ဂျစ်. . .
ငါ့ကို ဘယ်ခေါ်သွားကြတာလဲ? လွှတ်ပေး. . . လွှတ်ပေး. . အားး . . အားး. . . .

အော်သံရဲ့နောက်မှာ လူတချို့ရဲ့ ခြေသံတွေကို ကြားရပြီး အလိုဆန္ဒမပါပဲ ဆွဲခေါ်ခံသွားရတဲ့လူတစ်ယောက်ရဲ့ ခြေထောက်နဲ့ကြမ်းပြင်ပွတ်ဆွဲသံကိုလည်း ရိပေါ် ကြားလိုက်ရတော့ . . .

" ကျန့်ကော ~ "

ရှောင်ကျန့်ဆိုတဲ့အသိစိတ်နဲ့ ရိပေါ် မျက်ဝန်းတွေ ဖျတ်ခနဲ ပွင့်ဟလာလေရာ . . နေရောင်ကင်းမဲ့ပြီး လျှပ်စစ်မီးချောင်းများဖြင့် လင်းထိန်နေတဲ့အလင်းရောင်ကြောင့် ဖွင့်လိုက်တဲ့ရိပေါ်မျက်ဝန်းတွေမှာ အနည်းငယ်ပြန်မှေးသွားခဲ့ရသည်။

" ကျန့်ကော~ "

လင်းထိန်နေတဲ့အခန်းထဲကို သူရောက်နေတယ်ဆိုပေမယ့် နှုတ်ထက်၌ ရှောင်ကျန့်ကိုပဲ တမ်းတမိရင်း ယခင်က သူကြားခဲ့တဲ့ အသံတွေအတွက် ရိပေါ်အဖြေပြန်ရှာနေမိခဲ့၏။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ခဲ့ပေမယ့် မီးများဖြင့်ထိန်လင်းနေသောအခန်းတွင်း၌ သူမှလွဲ၍ တစ်ခြား ဘယ်သူမှ မရှိ၍ ထိုနေရာကနေ ရိပေါ်ထဖို့ကြံလိုက်သည်။

ဒစ်~ဒစ်~ဒစ်~
အားးးးး . . .

ထိုင်လျှက် သတိမေ့ခဲ့ရာကနေ ထိုခုံမှ သူထဖို့ ကြံလိုက်တော့ ထိုင်ခုံလက်ရမ်း၌ ထိန်းချုပ်ခံထားရသည့် သူ့ရဲ့လက်တို့မှာ လျှပ်စီးဓါတ်တွေနဲ့ ချိတ်ဆက်လိုက်မိသလို တစ်ကိုယ်လုံး ကြင်ထုံသွားရ၍ သူ ရောက်နေတဲ့နေရာကို ရိပေါ် သတိထားလိုက်မိ၏။

Beijing Vampire(Complete)Where stories live. Discover now