Part-11

5.4K 739 6
                                    

(Unicode) Ti. . Ti . . TiTi. .
Ti. . Ti. . .TiTi. .

တိတ်ဆိတ်နေသောအခန်းငယ်လေး၌ ရုတ်တရက်ဆူညံလာသော နာရီနှိုးစက်၏အသံကြောင့် ရှောင်ကျန့်တစ်ယောက် လူးလွန့်ရင်း မျက်လုံးပွင့်လာခဲ့သည်။
ဟင်း~ ~ ~

အမြဲတမ်း ဆိုင်အတွက် စောစောထပြီး အလုပ်လုပ်နေကျဆိုသော်လည်း ဒီနေ့မနက်အတွက်ကတော့ ဘာကြောင့်ရယ်မသိ။ ရှောင်ကျန့်မှာ ထချင်တဲ့စိတ် လုံးလုံးမရှိသည့်အပြင် အရမ်းပင်ပန်းနေသလို ခံစားရတာမို့ မနည်းကုန်းကြုံးထလိုက်ရသည်။

ခန္ဓာကိုယ်ဟာလည်း ရှိန်းတိန်းဖိန်းတိန်းနှင့် နေထိုင်လို့မကောင်းတာမို့ နာရီနှိုးစက်ကို ပြန်ပိတ်ရင်း ကြိုးစား၍ မတ်တတ်ရပ်လိုက်၏။

** မနေ့က ငိုထားမိလို့လား? ခေါင်းကဒဏ်ရာက သက်သာနေပါပြီ။ ငါဖျားချင်နေတာများလား? **

တစ်ယောက်တည်းနေသူဆိုတော့ သူ့ကိုယ်သူ သူပဲဂရုစိုက်ရမှာမို့ နဖူးထက်က စုတ်ဖွာနေသောဆံပင်များကို အထက်သို့လှန်တင်ရင်း သူ့နဖူးကို စမ်းကြည့်လိုက်မိသေးသည်။ သို့သော် ကိုယ်အပူမရှိပဲ ချွေးတချို့နှင့်အေးနေတာမို့ အိပ်ရာထမို့ဟု ထင်မိ၏။

" ရေချိုးလိုက်မှ ဖြစ်မယ်ထင်တယ် "

ရာသီဥတုကလည်း ပူအိုက်နေတော့ ရေချိုးပြီးမှ သွားဖို့လုပ်ရင်း အင်္ကိျီကို ချွတ်ပစ်လိုက်သည်။ အင်္ကိျီလစ်ဟာသွားသော သူ၏ကျောပြင်ကျယ်မှာ ခံ့ညားမှုဆိုသည်ထက် ဆွဲဆောင်မှုရှိနေသလို ထင်ဟပ်နေ၏။ ဖြူလွှလွှလည်တံတစ်စုံဟာလည်း vampireတွေကို မြူစွယ်နေသလိုပင်။

သို့သော်လည်း လေ့ကျင့်ခန်းနှင့်gymမလိုက်စားသော သူ၏ရင်ဘတ်မှာတော့ ကြွက်သားထက် အရိုးလေးများသာ နေရာယူနေပြီး ???

" ဟင်။ ဒါက ဘယ်လိုဖြစ်တာလဲ? "

အရင်ကပြားချပ်နေသည့် သူ၏ဗိုက်လေးဟာ နေ့ချင်းညချင်းကြီး လနုသည့်ကိုယ်ဝန်သည်လို စူထွက်နေ၍ ရှောင်ကျန့် ငုံ့ကြည့်ပြီး မျက်လုံးပြူးသွားရသည်။ စိတ်ထင်လို့များလားဆိုပြီး ချက်ချင်းပဲ ကိုယ်လုံးပေါ်မှန်ရှေ့သို့ ဘေးတစ်စောင်းသွားရပ်ကြည့်လိုက်မိသည်။

Beijing Vampire(Complete)Where stories live. Discover now