Part-43

2.7K 418 39
                                    

(Unicode)   " ကလေး? "

ရိပေါ်မှာ ဂျင်နှင်လွှတ်နေသည့်ကြားမှ စာအုပ်လေးပိုက်ပြေးလာသည့် ကလေးလေးအား မြင်ရတော့ ရင်အစုံမှာ စူးနင့်သွားပြီး မျက်ရည်တွေ လျှံတက်လာကာ သူ့ဆီသို့ အတင်းပြေးသွားလိုက်မိသည်။

သူစွန့်ပစ်ခဲ့မိပေမယ့် ငယ်ရိပ်ငယ်ယောင်မပျောက်သေးသော ချစ်စရာကလေးလေး၏ပုံရိပ်က သူ့မျက်ဝန်းထဲမှာ အခုထိစွဲကျန်နေသေးတာမို့ ခြေလှမ်းတွေကို မြန်မြန်အလုပ်ပေးမိကာ သူ့ရှေ့သို့ ဒူးထောက်ထိုင်ချလိုက်မိ၏။

" mama. . mama "

မှတ်ဉာဏ်ကောင်းသည့် ကလေးလေးဟာလည်း သူတို့နှစ်ယောက်ကို မှတ်မိနေသလို မျက်ရည်စိုရွှဲနေသည့် မျက်ဝန်းလေးများဖြင့် အခံ့သားကျယ်ပြန့်နေသည့်ရိပေါ်၏ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့သည်။

" တကယ်မင်းပါနော် . . တောင်းပန်ပါတယ်။ ငါစွန့်ပစ်ခဲ့မိတယ်။ တောင်းပန်ပါတယ် "

နဂိုကတည်းက သူ့လုပ်ရက်အတွက် စိတ်ခုနေမိသည့်ရိပေါ်မှာ ကလေးကို သိမ်းကျုံးဖက်ရင်း တောင်းပန်စကားတွေ ဆိုနေမိရာ ရုတ်တရက် ဘာမျှမတွေးနိုင်ဖြစ်သွားရသည်။

** အခုမှ အလွမ်းသယ်နေကြတယ်ပေါ့လေ။ မင်းတို့ကို Nအတွက် ငါအကျိုးသယ်ပိုးပေးရလိမ့်မယ် **

သူ့အိမ်ကြီးထဲသို့ ကျူးကျူးကျော်ကျော်ဝင်ရောက်လာသည့်ရိပေါ်ကို သတ်ဖို့စိတ်ကူးလိုက်တဲ့ဂျင်မှာ ဘေးနံရံမှာ ကပ်ထားသည့် ပုဆိန်ကို ချက်ချင်းဆွဲယူကာ ရိပေါ်ဆီသို့ ပြေးလာလေရာ . .

" mama . . "

သူ့ဆီပြေးလာတဲ့ခြေလှမ်းသံတွေကို ကြိုသိ၍ ရိပေါ်မှာ ကလေးကို ခပ်တင်းတင်းပွေ့ပိုက်ပြီး ကြမ်းပြင်သို့ လှဲချကာ တစ်ဖက်သို့ လှိမ့်ထွက်လိုက်လေ၏။
Yar. . ဒုတ်!

အားရပါးရနှင့် ဂျင်ခုတ်လိုက်သည့်ပုဆိန်မှာ အရှောင်ကောင်းသွားတဲ့ ရိပေါ်ဆီ မထိလိုက်ပဲ ကြမ်းပြင်သို့သာ စိုက်ရောက်သွားခဲ့သည်။
ရိပေါ်လည်း သူ့ကိုအန္တရာယ်ပေးလာတဲ့ဂျင်ကို ပြန်တုံ့ပြန်ဖို့ ကလေးကို သူ့နောက်သို့ ပို့ထားပြီး ရှေ့ကနေ မားမားမတ်မတ်ရပ်ပေးလာ၏။

Beijing Vampire(Complete)Where stories live. Discover now