Part-55

2.6K 343 18
                                    

(Unicode) " ရိပေါ် ပြန်လာတာ နောက်ကျလိုက်တာ "

ထိုကိစ္စနှင့်ပင် သူ အိမ်အပြန်နောက်ကျနေခဲ့၍ ချောင်ရန်းကို ပြန်ရောက်တော့ ည ဆယ်နာရီပင် ရှိနေခဲ့ပါပြီ။ ဒီအချိန်ဆို အပြင်မှာ အရမ်းချမ်းအေးလွန်းတာမို့ သူပြန်ရောက်လာတဲ့အခါ ဧည့်ခန်းမှာ သူ့ကို စောင့်နေရှာတဲ့ရှောင်ကျန့်တစ်ယောက် အပြေးထပြီး ကြိုဆိုလာ၏။

" ကျန့်ကော မအိပ်သေးဘူးလား? "

ရိပေါ်လည်း သံသယရှင်းလင်းခဲ့ရတဲ့ကိစ္စတွေကြောင့် နောက်ကျသွားတာမို့ သူ့ကို စောင့်နေတဲ့ရှောင်ကျန့်ကိုပင် အားနာမိသွားသလို။

" မင်းမှ ပြန်မလာသေးတာ။ အိပ်စရာလား? ဘယ်လိုလုပ်မလဲ? အေးနေတာပဲ . . မျက်နှာဖုံးရှင်ကို အတိုက်အခံလုပ်ခဲ့တာရော အောင်မြင်ခဲ့ရဲ့လား "

ရှောင်ကျန့်မှာ အိမ်ထဲဝင်လာတဲ့ရိပေါ်ရဲ့ အင်္ကိျီလက်မောင်းကို ကိုင်စမ်းကြည့်ရာ ကိုယ်ငွေ့မရှိပဲ အေးစက်နေတာမို့ ရိပေါ် တော်တော်ချမ်းနေမည်ဆိုတာ ရိပ်မိပါသည်။ ဒါပေမယ့် ရိပေါ်အတွက်က အဲ့ဒီလောက် ချမ်းအေးမှုကို သိပ်အရေးစိုက်သည့်ပုံမပေါ်ပေ။
သူ့ကိုစိုးရိမ်တကြီးနဲ့ မေးနေတဲ့ရှောင်ကျန့်ကိုသာ အပြုံးလေးဖြင့် ကြည့်ရင်း meetingက ကိစ္စတွေကို ပြန်ဖြေပေးလာသည်။

" သရေကျခဲ့တယ် ကျန့်ကော. . သူကလည်း ကျန့်ကောနဲ့ဖေးဟုန်လေးကိစ္စကို အစပြန်ဖော်နေလို့ . . ဟင်း~ ဒါပေမယ့် အဆင်ပြေပါတယ် နောက်တစ်ခါဆိုသူ့ကိုအလဲထိုးပစ်မယ်။ ဒါနဲ့ ဖေးဟုန်ရော အိပ်သွားပြီလား? "

" အင်း။ ခုနလေးတင်မှ အိပ်သွားတာ။ "

" သြော်. . ဒီမှာ သူ့အတွက် ဝယ်လာတာ။ အရင်တစ်ခါကလို အဖြစ်မခံနိုင်လို့ "

ရိပေါ်ရဲ့ဆိုင်ကယ်စီးနှုန်းနဲ့ဆိုရင် ချောင်ရန်းနဲ့ပေကျင်းက သိပ်မကြာပေမယ့် အကြောင်းတစ်ခုကြောင့် သူကြန့်ကြာနေခဲ့ခြင်းဖြစ်ပါသည်။ အဲ့ဒါက ဖေးဟုန်လေးအတွက် လိုအပ်တဲ့သွေးကြောင့်ပေါ့။ သွေးရှာနေခဲ့တာနဲ့ သူအချိန်ကုန်နေမှန်း သိရတော့ ရှောင်ကျန့်မှာ ထိုသွေးဗူးကိုကြည့်ပြီး နည်းနည်းမျက်နှာပျက်သွားခဲ့ရ၏။

Beijing Vampire(Complete)Where stories live. Discover now