Part-67

2.2K 322 31
                                    

(Unicode)  ရိပေါ် တောင်းပန်စကားဆိုသော်လည်း ပင်းကနားထောင်ခြင်းမရှိပဲ သူတို့ထိတ်လန့်ခြောက်ခြားစေမယ့်မြင်ကွင်းတစ်ခုကို စတင်ပြသတော့၏။
ဒါကတော့ meetingမှာ စမ်းသပ်ပြဖို့ ယူလာတဲ့ ဆေးပုံးထဲက ဆေးအပ်တစ်ချောင်းကို ပင်းထုတ်ယူခဲ့လို့ပါပဲ။

" အားလုံးက တီထွင်ထားတဲ့ဆေး အာနိသင်ရှိမရှိ သိချင်နေကြတယ်မလား? ဟုတ်ပြီ။ အားလုံးသိအောင်လို့ အဖွဲ့သားပီသစွာနဲ့ ဒီဆေးကို စမ်းသပ်ပြမယ်လေ "

ထို့နောက် လက်တစ်ဖက်က ဖေးဟုန်လေးပုခုံးကို ထိန်းဖက်ထားပြီး တစ်ဖက်က တီထွင်ထားတဲ့ဆေးအပ်တစ်ချောင်းကို ကိုင်ထားလေတော့ . . ရှောင်ကျန့်လည်း ဖေးဟုန်လေးအတွက် အရမ်းစိုးရိမ်ပြီး ပင်းဆီကနေ အတင်းဆွဲလုတော့၏။

" ပါပါး. . . ဗြဲ . . . "

" ငါ့ကလေးကို လွှတ်. .  သူ့ကို မထိနဲ့. . ငါ့ကလေးကို လွှတ် "

ဖေးဟုန်ကို ထိန်းချုပ်ထားသည့် ပင်း၏အားပြင်းသော လက်တစ်ဖက်ကို သူ့အားရှိသမျှ အကုန်ထုတ်သုံးပြီး ဖေးဟုန်လေးကို ဆွဲထုတ်နေပေမယ့် ကျောက်တုံးတစ်ခုကို ကိုင်ရွှေ့နေရသလို ပင်းလက်က နေရာမရွှေ့ပဲ သူသာ အားကုန်သွားရတော့သည်။

ပင်းလက်ထဲက ဖေးဟုန်လေးဟာလည်း လစ်ထွက်နေသော လက်လေးတစ်ဖက်ဖြင့် ရှောင်ကျန့်၏အင်္ကိျီစကို အတင်းဆုပ်ကိုင်ပြီး ငိုကြွေးနေခဲ့ရာ ထိုမြင်ကွင်းက အားလုံးကို သနားဂရုဏာဖြစ်စေရပါသည်။

. . . သူ့ကို စမ်းသပ်ဖို့ လက်လျှော့လိုက်ပြီ ပင်း. . ငါတို့ ဒီဆေးကို တီထွင်တယ်ဆိုတာ အန္တရာယ်ကို ကာကွယ်ဖို့သပ်သပ်ပဲ. . ဒီလို သနားစရာကောင်းတဲ့ကလေးတစ်ယောက်ကို ထိုးသွင်းဖို့ မဟုတ်ဘူး. . သူ့ကို လွှတ်ပေးလိုက် . . .

ဆေးတီထွင်တဲ့သူတွေလည်း ပူဆွေးသောက ရောက်နေတဲ့ရှောင်ကျန့်နဲ့ ဖေးဟုန်လေးကို သနားမိပြီး ပင်းကို အော်ဟစ်တားမြစ်ခဲ့ကြရာ သူတို့စကားတွေကြောင့် ပင်းပိုပြီး စိတ်တိုသွားခဲ့ရ၏။

" ဆရာပင်း. . သူတို့ကို လွှတ်ပေးပါ. . ကျွန်တော်တောင်းပန်ပါတယ်. . ဆရာပင်း မကျေနပ်ရင် ကျွန်တော့်ကိုသာ သတ်လိုက်ပါတော့ "

Beijing Vampire(Complete)Where stories live. Discover now