Part-64

2K 325 29
                                    

(Unicode)  အဖွဲ့သားတွေအားလုံးလည်း အရမ်းသောင်းကျန်းလွန်းသည့် ဖေးဟုန်လေး၏ လက်ချက်ဖြင့် ကြမ်းပြင်ပေါ် လဲကျကုန်ကြရသည်။ ဒါတောင် ဖေးဟုန်လေးက မရပ်သေးပဲ ဆက်ပြီးရန်ရှာဖို့ လုပ်နေလေတော့. .

" တော်တော့ ကောင်လေး "

ပင်းက အမိန့်ပေးလိုက်တဲ့အခါ မာန်ဖီနေသောဖေးဟုန်တစ်ယောက် သွားရည်တမြမြနှင့် ရပ်တန့်သွားခဲ့၏။
ထိုအခါ ပင်းက သူ့လွယ်အိတ်ကို လဲကျနေသောအဖွဲ့သားတွေရှေ့ ပစ်ချကာ သူ့ဖုန်းကို အားလုံးမြင်အောင် ထောင်ပြလာသည်။

" ကဲ . . အားလုံးပဲ။ ကျုပ်စကားကို နားထောင်ဖို့ အသင့်ပဲလား. . ဟားဟား . .  ဒီအိတ်ထဲက ကြိုးတွေနဲ့ တစ်ယောက်ကို တစ်ယောက် တုတ်လိုက် "

. .  ဟေ့ သစ္စာဖောက်ကောင် ငါတို့က ဘာလို့ မင်းခိုင်းတာ လုပ်ရမှာလဲ? မင်းက ဝမ်ရိပြောသလို သစ္စာဖောက်ပဲ။ အထက်ကို သတင်းပို့ပြီး မင်းကို ဖမ်းခိုင်းရမယ် . .

ပင်းဟာ ရိပေါ်ပြောသလို Vampireမှန်းသိတော့ အားလုံးလည်း အရူးလုပ်ခံရ၍ မခံမရက်နိုင်နှင့် လဲကျနေရာကနေ ပင်းကို အော်ငေါက်ပစ်လာခဲ့သည်။ သို့သော် ပင်းကတော့ ဘာမှ မကြောက်တဲ့ပုံနှင့် အဖွဲ့သားတွေစကားကို ဟားတိုက်ရယ်လာခဲ့၏။

" ဟားဟားဟား . . အဲ့ဒီလိုလုပ်လို့ရတော့မယ်များထင်နေလား? ဒါကဘာလဲဆိုတာ အားလုံးမသိသေးဘူးထင်တယ်. . ဒါက ခင်ဗျားတို့ဌါနကြီးတစ်ခုလုံးကို ပြာကျသွားစေမယ့် ဖောက်ခွဲရေးကို ထိန်းချုပ်ထားတဲ့ဖုန်းနော် . . ကျုပ် ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဘာဖြစ်သွားမလဲ သိလား? "

" ဟေ့. . ပင်း . . မင်းယုတ်မာလှချည်လား? . . "

ပင်းဟာ မိုက်ရူးရဲဆန်သည့်မျက်နှာထားနှင့် သူတို့ကို ခြိမ်းခြောက်လာတော့ အဖွဲ့သားတွေအားလုံး ဒေါသထွက်ကုန်ကြကာ ဆေးခေါင်းဆောင်တစ်ဦးက ပင်းကို အထက်သို့အသိပေးဖို့ သူ့ဖုန်းကို ဆွဲထုတ်လိုက်ရာ -

ဖောင်း¥¥¥¥ . . .
အမယ်လေး . . . . . . .

သူ့ကိုသတင်းပို့တော့မည်ဆိုတာသိတဲ့အတွက် ပင်းဟာ ဖုန်းထဲကနေ ဂဏန်းနံပါတ်တစ်ခုကို မတွေဝေပဲ နှိပ်ချပစ်လိုက်သည်။ သူ နှိပ်နှိပ်ချင်းမှာပဲ မြေအောက်ဂိုဒေါင်အခန်းကြီးဟာ ဝုန်းခနဲ ထပေါက်ကွဲကာ မြေကြီးတွေကို တုန်ခိုက်သွားခဲ့ရာ ထိုအခါမှ အားလုံးလည်း ပင်း တကယ်လုပ်မယ်ဆိုတာသိပြီး လန့်ဖြန့်ကုန်ကြ၏။

Beijing Vampire(Complete)Where stories live. Discover now