Part-16

5.1K 704 30
                                    

(Unicode)  ~ ~ ဂီး ~ ~
Yar . . . ဇွက် . . . .

ထိုလူမှာ ရိပေါ်ကို အသေအလဲထိုးကြိတ်ထားပြီးပြီမို့ မထနိုင်လောက်တော့ဘူးထင်ကာ ရှောင်ကျန့်ကို စားသုံးဖို့ ဆိုင်းပြင်နေစဉ် ရိပေါ်အတင်းထလာကာ အားမာန်နှင့်အော်ဟစ်သံကြောင့် တစ်ဖက်သို့လှည့်ကြည့်လိုက်မိသည်။

သို့သော်လည်း သူလှည့်ကြည့်စဉ် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ၏ခေါင်းနှင့်ကိုယ်ဟာ အဆက်သွယ်ပြတ်သွားရသလို ထိန်းချုပ်မှုကနေ ပြတ်တောက်သွားခဲ့ရသည်။

~ ~ ဂစ် ~ ~ ဂစ် ~ ~

ရိပေါ်၏ ရှိသမျှအားကုန်သုံးပြီး ဓါးနဲ့ဖြတ်တောက်လိုကမှုကြောင့် ထိုလူ၏ခေါင်းမှာ သွေးဗလပွနှင့်အတူ မြေပြင်သို့ ပြုတ်ကျကာ ဆန့်တငင်ငင်ဖြင့် အသက်ဆုံးသွားလေတော့သည်။

ထိုလူ ငြိမ်ကျသွားခါမှ ရိပေါ်အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ရင်း မြေပြင်ပေါ် ဖင်ထိုင်ချလိုက်မိသည်။

** ကြည့်ရတာ နှစ်အောင်း Vampireဖြစ်မယ်။ အားက ပြင်းလိုက်တာ။ **

မသေခင်က သူ့ကိုထောင်းကြိတ်သွားပုံက တော်တော်ကျွမ်းကျင်တာမို့ ရိပေါ် ထိုသွေးစုပ်ကောင်အလောင်းကို ငေးကြည့်ရင်း ရှောင်ကျန့်ကို ခေါင်းထဲတွေးမိသွားလေသည်။

" ရှောင်ကျန့် ! ရှောင်ကျန့် "

ဒါနဲ့ပဲ တစ်ဖက်မှာလဲကျနေသောရှောင်ကျန့်ကို အတင်းပွေ့ထူရင်း ပုခုံးကို အသာလှုပ်နှိုးကြည့်၏။ သို့သော် ရှောင်ကျန့်မှာ ပွန်းပဲ့ဒဏ်ရာများနှင့်သတိလစ်နေတာမို့ ရိပေါ် သူ့ကိုငေးကြည့်ရင်း သက်ပြင်းအကြီးကြီးချလိုက်မိသည်။

** ဘာမှဖြစ်မသွားလို့ တော်တော့တာပဲ။ **

ထို့နောက် ရှောင်ကျန့်၏နှုတ်ခမ်းထောင့်ကနေ စီးကျနေသော သွေးစတချို့ကို ရိပေါ် လက်မနှင့်ဖိသတ်ပေးလိုက်ရာ တစ်ဖန်ပြန်၍ မှဲ့လေး ထွက်ပေါ်လာသည်မို့ ရိပေါ်တစ်ချက်ပြုံးမိသွားသည်။

" ငါ့စကားကို မင်း နားထောင်ရင် ကောင်းမယ် "

သတိလစ်နေ၍ သူပြောသည်ကို ရှောင်ကျန့်မကြားနိုင်ပေမယ့် ရိပေါ်ကတော့ သူပြောချင်ရာ ပြောပြီး ရှောင်ကျန့်ကို ကျောပေါ်သို့ ပင့်ချီရင်း တိုက်ခန်းဆီသို့ ကြိုးစား၍ လျှောက်သွားခဲ့သည်။

Beijing Vampire(Complete)Où les histoires vivent. Découvrez maintenant