Part-65

2.2K 329 22
                                    

(Unicode)  " မဖြစ်ဘူး "

ဖေးဟုန်လေး အသိစိတ်လွတ်ပြီး ရှောင်ကျန့်ကို အန္တရာယ်ပေးမှာ မလိုလားတဲ့ ရိပေါ်မှာ ခေါင်းက နာကြင်မှုတွေကိုလျစ်လျူရှုရင်း ကုန်းကျုံးထကာ ဖေးဟုန်လေးကို  တစ်ဖက်သို့ ပွေ့ဖက်ဆွဲလိုက်မိလေသည်။

" ဂါး. . . လွှတ်စမ်း. . လွှတ်စမ်း "

သူ ဒီလောက် ရိုက်ခွဲထားတာတောင် ရိပေါ်က ထပ်ထလာသေး၍ ဖေးဟုန်မှာ စိတ်မရှည်သည့်ပုံနှင့် ရိပေါ်ကို ထပ်ရန်တွေ့ဖို့ အတင်းရမ်းခါနေရာ ဘာတွေဖြစ်နေမှန်းမသိတဲ့ရှောင်ကျန့်တစ်ယောက် သူတို့အဖြစ်ကို ကြည့်ပြီး ဆွံ့အနေခဲ့သည်။

" ရိပေါ်. . ဘာတွေဖြစ်နေတာလဲ? ဖေး ဖေးဟုန် ဘာဖြစ်နေတာလဲ? "

" သူ အသိစိတ်လွတ်နေပြီ ကျန့်ကော. . တစ်ခုခုလုပ်ပါဦး "

သူလေး အတင်းရုန်းထွက်နေပေမယ့် ရိပေါ်မှာ အတတ်နိုင်ဆုံးကြိုးစားထိန်းထားရင်း ရှောင်ကျန့်ကို အကြံဉာဏ်တောင်းမိရာ ရှောင်ကျန့်လည်း ဖေးဟုန်လေး မျက်နှာကို လက်နှစ်ဖက်ဖြင့် တင်းတင်းကိုင်ကာ အကြည့်ချင်းဆုံစေလိုက်၏။

" ဖေးဟုန်. . ဒယ်ဒီနဲ့ပါပါးလေ. . ဖေးဟုန် မမှတ်မိတော့ဘူးလား? . . . ဖေးဟုန်. . . "

" မုန်းတယ်. . အားလုံးကို မုန်းတယ်. . ခင်ဗျားတို့ကို ပိုမုန်းတယ် "

ဘယ်လိုကနေ ဘယ်လို အသိစိတ်လွတ်သွားရယ် မသိပေမယ့် သူလေးကို အခုလိုမြင်ရတာ ရှောင်ကျန့်ရင်ထဲ မသက်မသာဖြစ်စေတာမို့ မျက်ရည်တွေ ချက်ချင်းဝဲတက်လာခဲ့ရသည်။ သူလေး ပါးစပ်ကနေလည်း တစ်ခါမှမကြားဖူးခဲ့တဲ့အဲ့ဒီမုန်းတယ်ဆိုတဲ့စကားကြောင့် ရှောင်ကျန့် တော်တော်နားမလည်နိုင်ဖြစ်ရ၏။

" ဘာလို့ ပါပါးတို့ကို မုန်းရတာလဲ? ပါပါးတို့ကို ဘာလို့မုန်းတာလဲ? ဖြေပါ ဖေးဟုန်လေးရဲ့။ ဖေးဟုန်လေး မုန်းတဲ့အရာကို ပါပါးတို့ ပြန်ပြင်ပေးမယ်လေ. . နော်. . အဲ့ဒီလို မဆိုးရဘူးလေ. . ဖေးဟုန် ဖေးဟုန် "

" အားးးး. . . တော်စမ်း. . ခင်ဗျားတို့ပါးစပ်ကို ပိတ်ထား. . သစ္စာမရှိတဲ့လူတွေ. . အားလုံးကိုသတ်ပစ်မယ်. . သတ်ပစ်မယ် "

Beijing Vampire(Complete)Where stories live. Discover now