Part-20

4.9K 650 22
                                    

(Unicode)  ~Humm~

တစ်နေရာမှာတော့ ခန္ဓာကိုယ်၌ နာကြင်ကိုက်ခဲမှုတွေနဲ့ ပြင်းထန်သောဝေဒနာတို့ ယုတ်လျော့သွား၍ ရှောင်ကျန့် နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့မိသည်။ သို့ပေမယ့် သူ၏နှုတ်ခမ်းပေါ်မှာ ပူနွေးနွေးနှင့် အပြန်အလှန်နမ်းနေမိသော အနမ်းတို့က အိပ်မက်လိုလို တကယ်လိုလို ခံစားလာရတော့ ရှောင်ကျန့်အိပ်ယာထဲမှ တိုးတိတ်စွာ ညည်းညူလာခဲ့သည်။

** ငါဘာတွေဖြစ်နေတာလဲ? **

ချိုမြိန်ဖွယ်ကောင်းသောထိုအနမ်းတွေကြားကနေ သူ၏လည်ပင်းထဲသို့ ချွဲပျစ်ပျစ်အရည်တွေစီးဝင်လာသောခံစားချက်နှင့်အတူ တံတွေးကိုမြိုချမိကာ မှေးစင်းနေသောသူ့မျက်ဝန်းတို့ ပြန်လည်ပွင့်ဟလာ၏။

** ငါဘယ်ရောက်နေတာလဲ? ဘာတွေဖြစ်ခဲ့တာလဲ **

သတိပြန်ဝင်လာတော့ အိပ်ယာတစ်ခုမှာ သူရောက်နေသည်ကို သိလိုက်ပြီး နူးညံ့တဲ့အနမ်းတွေကို သူဘယ်သူနဲ့နမ်းခဲ့လဲဆိုတာ ရေရေရာရာမသိတော့ပေ။ ရင်ထဲမှာလည်း ဟာတာတာနှင့် မျက်မှန်းတန်းမြင်နေရသည့် အပေါ်က အစိမ်းနုရောင်သုတ်ထားသည့်မျက်နှာကြတ်ကိုသာငေးကြည့်နေရင်း -

** ဒါ ငါ့အခန်းမဟုတ်ဘူး **

အခန်းကတော့ ခပ်ဆင်ဆင်ဆိုပေမယ့် မျက်နှာကြတ်အရောင်က ကွဲပြားနေတာမို့ သူ့အခန်းမဟုတ်မှန်းသိလိုက်သည်။ ဒါနဲ့ တစ်ဖက်ကို လှည့်ကြည့်မိတော့ စားပွဲပေါ်၌ ဘီးလုံးပြုတ်နေသည့်စတိတ်ဘုတ်လေးတစ်ခု တင်ထားသည်ကို တွေ့ရ၏။

ထိုပစ္စည်းလေးကိုမြင်တော့ သူ့ကြောင့်ကျိုးသွားခဲ့တဲ့ဝမ်ရိပေါ်ရဲ့ပစ္စည်းများသိလိုက်သည်မို့ အခန်းကလည်း ရိပေါ်အခန်းဆိုတာ ခန့်မှန်းလိုက်မိ၏။

** ဝမ်ရိပေါ် အခန်းလား? ငါ သူ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ? **

သေချာရေရာစွာ မှတ်မိသည်ကတော့ အရင်ညက သူ ထူးဆန်းတဲ့သတ္တဝါတစ်ကောင်၏ရန်စခြင်းကို ခံခဲ့ရပြီး အဲ့ဒီနောက် . . .

** ဝမ်ရိပေါ် ငါ့ကိုကယ်လိုက်တာလား? **

သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းမသိလိုက်တော့၍ သေချာပြန်တွေးရင်း အိပ်ယာကနေ ကုန်းကြုံးထလိုက်မိသည်။

Beijing Vampire(Complete)Where stories live. Discover now