Part-46

2.7K 375 30
                                    

(Unicode)  ရှောင်ကျန့် သူ့ကိုစိတ်ဆိုးမပြေသေးဘူးဆိုတာ သိပေမယ့် အခုလို မာကျောသောစကားတွေ ထွက်လာမည်မထင်တာမို့ သူ့စကားအဆုံးမှာ ရိပေါ်မျက်နှာငယ်လေးဖြစ်သွားရှာသည်။ ရှောင်ကျန့်ဆီက သူ့ကို ကြည့်တဲ့ခပ်စိမ်းစိမ်းအကြည့်တွေကြောင့် တစ်ကိုယ်လုံးမှာ ပူထူပြီး နှလုံးသားမှာ ဆစ်ခနဲ နာကြင်သွားရ၏။

" ပါပါး "

ကလေးလေးမှာလည်း ရှောင်ကျန့်ဆီက စကားကြောင့် နားမလည်ပဲ မော့ကြည့်လိုက်မိ၏။

" ငါတို့က ဘာလို့ မင်းနဲ့အတူနေရမှာလဲ ဝမ်ရိပေါ်။ ဖြေလေ။ တစ်ခါလှည့်စားခံရပြီးတာတောင် မမှတ်သေးပဲ မင်းနဲ့အတူ ထပ်နေရအောင် ငါအဲ့ဒီလောက်မတုံးအဘူး။ ဒါ AAတိုက်ခန်းလည်း မဟုတ်ဘူး။ ငါတို့ကို ဘယ်ခေါ်လာတာလဲ? "

ရိပေါ် သူ့ကိုကယ်တင်ခဲ့တယ်ဆိုတဲ့ အသိထက် ထပ်ပြီးအလှည့်စားမခံနိုင်တဲ့ရှောင်ကျန့်မှာ အိမ်ခန်းအပြင်အဆင်ကို မျက်စိကစားကြည့်ရင်း ထွက်သွားဖို့ ဆိုင်းပြင်နေခဲ့၏။

ဘယ်ကိုခေါ်လာရမှာလဲ ရှောင်ကျန့်ရယ်. . .

သူနဲ့ကလေးကို ဒုက္ခတွေထဲ မရောက်စေချင်တာမို့ သွေးစုပ်ကောင်အရှုပ်အရှင်း ကင်းသော ချောင်ရန်းနယ်လေးကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ အဲ့ဒီက အိမ်လေးတစ်အိမ်ကို ငှါးပြီး သူတို့ကို ဘယ်သူမှမသိအောင် ဖွက်ခဲ့ရတဲ့ ရိပေါ်ရဲ့ဒုက္ခကလည်း မသေးလှပေ။ ချစ်လွန်းလို့ ပြဿနာတွေကို ကြိုးစားပမ်းစား ရင်ဆိုင်ခဲ့ရပေမယ့် ရှောင်ကျန့်ရဲ့စိမ်းကားမှုတွေကြောင့် ရှေ့ဆက်ပြီး မလှမ်းချင်တော့လောက်အောင် စိတ်ဓါတ်ကျခဲ့ရလေသည်။

ဒါ့ကြောင့် ရှောင်ကျန့်၏မေးခွန်းများကို မျက်လွှာချကာ ဖြေကြားနေရင်း. . .

" အခု ချောင်ရန်းကို ရောက်နေတာ။ "

ချောင်ရန်းက သူတို့နေသည့်တိုက်ခန်းနှင့် အလှမ်းဝေးကွာလွန်းတာမို့ ဘာစိတ်ကူးနှင့် အခုလိုခေါ်လာတာမှန်း မသိ၍ ရှောင်ကျန့်မှာ အရမ်းဒေါသထွက်သွားခဲ့ရသည်။ မပြောမဆိုနှင့် သူလုပ်ချင်ရာလုပ်တဲ့ အဲ့ဒီရိပေါ်ကို လက်သီးနှင့် ထိုးပစ်ချင်စိတ် တဖွားဖွားပေါက်နေသည်မို့ ရှောင်ကျန့် လက်သီးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်၏။

Beijing Vampire(Complete)Where stories live. Discover now