Part-7

6.1K 868 7
                                    

(Unicode) သူမ၏စကားကို ကြားမှ ရှောင်ကျန့်လည်း သူ့ဗိုက်သူ ငုံ့ကြည့်မိရာ သူ့ဗိုက်မှာ ကိုယ်ဝန်သည်လို ဖောင်းထွက်နေတာတွေ့ရတော့ မျက်လုံးပြူးပြီး အလန့်တကြားဖြစ်သွားလေသည်။

" ဟာ?? မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒီလိုမဟုတ်ဘူး "

ကျဲကျဲဆီက ကလေးက ဘယ်လိုလုပ်သူ့ဆီရောက်မှာလဲလို့ တွေးကာ ခေါင်းအခါခါရမ်းရင်း သူ့ဗိုက်သူကြည့်ရင်း အထိတ်ထိတ်အပြာပြာ ဖြစ်သွားရသည်။

" ငါက ယောကျာ်းတစ်ယောက်လေ။ ဘယ်လိုလုပ် ကလေးမွေးမှာလဲ? မဟုတ်ဘူး။ ကျဲကျဲကလေးက ဘာလို့ငါ့ဆီရောက်နေမှာလဲ? မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး အားးးးးးးးးး "

သဘာဝကိုလွန်ဆန်နေသောအဖြစ်အား ရှောင်ကျန့်လုံးဝလက်မခံနိုင်၍ ခေါင်းတရမ်းရမ်းဖြင့် နှုတ်မှ ထိတ်လန့်စွာ ရေရွတ်နေမိသည်။

" ဆရာရှောင်။ ဆရာရှောင်. . .သတိထားပါဦး။ ဆရာရှောင် "

" မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါတကယ်မဟုတ်ဘူး "

မျက်လုံးကို စုံမှိတ်ကာ အထိတ်တလန့်နဲ့ အော်ဟစ်နေသောရှောင်ကျန့်ကို ဘေး၌ ထိုင်နေသော သူ၏တပည့်လေး ယွမ်ဖေးက ပုခုံးလှုပ်နှိုးလိုက်၏။

" ဆရာရှောင် မျက်လုံးဖွင့်ပါဦး။ ဆရာရှောင် "

ပြင်ပက အသံတို့ကို ကြားရမှ ရှောင်ကျန့်၏မျက်လုံးအစုံ ဖျတ်ခနဲပွင့်ဟလာခဲ့သည်။ နားထင်၌ လည်ပင်းတစ်ဝိုက်တွင် ထိတ်လန့်စရာအိပ်မက်ကြောင့် ချွေးများစိုရွှဲနေ၏။ သတိပြန်ဝင်လာမှ သူ၏မျက်မှန်းထက်၌ လင်းလက်နေသော မီးချောင်းတစ်လက်ကို ထိပ်တိုက်တွေ့လိုက်ရလေသည်။

** ငါ အိပ်မက်မက်နေတာပဲ! **

" ဆရာရှောင်။ ဆရာရှောင် သတိရလာပြီနော် "

ယွမ်ဖေးဆိုသည့် ကောင်လေးကတော့ သူ့ဘေးမှာ သတိလည်လာဖို့ တဖွဖွပြောနေရာ ထိုအခါမှ ရှောင်ကျန့် သူ့ဘက်ကို လှည့်ကြည့်မိ၏။

" ယွမ်ဖေး? မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ? ငါက ဘယ်ရောက်နေတာလဲ? "

သူနှင့် စိမ်းသော ကုတင်တစ်ခုနှင့်အတူ ဂျူတီကုတ်အဖြူများနှင့်ပြေးလွှားနေသောဆရာဝန်များကို မြင်ရတော့ သူဘယ်ရောက်နေသလဲဆိုတာ ယွမ်ဖေးကို မေးမိလေသည်။

Beijing Vampire(Complete)Where stories live. Discover now