Part-49

2.7K 366 32
                                    

(Unicode) အမှောင်ထုထဲ ဝါးမြိုထားသော တောနက်ထဲက အိမ်လေးမှာတော့ . . .
အေးစက်စက်အပြုံးတချို့နှင့် ပင်းတစ်ယောက် လက်ထဲ၌ ပန်းကန်တစ်ခုကို ကိုင်ထားရင်း အခန်းတံခါးတစ်ခုကို ဖွင့်ဝင်ခဲ့လေသည်။
ကျွီ~ ~

အိမ်ဟာ အိုဟောင်းနေပြီမို့ တံခါးက ပက်တာတွေချောင်နေကာ ဖွင့်လိုက်တိုင်း ခြောက်ခြားစရာကောင်းတဲ့အသံတချို့ကို ပေါ်ထွက်လာစေ၏။ သူ၏တံခါးဖွင့်သံကို ကြားတဲ့အခါ မီးဖိုရဲ့တစ်ဖက်က ကုတင်အစွန်းမှာ ကျောပေးပြီး ထိုင်နေသော အရိပ်တစ်ခုကို သူမြင်လိုက်ရသည်။ တစ်ဖက်ကတော့ သူ့ကို လှည့်ကြည့်ခြင်းမရှိသော်လည်း သူ့ရဲ့အပြုံးကို အတတ်နိုင်ဆုံးချိုမြိန်အောင် ပြုမူရင်း အထဲသို့ ဝင်လာခဲ့သည်။

" ဘာလို့ ထနေတာလဲ? ဒဏ်ရာက မသက်သာသေးပဲနဲ့ အိပ်နေတာမဟုတ်ဘူး။ "

ထို့နောက် ဆေးပိုက်တန်းလန်းနှင့် သူ့အနားသို့ ပင်း ဝင်ထိုင်လိုက်ပြီး ပန်းကန်ထဲက ဆန်ပြုတ်တို့ကို ဇွန်းဖြင့် မွှေလာသည်။ ပင်းက သူ့အနားသို့ လာထိုင်တော့ နဂိုကလို တက်ကြွတဲ့ပုံရိပ်တို့ ပျောက်ရှပြီး မှုန်သုန်နေသောမျက်နှာနှင့် ယွမ်ဖေးတစ်ယောက် ပင်းကို လှည့်ကြည့်လာ၏။

ကံသီ၍ သူအသက်မသေပဲရှိခဲ့သော်လည်း ချစ်ရသူက ဆိုးသွမ်းမြဲပဲ ဖြစ်နေတာမို့ ပင်းကိုချစ်ရတဲ့ ယွမ်ဖေးရဲ့နှလုံးသားတို့ဟာ ဆွေးမြေ့ပျက်စီးလုနီးပါးပင်။

" ရော့ ဆန်ပြုတ်လေး သောက်လိုက်ဦးနော်။ အဲ့ဒါမှ အားရှိမှာ "

သူ့ကို ယွမ်ဖေးက စိတ်ပျက်စွာ ကြည့်နေမှန်းသိသော်လည်း မျက်နှာပြောင်တတ်လွန်းသည့်ပင်းက ဘာပြဿနာမှ မရှိခဲ့သလို သူ့ကို ချော့မြူကာ ဆန်ပြုတ်ခွံ့တိုက်လာလေတော့ မစားချင်၍ တစ်ဖက်သို့ ယွမ်ဖေးလှည့်လိုက်မိသည်။

" မစားချင်ဘူး။ "

သူ့ကို လှည့်စားပြီး ဗီလိန်တစ်ဦးလို ကောက်ကျစ်တဲ့ပင်းကို ယွမ်ဖေး ဘယ်လို ဖြူစင်အောင် ပြန်လုပ်ပေးနိုင်မှာလဲ? လူယုတ်မာမှန်းသိသိနဲ့ ချစ်နေမိတဲ့နှလုံးသားဟာလည်း ပင်ပန်းနွမ်းနယ်နေလှပါပြီ။ အဲ့ဒါကြောင့် သူ ပင်းကို ဆက်မချစ်ချင်တော့ပါ။ ဒီတိုင်းပဲ သူ ထွက်ပြေးလွတ်မြောက်ချင်တာမို့ ပင်းကို ဥပေက္ခာပြုကာ သူ့ခြေချင်းဝတ်က သံကြိုးကိုသာ ငုံ့ကြည့်နေခဲ့၏။

Beijing Vampire(Complete)Where stories live. Discover now