Part-22

4K 623 10
                                    

(Unicode) နောက်တစ်နေ့ နံနက်မှာတော့ ပြင်းထန်စွာ ပူလောင်ခဲ့သော နွေရာသီကြီး အဆုံးသတ်တော့မည့်စဲစဲ ဖြစ်သည့်အတွက် ဆောင်းဦးကာလလေးသို့ မရောက်ခင် မိုးဖွဲလေးများက ကြားဖြတ် ရွာသွန်းလာခဲ့သည်။
အပူဓါတ်တွေလည်း လျော့နည်းလာပြီး အလွမ်းဝေသော ထိုမိုးဖွဲလေးများ ကျဆင်းနေသည့် မနက်ခင်း အချိန်တွင် တိုက်ခန်းလေးတစ်ခုထဲ၌ အတူ အိပ်ပျော်နေခဲ့ကြသော ရှောင်ကျန့်နှင့် ရိပေါ်။

ရိပေါ် ~ ~ ရိပေါ် ~ ~

ရိပေါ်မှာလည်း မိုးအေးတဲ့နေ့လေးတစ်နေ့မို့ တော်တော်အိပ်မောကျနေမိခဲ့ရာ အိပ်မက်ကမ္ဘာဆီက လှိုဏ်ခေါင်းသံကဲ့သို့ သူ့နာမည်ကို ထပ်တလဲလဲခေါ်နေသော မိန်းကလေးတစ်ယောက်၏အသံကို ကြားခဲ့လိုက်သည်။

" မမချင်ချင်းလား? မမ "

နားထဲသို့ စွဲကပ်လာသောထိုအသံဟာ သူ အမြဲတမ်းတနေမိခဲ့သည့်အသံပိုင်ရှင် ချင်ချင်းမို့ ရိပေါ်ချက်ချင်းပဲ မျက်လုံးကို ဖွင့်ကြည့်ခဲ့သည်။

" မမချင်ချင်း? "

ထိုအခါမှာ တစ်ဖက်၌ အဖြူရောင်ဝတ်စုံနှင့် သူ့ကို အပြုံးလေးတစ်ပွင့်ဖြင့် စီးကြိုနေသော သူချစ်ခဲ့မိသည့် ချင်ချင်းကို တွေ့လိုက်ရတော့ ရိပေါ် နှစ်လိုဖွယ်ကောင်းအောင် ပြုံးမိကာ သူမအနားသို့ ပြေးလာခဲ့မိသည်။

ထို့နောက် သူမကိုယ်လေးကို အလောတကြီး ပွေ့ဖက်လိုက်မိရာ ချင်ချင်းမှာလည်း သူ၏ရင်ခွင်ထဲသို့ နစ်ဝင်သွားခဲ့သည်။

" လွမ်းနေတာ မမချင်ချင်း။ အပြင်မှာ မဟုတ်ခဲ့ရင်တောင် ကျွန်တော့်ကို အိပ်မက်ထဲမှာ လာတွေ့ပေးလို့ အရမ်းကျေးဇူးတင်မိတယ်။ ကျွန်တော် မမကို အရမ်းလွမ်းတယ် "

မိုးရဲ့အငွေ့အသက်တွေက ရိပေါ်၏ရင်ထဲသို့ အလွမ်းဓါတ်တွေ ပြည့်နှက်လာစေပြီး မျက်ဝန်းထဲ၌ မျက်ရည်တွေ စီးကျလာခဲ့သည်။

" ကဲပါ။ ယောကျာ်းလေးဖြစ်ပြီး ဘာလို့ငိုနေရတာလဲ? တိတ်ပါ။ ကလေးလေးကျနေတာပဲ "

သူမျက်ရည်တွေ ကျလာတဲ့အခါ ချင်ချင်းဆိုသည့် မိန်းကလေးဟာ ပါးပြင်က မျက်ရည်တွေကို လက်ဖဝါးနုနုလေးဖြင့် သုတ်ပေးရင်း ဆုံးမနေကျစကားအတိုင်း ဆုံးမလာသည်။

Beijing Vampire(Complete)Where stories live. Discover now