Part-50

2.4K 346 18
                                    

(Unicode)  တစ်နေကုန်လုံး ပျော်ပျော်ပါးပါး ခေါက်ဆွဲလုပ်စားကြရင်း  အချိန်ကုန်သွားကာ ဖေးဟုန်လေးတစ်ယောက် ခုန်ပေါက်ဆော့ကစားထားသည့်အတွက် ညနေစောင်းမှာပဲ စောစောစီးစီး အိပ်ပျော်သွားခဲ့လေသည်။
ရိပေါ်ကတော့ သူလေးဗြောင်းဆန်အောင် ဆော့ထားသည့် ဖရိုဖရဲဖြစ်နေသောပစ္စည်းများကို သိမ်းဆည်းနေရင်း . . .
ရှောင်ကျန့်ကတော့ အိုးခွက်ပန်းကန်တချို့ကို ဆေးကြောသုတ်သင်နေခဲ့သည်။

ထိုစဉ် ရိပေါ်က ပစ္စည်းအရင်သိမ်းပြီးသွားကာ ရှောင်ကျန့်ရှိနေသော မီးဖိုခန်းဘက်သို့ ထွက်လာခဲ့၏။ ဘာအပြစ်မှမရှိပဲ ဖြူစင်လှတဲ့ရှောင်ကျန့်၏နောက်ကျောလေးကို ငေးကြည့်ရသည်က ရိပေါ်စိတ်ကို အေးမြကြည်နူးစေတာမို့ သူ့အနားသို့ အသာလေး လျှောက်သွားခဲ့လေသည်။
ရှောင်ကျန့်မှာတော့ ပန်းကန်ဆေးနေသည်ကို အာရုံရောက်နေ၍ သိပ်သတိမထားမိ။ ထိုအချိန်မှာပဲ သူ့ခါးလေးကြားထဲသို့ ရိပေါ်လက်ကို အသာလျှိုဝင်လိုက်ကာ အနောက်ကနေ သိုင်းဖက်လိုက်လေသည်။

" ရိပေါ် ? "

ခါးထက်မှာ နွေးထွေးတဲ့ပွေ့ဖက်မှုကို ခံလိုက်ရတော့ ရှောင်ကျန့်မှာ ကျောတွန့်ကာ အနောက်သို့ ခေါင်းလေးဝှေ့ပြီး လှည့်ကြည့်လိုက်၏။ ထိုအခါ ရိပေါ်က သူ့နောက်ကျောကပုခုံးလေးပေါ်မှာ မျက်နှာကိုအပ်ထားပြီး ပွတ်သီးပွတ်သပ်လုပ်လာခဲ့၏။

" ရိပေါ် ပန်းကန်ဆေးနေတာမပြီးသေးဘူး ဖယ်ဦး "

သူ့ကို ကြောင်လေးတစ်ကောင်လို လာပြီး ကပ်တွယ်နေလေတော့ ရှောင်ကျန့်မှာ နေရခက်ကာ သူ့ကိုရပ်ဖို့ တားလိုက်လေသည်။ ပုခုံးကို တွန့်ရင်း ရိပေါ်ကို ခါချနေသည့်ဟန်ပန်က အသည်းယားစရာကောင်းလွန်းတာမို့ ရိပေါ်တစ်ယောက် ရှောင်ကျန့်၏ပုခုံးသားတို့ကို သွားနှင့် ကိုက်ခဲလိုက်မိလေသည်။

" အား အား နာတယ်။ လွှတ်လို့ ရိပေါ် "

အရိုးပေါ်အရည်တင်နေသည့်သူ့ပုခုံးလေးမှာ ရိပေါ်၏သွားစွယ်တွေအောက် ကိုက်ခဲစားသုံးခံလိုက်ရတော့ ရှောင်ကျန့်မှာ နာလွန်း၍ ရိပေါ်ဆီကနေ အတင်းရုန်းထွက်လိုက်မိ၏။ ချစ်သူကို ညှင်ညှင်သာသာမလုပ်တဲ့ လူဆိုးကြီး . . .

Beijing Vampire(Complete)Where stories live. Discover now