Part-12

5.1K 719 11
                                    

(Unicode) မှောင်ရီပျိုးလာသည့် တစ်ခုသောည အချိန်မှာတော့ ရှောင်ကျန့်တို့ အလုပ်သိမ်းဖို့ ပြင်ဆင်နေခဲ့ကြသည်။

ဟင်း~ ~ ဟင်း~ ~

ရှောင်ကျန့်မှာ တစ်နေ့လုံး ခေါင်းတွေမူးဝေနေပြီး လည်ပင်းမှာ ခြောက်ကပ်ကပ်ဖြင့် နေမကောင်းထိုင်မကောင်းဖြစ်နေခဲ့သည်။ ဖျားနေသလားလို့ စစ်ကြည့်ပြန်သော်လည်း သူ့ကိုယ်အပူချိန်ဟာ တဖြည်းဖြည်း လျော့ကျသွားတဲ့အပြင် အေးစက်စက်နိုင်နေ၍ ရှောင်ကျန့် သူ့ကိုယ်သူ ဘာဖြစ်မှန်းမသိတော့ပေ။

ပြင်းထန်စွာအသက်ရှူသံတွေကို သူ့နားထဲသူ ပြန်ကြားရင်း အားတင်းကာ ဆိုင်သိမ်းနေခဲ့လေသည်။

" ဆရာရှောင် ကျွန်တော် ဒါလေး ဆေးပြီး ရေခဲသေတ္တာထဲ ထည့်လိုက်ဦးမယ်။ အရင်ပြန်ချင် ပြန်နှင့်နော် "

ထိုစဉ် ယွမ်ဖေးက သွေးတစ်စက်စက်စီးကျနေသော ကြက်အသေကောင် တစ်ကောင်ကို ဆွဲမကာ သူ့ကိုအရင်ပြန်ဖို့ပြောလာခဲ့သည်။ ရှောင်ကျန့်မှာ ထိုကြက်လည်ပင်းက သွေးတွေကို မြင်လေတော့ မျက်ဝန်းထဲ တရိပ်ရိပ်ဖြစ်ကာ ခြောက်ကပ်နေသောလည်မြို၌ တံတွေးတစ်ချက်မြိုချလိုက်မိသည်။

** ငါ ဘာဖြစ်ချင်နေတာလဲ? သွားလာလှုပ်ရှားရတာ အဆင်မပြေသလိုပဲ။ ဗိုက်ကလည်း တစ်နေ့တစ်ခြား ပိုဖောင်းလာတယ်။ ငါ ဘာရောဂါဖြစ်နေတာပါလိမ့် **

" ဆရာရှောင်။ ဆရာရှောင် ကျွန်တော်ပြောတာကြားရဲ့လား? "

ရှောင်ကျန့်အတွေးလွန်နေမိစဉ် ယွမ်ဖေး၏သတိပေးစကားကိုကြားမှ ဟိုယောင်ယောင်သည်ယောင်ယောင်နှင့် ခေါင်းငြိမ့်ပြလိုက်၏။

" အင်းအင်း "

" ဆရာရှောင် နေမကောင်းဘူးနဲ့တူတယ်။ အပြန် ကျွန်တော်လိုက်ပို့ရမလား? "

" ရတယ် ယွမ်ဖေး။ ငါ့ဘာငါ ပြန်လိုက်မယ်။ သွားပြီ "

ဆိုင်ခန်းတစ်ခုလုံး သေချာသိမ်းဆည်းပြီးတာကြောင့် ယွမ်ဖေးကို အလုပ်မပိုစေချင်တာနဲ့ သူတစ်ယောက်တည်းသာ အိမ်အပြန်လမ်းကို ဖြတ်သန်းလာခဲ့လေသည်။

ရှပ်~ ရှပ်~ ရှပ် ~

ဒီလိုနဲ့ တစ်ယောက်တည်း သူ ကြိုးစားပြီး လျှောက်လှမ်းနေရာ လူအလာနည်းသောလမ်းကြားလေးတစ်ခုသို့ ရောက်လေတော့ အနောက်ကနေ တစ်ယောက်ယောက်လိုက်လာသလို ခံစားမိ၍ အနောက်သို့ လှည့်ကြည့်စစ်ဆေးမိ၏။

Beijing Vampire(Complete)Where stories live. Discover now