Part-44

2.9K 414 23
                                    

(Unicode)  Nက သူ့ကို စကားလမ်းလွှဲဖို့ လုပ်နေစဉ် ရိပေါ်ကတော့ ကလေးလေးကို မျက်စပစ်ကာ အချက်ပေးနေပါပြီ။

" Vampireနှိမ်နင်းတဲ့သူတွေက vampireကို မုန်းတီးလို့ဆိုတာ မင်းမပြောတောင် အားလုံးသိနေတဲ့အချက်ပဲလေ . . ဒါကို ဘာတွေလာပြီး စစ်ဆေးနေတာလဲ? "

" အင်း။ ဟုတ်တယ်။ ကျွန်တော် Vampireကို မုန်းတယ်။ ခင်ဗျားကိုလည်း မုန်းတယ်။ အဲ့ဒါကြောင့် ခင်ဗျားကို သတ်ပစ်မယ် . . "

ရိပေါ်လည်း Nကို ကြိမ်ဆဲပြီး Nတက်နင်းမထားတဲ့ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ . .
. . mama . . .
အလိုက်သိလွန်းလှတဲ့ကလေးလေးက လက်ထဲက ဓါးကို ရိပေါ်ဆီ လှမ်းပစ်လိုက်လေသည်။

" မဟုတ်ဘူး . "

ကလေးကို လျှပ်တပြတ် သတိမေ့သွားတဲ့Nမှာ ဓါးကို ကြားဖြတ်တားလိုက်ပေမယ့် ရိပေါ်လက်ထဲမှာ ဓါးက ရောက်သွားခဲ့ပါပြီ။
ဓါးရတာနှင့် ချက်ချင်းပဲ သူ့ရှေ့မှာရပ်နေသည့်N၏ခြေထောက်ကို လှမ်းဖြတ်လိုက်ရာ Nရှောင်လိုက်ပေမယ့် ဒူးခေါက်ကွေးကို ဖြတ်ရှသွားတော့သည်။
အ! . .

ဒူးခေါက်ကွေးက ခြေထောက်မှာ အဓိကဖြစ်တာမို့ Nမှာ ယိုင်လဲမတတ်ဖြစ်သွားစဉ် ရိပေါ် မနည်းကုန်းကြုံးထပြီး Nကို ပိုင်းဖြတ်ဖို့ ကြံတော့၏။

" သေရမှာက ခင်ဗျား "

အနည်းငယ် ယိုင်လဲသွားသော N၏လည်ပင်းကို ဖြတ်တောက်လိုက်ချင်ပေမယ့် နာကြင်နေတဲ့သူ့ရဲ့လက်တွေမှာ ချိန်တာနှင့်မကိုက်ပဲ N၏ ရင်ဘတ်ကို တစ်စောင်းအနေအထား ခုတ်မိသွားလေသည်။
အော့~ . .

ပြင်းထန်သောဓါးဒဏ်ကို ထိမိသွာတဲ့Nမှာ ချက်ချင်းဆိုသလို ပါးစပ်ထဲကနေ သွေးတွေ အန်ထွက်လာခဲ့သည်။ ရိပေါ်မှာတော့ သူ့ခန္ဓာကိုယ်က ထိခိုက်ဒဏ်တွေကြောင့် မတ်တတ်ကောင်းကောင်းမရပ်နိုင်ပဲ ယိမ်းယိုင်နေခဲ့ပေမယ့် Nကိုတော့ ကြိုးစားအနိုင်ယူခဲ့၏။

ဘုတ်! . .

ငွေဓါး၏ဒဏ်ကို မခံနိုင်တဲ့Nမှာ ပူလောင်ပြီးနာကြင်တဲ့ဒဏ်ကို တမြေ့မြေ့ခံစားရင်း ကြမ်းပြင်ပေါ်ဒူးထောက်လျှက်လဲသွားလေ၏။ ဒါ့အပြင် ရိပေါ်၏ဓါးဖျားဒဏ် ဟပ်သွားတဲ့သူ၏ မျက်နှာဖုံးတစ်ခြမ်းမှာလည်း ကြမ်းပြင်သို့ ပြုတ်ကျသွားလျှက်။

Beijing Vampire(Complete)Where stories live. Discover now