Part-41

2.8K 429 59
                                    

(Unicode) ရုတ်တရက် ထိုကောင်လေးဆီက အခေါ်ခံလိုက်ရတဲ့နာမည်တစ်ခုကြောင့် Nရင်ထဲ အထိတ်ထိတ်အပြာပြာဖြစ်သွားပြီး ရဲတက်နေတဲ့သူ၏မျက်ဝန်းတို့ဟာလည်း ဂနာမငြိမ်ဖြစ်လာလျှက်။

" ကျွန်တော် အားလုံးသိပြီးပါပြီ အကိုပင်း. . . "

ယွမ်ဖေးကတော့ သူ့ကိုအမျိုးမျိုးလှည့်စားထား၍ Nကို စိတ်နာနေသည့်ပုံစံနှင့် ချက်ချင်းဆိုသလို Nမျက်နှာထက်က မျက်နှာဖုံးကို ဖက်ခနဲ လက်နဲ့ရိုက်ချခဲ့လိုက်သည်။
ပုံမှန်ဆို သူ့အကြံအစည်တွေသိသွားတဲ့လူကို ဂုတ်ချိုးသတ်ပစ်ချင်သတ်ပစ်မိမှာဖြစ်သော်လည်း သူ့ရှေ့မှာ ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်နှာဖုံးကို ခွါချပစ်လာတဲ့ယွမ်ဖေးကိုတော့ သူဘာမျှမလုပ်နိုင်ပေ။

ကွာကျသွားတဲ့မျက်နှာဖုံးရဲ့နောက်မှာတော့ Nဟာ ပင်းဖြစ်နေခဲ့တာ သေချာသွားပြီမို့ ယွမ်ဖေး နှလုံးသားတွေကွဲကြေလုမတတ် ခံစားခဲ့ရလေ၏။

" ခင်ဗျားပြောတော့ မရက်စက်တော့ပါဘူးဆို။ လူတွေကို ဒုက္ခမပေးတော့ပါဘူးဆို။ အခုတော့ ခင်ဗျားက ကျွန်တော့်ကို လှည့်စားထားတဲ့အပြင် လူတွေအားလုံးကို ဒုက္ခရောက်အောင် လုပ်နေတာပါပဲလား။ "

Nကို ခါးခါးသီးသီး အော်ဟစ်ပြောဆိုရင်း ရန်ထောင်နေခဲ့ရာ Nဆီက ဘာမှဖြေရှင်းချက်အသံပြန်မလာပဲ ခေါင်းငုံ့ခံနေခဲ့သည့်ပုံရိပ်တွေကို လဲကျနေသော ရှောင်ကျန့်တစ်ယောက် တဝိုးတဝါး မြင်နေခဲ့ရလေသည်။

** ယွမ်ဖေးပါလား? ငါ့ကိုတောင် အလဲကိုင်ပေါက်နိုင်တဲ့Vampireကြီးက ဘယ်လိုဖြစ်လို့ ယွမ်ဖေးလေးကို ထိတ်လန့်နေတာလဲ? **

သူတို့ရဲ့ဆက်ဆံရေးကို မသိခဲ့တဲ့ရှောင်ကျန့်မှာ သူတို့၏ပုံရိပ်တွေကို မှေးစင်းနေသောမျက်ဝန်းများကြား အားတင်းပြီး စိုက်ကြည့်နေခဲ့ရာ မျက်ရည်များပြည့်နှက်နေတဲ့ယွမ်ဖေးက လဲကျနေသောသူ့ကို စာနာစိတ်အပြည့်နှင့် လှည့်ကြည့်လာခဲ့၏။
ထို့နောက် ယွမ်ဖေးခြေလှမ်းတွေဟာလည်း သူ့ဆီသို့ လျှောက်လှမ်းလာခဲ့ရာ. .

" မသွားနဲ့ ယွမ်ဖေး "

Nက သူ့ကို မသွားစေချင်သည့်ပုံနှင့် သူ့လက်ကို ဆွဲကိုင်တားထားလိုက်သည်။ ထိုအခါ ယွမ်ဖေးက သူ့ကို မုန်းတီးနေသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း သူ့လက်ကို အတင်းဆွဲထုတ်လာ၏။

Beijing Vampire(Complete)Where stories live. Discover now