Part-15

5.2K 729 26
                                    

(Unicode)  ~ ဝှစ် ~ ~

ရှောင်ကျန့်မှာတော့ ခြေလှမ်းတွေ လေးလံနေ၍ ရှေ့ဆက်လှမ်းဖို့ပင် အားမရှိ အင်မရှိဖြစ်နေစဉ် သူ့နောက်ကျော၌ လေဟပ်သလို ဖျတ်ခနဲ အသံကြားလိုက်မိ၍ အနောက်ကို တစ်ချက်လှည့်ကြည့်မိပြန်သည်။

" ဝမ်ရိပေါ်။ မင်းမလား? မင်းကို ငါ့နောက် မလိုက်ဖို့ ပြောထားတယ်လေ။ မင်းရဲ့ သက်သေကိုလည်း ငါမကြည့်ချင်ဘူး။ Vampireကိုလည်း ငါမယုံဘူးနော် "

အနောက်မှာ တစ်ယောက်မှ မရှိပေမယ့် ရိပေါ်ဟုထင်မှတ်ကာ ရှောင်ကျန့် ပြန်အော်ပြောပစ်၏။

~ ~ ခစ်ခစ်ခစ်ခစ် ~ ~ ~

သူ့စကားသံရဲ့အဆုံး၌ ပဲ့တင်ထပ်သံလို စူးရှရှရယ်သံတချို့ပေါ်လာ၍ သူ လေးဘက်လေးလံ ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ကြည့်လိုက်မိသည်။

" ဘယ်သူလဲ? ဘာလို့ရယ်နေတာလဲ? "

~ ~ ကိုယ်သင်းနံ့လေးက ပြင်းရှရှနဲ့ တကယ်စားချင်စရာလေးပဲ ~ ခ်ခ်ခ် ~

သူ့ကိုတစ်ခုခုလုပ်ပစ်ဖို့ စိတ်ဆန္ဒပြင်းပြနေသည့်အသံကြောင့် ရှောင်ကျန့်မှာ ထိတ်လန့်လာပြီး မျက်စိကစားကာ ထိုအသံပိုင်ရှင်ကို ရှာနေမိသည်။

" ဘယ်သူလဲ? ဝမ်ရိပေါ် မင်းမလား? ငါ့ကို Vampireရှိတာ ယုံစေချင်လို့ အခုလို အကြံထွင်နေတာလား? ဇာတ်လမ်းမထွင်နဲ့ကွာ။ ငါပင်ပန်းနေတယ် "

~ ~ အင်း။ ငါတို့က တကယ်ရှိတယ်လေ ~ ~

ရှောင်ကျန့်ပြောနေစဉ် အမှောင်ကျသည့်တစ်ဖက်ခြမ်းမှ နီရဲသောမျက်ဝန်းများနှင့် မာန်ဖီနေသောသွားများရှိနေသည့် ကြောက်စရာလူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုမျက်ဝန်းတွေကို မြင်တော့ ရှောင်ကျန့်မှာ စစ်ရန်ကျဲ၏မျက်ဝန်းများကို ပြန်သတိရမိကာ ကြောက်စိတ်တွေပြည့်နှက်လာခဲ့၏။
s
" ခင် ခင်ဗျားက ဘယ်သူလဲ? ဘာလို့ ကျွန်တော့်ကို နောက်ယောင်ခံလိုက်နေတာလဲ? "

" ငါက ဆာလောင်မှုကို ဖြေဖျောက်ဖို့ မင်းအနောက်ကို လိုက်နေတဲ့ Vampireတစ်ကောင်ပဲ "

ထိတ်လန့်ဖွယ်ရာ ပြောဆိုလိုက်သောစကားတွေကြောင့် ရှောင်ကျန့်မှာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ ခြေလှမ်းတွေ အနောက်သို့ဆုတ်လိုက်မိသည်။
သူ ယုံကြည်မှုမရှိခဲ့သော Vampireတစ်ကောင်ကို အခုလို ထိပ်တိုက်တွေ့လိုက်ရတော့ ဘာလုပ်ရမှန်းမသိပဲ ခြေထောက်တွေတုန်လာခဲ့သည်။

Beijing Vampire(Complete)Место, где живут истории. Откройте их для себя