Part-40

2.9K 437 28
                                    

(Unicode)  TiTi

ရိပေါ်နှင့် ဝေးရာသို့ ခြေဦးတည်သွားနေတဲ့ ရှောင်ကျန့်မှာ အေးစက်မှုများအဖော်ပြုနေတဲ့အမှောင်ယံညထဲ၌ ဝမ်းနည်းပက်လက် ငိုကြွေးနေရင်း. . .တစ်စုံတစ်ဦးဆီသို့ ဖုန်းဆက်နေမိခဲ့သည်။
" ဟဲလို "
တစ်ဖက်က တည်ကြည်စွာ ပြန်ဖြေလာသည့် ယောကျာ်းတစ်ယောက်၏အသံကို စတင်ကြားလာရတဲ့အခါ ပါးပြင်ပေါ် စီးကျနေသောသူ့မျက်ရည်တို့ကို ခပ်မြန်မြန်သုတ်ကာ လည်ချောင်းကိုရှင်းလိုက်ပြီး ဖုန်းကို ရှောင်ကျန့် ပြန်ဖြေလာခဲ့၏။

" ဟို. . ငါ့ကို အမြဲမက်ဆေ့ပို့နေတာ မင်းမလား? ဘာလို့လဲ? ဘာကြောင့် မက်ဆေ့တွေပို့နေခဲ့ရတာလဲ? ငါ့ကို အမှန်တိုင်းဖြေပေးပါ "

သိချင်စိတ်တွေ ထိန်းမထားနိုင်တဲ့ရှောင်ကျန့်ဆီက ဖုန်းကောကို ရရှိခဲ့တဲ့ သားသတ်သမားဂျင်ဟာ Nဆီသို့ ဖုန်းလွှဲထားခဲ့ပါသည်။

ဂျောင်း~

" ပါပါး. . အဟင့်ဟင့်ဟင့် "

တစ်ဖက်မှာက သူတို့မျှော်လင့်စောင့်စားနေတဲ့အချိန်ကို ရောက်လာပြီမို့ ကလေးလေးအား နွားဖမ်းထည့်သည့်လှောင်ချိုင့်တစ်ခုထဲသို့ သော့ခတ်ကာ ထည့်လိုက်သည့်အသံရယ်. . . ကလေးတစ်ယောက်၏သနားစဖွယ် ငိုကြွေးသံရယ်ကို ဖုန်းထဲကနေတစ်ဆင့်ကြားလိုက်ရသော ရှောင်ကျန့်ရင်ထဲမှာ တထိတ်ထိတ်ရယ်သာ။

" vampireလေးတစ်ကောင်ကို မွေးထားပြီး စွန့်ပစ်သွားတဲ့လုပ်ရက်ကို မတရားသလို ခံစားရလို့ ပို့နေတာပါကွာ။ ဘာလဲ မကျေနပ်ဘူးလား? "

တစ်ဖက်လူရဲ့စိတ်ကို ခြောက်ခြားသထက် ပိုခြောက်ခြားအောင် ပြောဆိုတတ်တဲ့Nစကားတွေကြောင့် ရှောင်ကျန့်နှလုံးသားလေးမှာ ယိုင်လုမတတ် ထိခိုက်သွားရကာ တုန်တုန်ရီရီဖြင့် ပြန်မေးလိုက်မိသည်။

" စွန့်မပစ်ပါဘူး။ အဲ့ဒါက အလှည့်စားခံလိုက်ရလို့ပါ။ ငါ ရက်စက်တဲ့လူတစ်ယောက် မဟုတ်ပါဘူး။ ကလေးကို ငါတွေ့ချင်တယ်။ "

" မင်းရဲ့စိတ်ကို ငါနားလည်ပါတယ်။ လိပ်စာပို့လိုက်မယ်။ လာတွေ့လှည့်လေ။ ပြေရာပြေကြောင်း ညှိကြတာပေါ့ "

Beijing Vampire(Complete)Where stories live. Discover now