Part-30

3.6K 500 20
                                    

(Unicode)  ဒိန်း~ ~

ရိပေါ်ရဲ့စကားတွေကြားက သူရုန်းထွက်ဖို့ကြံမိပြန်သော်လည်း အသံငယ်လေးနှင့်ခေါ်လာသောနာမည်လေးတစ်ခွန်းကြောင့် ရှောင်ကျန့်နှလုံးသားဟာ အပြင်သို့ပေါက်ထွက်မတတ် ခုန်မြန်သွားပြီး ခေါင်းတစ်ခုလုံး အပူငွေ့တွေဆောင့်တက်လာခဲ့ရသည်။ ရိပေါ်လက်ထဲကလည်း ဆက်မရုန်းမိပဲ ငြိမ်ငြိမ်လေးရပ်နေမိရာ အဲ့ဒီနာမည်လေးကို သူကြိုက်သွားပြီလို့ ရိပေါ်ယူဆပါသည်။

" ဘယ်လိုလဲ? ကြိုက်တယ်မလား? မင်းက ငါ့ထက် ကြီးတယ်ဆိုတော့ အဲ့ဒီလိုပဲ ခေါ်ပေးရမလားဟင်? ကျန့်ကော "

သူထပ်ခါတလဲလဲခေါ်တိုင်း ရှောင်ကျန့်မှာ ဓါတ်ကြိုးကိုတက်နင်းမိထားသလို နှလုံးသားက ဓါတ်လိုက်နေပြီမို့ ရိပေါ်လက်ကို ချက်ချင်းဆွဲခါချလိုက်မိ၏။

" ဝမ်ရိပေါ် မင်း ဘာတွေဖြစ်နေတာလဲ? ရုပ်တည်ကြီးနဲ့ လျှောက်စမနေနဲ့။ ပြီးတော့ မင်းလိုယောကျာ်းတစ်ယောက်က ငါ့ကိုချစ်တယ်ဆိုတာ မင်းသပ်သပ်မဲ့လုပ်ယူနေတာပဲဖြစ်လိမ့်မယ်။ တော်တော့ကွာ။ "

" အချစ်မှာ အဲ့ဒီလိုတွေမှ မရှိတာ။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ကျန့်ကောကို တကယ်ချစ်သွားမယ်လို့။ "

ပြောမိခါမှ ဟိုက တရိုတသေဖြင့် ချစ်ခွင့်ပန်နေပြန်တော့ ရှောင်ကျန့်ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ပေ။

" ဘာတွေပြောနေမှန်းမသိ။ ဟာ ရိပေါ် "

အတွေးဝေဝေနှင့် ရှောင်ကျန့်ညည်းတွားမိစဉ် ရိပေါ်က သူ့ကိုလှမ်းဆွဲကာ ပေါင်ပေါ်သို့ ထိုင်စေလိုက်၍ ရှောင်ကျန့်ပြန်ထဖို့ ကြံမိသည်။ သို့သော်လည်း သူ့ခါးလေးကို အသာထိန်းထားတာကြောင့် ရှောင်ကျန့်ထမရပဲ မျက်လုံးလေးပေကလက်ပေကလက်ဖြင့် သူ့ကိုမော့ကြည့်နေသောရိပေါ်ကို ရင်မဆိုင်ရဲဖြစ်သွားရသည်။

" အဲ့ဒီမှဲ့လေးကနေ ကျွန်တော့်ရင်ခုန်သံတွေ စတင်ခဲ့တာပါ ကျန့်ကောရယ်။ ကျွန်တော့်ကို ပြန်ချစ်ပေးပါလားဟင်? "

" ရိပေါ် တော်တော့ကွာ။ ဖယ်လို့ "

" မဖယ်ပေးဘူး။ ချစ်တယ်ပြောရင် ဖယ်ပေးမယ် "

Beijing Vampire(Complete)Where stories live. Discover now