Part-71

2.6K 340 15
                                    

(Unicode)  အမှောင်ထဲမှာ အထီးကျန်စွာ ခိုအောင်းနေသော သူတစ်ယောက်ဟာ ယွမ်ဖေးကို မြင်တာနဲ့ ကလေးဆန်သောအပြုံးလေးတစ်ခုဖြင့် စတင်စီးကြိုလာရာ . . ထိုအပြုံးလေးက ယွမ်ဖေးရင်ကို ချက်ချင်းဆိုသလို အေးချမ်းသွားစေခဲ့သည်။

" ခင်ဗျား သောက်ဖို့ သွေးဝယ်လာတယ်။ ဒါပေမယ့် အဲ့ဒါက နောက်မှ။ အခု ပြစရာရှိသေးတယ် "

ထို့နောက် ပြောပြောဆိုဆိုနှင့် ကုတင်ဘေးက စားပွဲတစ်ခုမှာ သွေးခွက်ကို ချထားပြီး သူဝယ်လာတဲ့အင်္ကိျီကို အရင် ဖြန့်ပြတော့၏။

" ဒါဒါ~. . . ကျွန်တော် ခင်ဗျားအတွက် ဝယ်လာတာ။ အရောင်လေးက ခင်ဗျားနဲ့ လိုက်မယ်ထင်လို့ . . ဝတ်ကြည့်ပါလားဟင် "

" ဟုတ် "

ယွမ်ဖေးက သူ့ကို အင်္ကိျီဝတ်ခိုင်းလေတော့ သူ့စကားကို ကလေးတစ်ယောက်လို နားထောင်ပြီး သူဝတ်ထားတဲ့အင်္ကိျီကို ချက်ချင်းချွတ်ချလိုက်လေသည်။ ထို့နောက် ယွမ်ဖေးဆီက အင်္ကိျီကို လှမ်းယူလေတော့ ယွမ်ဖေး မပေးသေးပဲ အနည်းငယ် တင်းမာနေသောမျက်နှာနှင့် သူ့ကိုစိုက်ကြည့်လာတော့၏။
ထိုလူမှာတော့ ယွမ်ဖေးအကြည့်ကြောင့် မျက်နှာတစ်ခုလုံး ညှိုးငယ်ပြီး နှုတ်ခမ်းလေး စူသွားခဲ့လေသည်။

" ဘာလို့ ကိုယ့်ကို အဲ့ဒီလို ကြည့်တာလဲ? "

" ကျွန်တော် ခင်ဗျားကို ဘာပြောထားလဲ? ကျွန်တော်နဲ့ခင်ဗျားနဲ့က ချစ်သူတွေ. . အဲ့ဒါကြောင့် အရမ်းလိမ်မာနေဖို့ မလိုဘူးလို့ . . ဝတ်ကြည့်ဆို အင်း လို့ပြောပေါ့။ ဘာလို့ ကလေးတစ်ယောက်လို ဟုတ် လို့ပြောနေတာလဲ? "

တစ်ဖက်လူဟာ ကိုယ့်ထက်ငယ်တဲ့ကောင်လေးတစ်ယောက်ရဲ့စကားကိုပင် ဘယ်လိုပြန်တုံ့ပြန်ရမလဲ မသိလောက်အောင် အသိဉာဏ်မရှိသောလူများလားဟုပင် ထင်ရအောင် တုံးသည်။

" အင်းပါ။ နောက်ဆို ကိုယ်အဲ့ဒီလို မပြောတော့ပါဘူး "

ယွမ်ဖေး သင်ကြားပေးမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မှတ်သားရင်း ယွမ်ဖေးပေးတဲ့အင်္ကိျီကို ဝတ်ပြလာခဲ့သည်။

" ဘယ်လိုနေလဲ? "

ယွမ်ဖေးမှန်းထားတဲ့အတိုင်း ထိုအနွေးထည်ဟာ သူနှင့်တစ်ထပ်တည်းကျပြီး လိုက်ဖက်နေသည့်အပြင် သူလည်းသဘောကျမိတာမို့ ချစ်ဖို့ကောင်းသောအပြုံးလေးဖြင့် မေးလာခဲ့ရာ . . သူ့အပြုံးကို ကြည့်ရင်း တစ်ချိန်က အမြဲတမ်းအေးစက်စက်နှင့်ကောက်ကျစ်သည့်အပြုံးတို့ကို သတိရမိသွားတော့သည်။

Beijing Vampire(Complete)Where stories live. Discover now