Part-31

3.4K 515 22
                                    

(Unicode) ရှောင်ကျန့်မှာ တုန်ရီစွာပြောလာသောအသံလေးကနေ ရိပေါ်ကို စိုက်ကြည့်မိတော့ သူ့ပါးပြင်ပေါ်က မျက်ရည်စတွေကို မြင်လိုက်ရတဲ့အခါ ရင်ထဲ အောင့်သက်သက်နှင့် မွန်းကြပ်သွားရ၏။

" အခုက အဲ့ဒါငိုနေတာလား? "

" မသိတော့ဘူး "

ရှောင်ကျန့်မေးမှ သူမျက်ရည်တွေကျနေမှန်းသိပြီး လက်ခုံနဲ့ဖိပွတ်ကာ မျက်နှာလွှဲလိုက်မိသည်။

** ကျွန်တော် သူ့ကို ဘာတွေများ ပြုစားလိုက်မိလို့ အဲ့ဒီလောက်တောင် ဖြစ်သွားရတာလဲ? မငိုပါနဲ့။ မင်းငိုနေတာမြင်ရင် ငါမခံစားနိုင်ဘူး။ တကယ်ပဲ သူ ကျွန်တော့်ကိုချစ်နေတာများလား? **

ရိပေါ်ရဲ့အချစ်စိတ်ကြောင့် ပြောင်းလဲသွားတဲ့ပုံက ထူးဆန်းလွန်း၍ ရှောင်ကျန့် မယုံကြည်နိုင်သေးတာ အခုထိပင်။ လောလောဆည်တော့ သူရှေ့မှာ ငိုမိသွားတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်နေရခက်ကာ စိတ်ကိုလျှော့ဖို့ တွေးလိုက်မိသည်။

" ငါ့ ငါ့ကို စိတ်မချရင် မင်းလည်းလိုက်ခဲ့လေ။ ပြောတော့ ငါ့ကိုကာကွယ်ပေးမယ်ဆို။ အဲ့ဒါဆို ဈေးကို အတူတူသွားကြတာပေါ့။ ရှောင်ကျန့်သွားရင် ကျွန်တော်လည်း လိုက်ခဲ့မယ်လို့ မပြောပဲ မသွားရဘူးချည်းပဲ ဇွတ်ပြောနေလို့ မင်းခံစားရတာပေါ့။ အလိုက်လည်းမသိဘူး "

ရှောင်ကျန့်ဘက်က ပြန်ပြီးအထာပေးလာမှ ရိပေါ်တစ်ယောက် အရောင်လဲ့သွားသောမျက်ဝန်းလေးများဖြင့်ပြန်ကြည့်ရင်း ခေါင်းငြိမ့်ပြလာသည်။

" အင်း။ အပြင်မထွက်ရပဲ အိမ်ထဲအောင်းနေရလို့ ကျန့်ကော မွန်းကြပ်နေမယ်ဆိုတာ ကျွန်တော် မေ့သွားတယ်။ ပွဲတော်တစ်ရက်တလေတော့ ကျွန်တော် လိုက်ပို့ပါ့မယ်။ ဒါပေမယ့် ကျွန်တော့်ကို အသိမပေးပဲ ကျန့်ကော လျှောက်မထွက်ပါနဲ့နော် "

" သွားမယ် လာ "

ကိုယ့်ဘာကို စိတ်ဆိုးပြီး ကိုယ့်ဘာကိုပဲ ပြန်ကျေနပ်လိုက်ရကာ ရှောင်ကျန့်ကို ဈေးသို့ လိုက်ပို့ပေးဖို့ သူဆုံးဖြတ်လိုက်မိသည်။
ရိုးရာခေါက်ဆွဲအတွက် ပါဝင်တဲ့ပစ္စည်းမျိုးစုံက mallက အတန်းတွေမှာပဲ ရနိုင်တာမို့ သူတို့နှစ်ယောက် အတူတူ ဆိုင်ကယ်လေးစီးရင်း ထွက်လာခဲ့ကြသည်။

Beijing Vampire(Complete)Where stories live. Discover now