Part-26

3.7K 525 56
                                    

(Unicode) တာဝန်ကျေသည့်စကားကို ပြောလိုက်ပေမယ့် ရိပေါ် စိတ်ထဲမှာတော့ မပါပေ။ သို့သော် ပင်းကတော့ သူ့စကားကို ယုံကြည်လိုက်ကာ အသက်မပါသော အပြုံးဖြင့် နှုတ်ဆက်လာခဲ့သည်။

" ဝမ်ရိက တာဝန်ကျေတတ်မှန်း သိပါတယ်။ အခု ကိုယ် ဒီကောင်လေးကို ပြန်ပို့ရဦးမယ်။ သွားပြီနော် "

" ဟုတ်။ ကျွန်တော်လည်း ပြန်ဦးမယ် ဆရာပင်း "

ရိပေါ်လည်း ဒီနေ့ meetingမှာ အရမ်းစိတ်မွန်းကြပ်ခဲ့ရ၍ စကားလမ်းဖြတ်ကာ ပင်းကို နှုတ်ဆက်ပြီး လှည့်ထွက်သွားလေသည်။ ရိပေါ်က တစ်ဖက်သို့ လှည့်ထွက်သွားတော့ ပင်းလည်း သူတို့လာလမ်းအတိုင်း ယွမ်ဖေးကိုပြန်ပို့ဖို့လုပ်ရာ ယွမ်ဖေးဟာ ရိပေါ် နောက်ကျောကို ငေးရင်း မတ်တတ်ကြီး ကျန်ရှိနေခဲ့သည်။

** အကိုရိပေါ်က Nကို တကယ်ဖမ်းတော့မှာထင်တယ် **

" ယွမ်ဖေး. . ပြန်မယ်လေ "

သူ့နောက်က ယွမ်ဖေးကပ်ပါမလာတော့ အရမ်းငူငိုင်နေတတ်သည့်ထိုကောင်လေးအား ပင်း လက်လှမ်းဆွဲလိုက်သည်။

" အမယ်လေး N . . "

စိတ်ထဲမှာ Nအကြောင်းတွေးနေစဉ် လက်ကိုအကိုင်ခံရ၍ သူ့နှုတ်မှ လွှတ်ခနဲထွက်သွားရာ ပင်းတစ်ယောက် သူ့ကို အကြည်စိုက်နေသည့်မျက်ဝန်းများနှင့် မျက်မှောင်ကျုံ့ကြည့်လာခဲ့သည်။

" N? "

ယွမ်ဖေးလည်း ပင်း သံသယဝင်သွားမည်ဆိုတာသိ၍ ရင်ထဲဗြောင်းဆန်သွားကာ ဘယ်လိုပြန်ဖြေရမှန်းမသိတော့ပေ။ ဆင်ခြေက မပေးတတ်ရှာတော့ ခေါင်းတကုတ်ကုတ်ဖြင့် စကားထစ်နေပြန်သည်။

" ဟို. . . အမ် "

** ဒုက္ခပဲ။ တော်တော်တုံးတဲ့ငါ. . တိုက်ဖျက်ရေးသမားတွေရှေ့မှာ ဘာလို့ သူ့နာမည်ကို ပြောမိတာတုန်း။ အရူး အရူး **

** မင်းက တကယ့် အနှစ်တစ်ထောင်ငပိန်းလေးပဲ။ **

မျက်လုံးပြူးလည်လည်ဖြင့် သူ့ကို ပြန်ဖြေဖို့ ထိတ်လန့်နေရှာသော ယွမ်ဖေးပုံစံလေးကို ပင်း စိုက်ကြည့်ရင်း ရိုးအသည်တင်မကပဲ တုံးလွန်းမှန်း နားလည်လိုက်သည်။ ထပ်ပြီး ညှစ်မေးနေရင်လည်း ထိုကောင်လေး ထိုင်ငိုတော့မည်မှန်းသိ၍ ဆက်မမေးတော့ပဲ ပြန်လိုက်ပို့မည်ဟုသာ ပင်းပြောခဲ့သည်။

Beijing Vampire(Complete)Where stories live. Discover now