Part-59

2K 307 38
                                    

(Unicode)  " မဟုတ်ဘူး. . မဟုတ်ဘူး. . အဲ့ဒီလိုမဖြစ်ရဘူး "

ဘေးက ပင်းရဲ့စကားတွေကြောင့် ရိပေါ်မှာ စိတ်နဲ့လူ မကပ်တော့သလို ရှောင်ကျန့်ရဲ့လည်ပင်းထဲကို အဲ့ဒီအပ်ချောင်း စိုက်ဝင်သွားမည်ကို မလိုလားခဲ့ပေ။
ဒါ့ကြောင့် ပင်း ဘယ်လောက်ပဲ လျှပ်စီးဓါတ်နှုန်းကို တိုးမြှင့်ပါစေ. . ရှောင်ကျန့်ကို ကယ်တင်ဖို့ ခုံကနေ သူအတင်းရုန်းထွက်နေမိခဲ့၏။

ဝုန်း. . ဝုန်း. . .
ဒစ်ဒစ်ဒစ်ဒစ်. . . . ဟစ်. . ဟင်း. .

ခုံကနေ ရုန်းထွက်တိုင်း ယခင်ကထက် ပိုပြီး ထုံကြင်ကိုက်ခဲလာခဲ့သည်မို့ ရိပေါ်မှာ အော်ဖို့ပင် အားအင်မရှိတော့ပဲ ရှိုက်သံပြင်းပြင်းနှင့်သာ ဆက်၍ရုန်းကန်နေခဲ့သည်။

" မဟုတ်ဘူး. . ဒါတကယ် မဟုတ်ဘူး. . မဟုတ်ဘူး. . "

ခန္ဓာကိုယ်တစ်ခုလုံးဟာ စိတ်သွားတိုင်း မပါခဲ့၍ ဒီဖြစ်ရပ်ကြီးဟာ အိပ်မက်ဆိုးတစ်ခုသယောင် ရိပေါ် တွေးထင်ကာ ဂယောင်ဂတမ်း ရေရွတ်နေမိ၏။ သူ့မျက်စိရှေ့တည့်တည့်မှာ မြင်နေရတဲ့ မြင်ကွင်းကိုလည်း အိပ်မက်တစ်ခုသာ ဖြစ်စေချင်မိကာ နှလုံသားတွေ အစိပ်စိပ်အမွှာမွှာကွဲကြေနေသလို ခံစားနေရကာ သူ့မျက်ဝန်းအိမ်၌ မျက်ရည်စတွေ တွဲလွဲခိုလာတော့သည်။

** တောင်းပန်ပါတယ် ကျန့်ကော. . ကျွန်တော်က အဖြစ်မရှိတဲ့လူပါ. . ကျန့်ကောကို ကောင်းကောင်းမကာကွယ်နိုင်တဲ့အပြင် အခုလို ဒုက္ခရောက်စေခဲ့လို့. . တောင်းပန်ပါတယ် တောင်းပန်ပါတယ် **

** ရိပေါ်. . မင်း ဘယ်ရောက်နေတာလဲ? ဒီစမ်းသပ်မှုကို ခံလိုက်ရရင် ငါ သေမှာလားဟင်? ဖြေပါ ရိပေါ်ရယ်. . ငါ ငါ သေမှာလားလို့. . . **

မှန်ရဲ့တစ်ဖက်မှာ ရိပေါ်ရှိနေတယ်ဆိုတာ ရှောင်ကျန့်မသိရှာပဲ တစ်ယောက်တည်း ထိတ်လန့်မှုများစွာနှင့် တုန်လှုပ်နေခဲ့လေသည်။ မကြာခင် သူ့ကိုယ်ထဲကို ဆေးရည်တွေ ထည့်သွင်းတော့မယ်ဆိုတာ သိတဲ့အတွက် ဒီနေရာကနေ အမြန်ပြေးထွက်ခဲ့ချင်ပေမယ့် . . .

အစ်. .

ထိန်းချုပ်မှုတွေကြားထဲက ရှောင်ကျန့် ရုန်းမထွက်နိုင်ခဲ့ပဲ သူ့ရဲ့လည်ပင်းထဲသို့ ဆေးအပ်တစ်ချောင်းစိုက်ဝင်သွားခဲ့တော့သည်။

Beijing Vampire(Complete)Where stories live. Discover now