Part-60

2.1K 324 29
                                    

(Unicode)  သူနဲ့ ထွက်သွားဖို့အထိတောင် ပင်းက ကြံစည်နေခဲ့ပြီဆိုတော့ ကြည့်ရတာ သူ့အကြံတွေ အကောင်ထည်ပေါ်လာလို့များလား ယွမ်ဖေးတွေးမိကာ ရိပေါ်နဲ့ရှောင်ကျန့်အတွက် စိတ်ပူသွားခဲ့ရသည်။

" ခင် ခင်ဗျား. . ဆရာရှောင့်ကို ဘာလုပ်ပစ်လိုက်ပြီလဲ? ခင်ဗျား သူတို့ကို ဘာလုပ်လိုက်ပြီလဲ? "

ရှောင်ကျန့်က သူ့အတွက် ခင်မင်တွယ်တာရတဲ့ဆရာသမားတစ်ဦးမို့ ပို၍စိုးရိမ်မိကာ ယွမ်ဖေးမေးလာတော့ သူ့မေးဖျားလေးကို ပင်းက လက်ညှိုးကွေးလေးနှင့်ပင့်တင်ပြီး အကြည့်ချင်းဆုံစေခြင်းကို ခံလိုက်ရ၏။

" မကြာခင် ကိုယ်ပြောခဲ့တဲ့အတိုင်း သူတို့အဆုံးသတ်ရတော့မယ်. . ဟူး. . ယွမ်ဖေးရယ် သူများအကြောင်းတွေ တွေးမနေပါနဲ့. . ကိုယ်တို့အကြောင်းပဲ တွေးရအောင်လေ "

ပင်းပုံစံကို အကဲခတ်ရတာ ကျေနပ်နေသည့်ပုံစံမို့ ရှောင်ကျန့်နဲ့ရိပေါ် တစ်ခုခုဖြစ်နေပြီဆိုတာ ယွမ်ဖေးရိပ်မိသည်။ အဓိကက သူ့ဆရာ ရှောင်ကျန့်ကို ထိတာ ယွမ်ဖေး မခံနိုင်တာမို့ ပင်းကို စက်ဆုပ်ရွံရှာသည့်အကြည့်ဖြင့်ကြည့်ကာ သူ့မေးဖျားကို ထိကိုင်နေတဲ့ပင်းရဲ့လက်ကို အတင်းခါချလိုက်၏။

" ဖယ်. . ခင်ဗျား တော်တော်ယုတ်မာတာပဲ. . ခင်ဗျားကိုမုန်းတယ်. . ကျွန်တော် ခင်ဗျားနဲ့အတူ မနေနိုင်တော့ဘူး. . ကျွန်တော့်ကို လွှတ်ပေး "

ဒီလောက်ရက်စက်တတ်တဲ့လူနဲ့ ယွမ်ဖေးအတူမနေချင်တာမို့ ကုတင်မှ ထရပ်ကာ သူ့ခြေကျင်းဝတ်က သံကြိုးကို အတင်းကန်ကျောက်ပစ်ရင်း ထွက်ပြေးဖို့ ယွမ်ဖေးကြံမိသည်။
ချွတ် ချွတ် ချွက်. .
လွှတ်ပေး. . လွှတ်ပေးလို့ . . ကျွန်တော့်ကို ထွက်သွားခွင့်ပေး . .

ပင်းနဲ့နေရတာ သူ့အတွက် ငရဲတစ်ခုလို ခံစားနေရတဲ့အတွက် အမြဲ လွတ်မြောက်ဖို့ကြိုးစားခဲ့တဲ့ နီရဲရဲသူ့ခြေကျင်းဝတ်တွေကို ထပ်၍ အလုပ်ပေးကာ သံကြိုးကြားက ရုန်းထွက်နေမိသည်။
သူ့ကို ပစ်ပစ်ခါခါမုန်းတီးနေတဲ့ယွမ်ဖေးကို မြင်ရတော့ ပင်း စိတ်မထိခိုက်ပဲ နေနိုင်ရင် သူဟာ vampireတစ်ကောင်တင်မကပဲ စက်ရုပ်တစ်ရုပ် ဖြစ်နေမှသာ ရပေမည်။

Beijing Vampire(Complete)Kde žijí příběhy. Začni objevovat