Part-47

2.8K 381 52
                                    

(Unicode)   " အင်း။ ဒီလောက်ဆို ရလောက်ပြီထင်တယ် "

ရိပေါ် ဖွက်ထားခဲ့တဲ့အိမ်လေးထဲမှာတော့ ရှောင်ကျန့်တစ်ယောက် မီးဖိုခန်းထဲ၌ တစ်ခုခုကြိတ်ထောင်းနေသည့်ပုံစံနှင့် ကြိတ်ပြီးသားအမှုန့်များကို ခပ်နွေးနွေးရေထဲသို့ ဖျော်ထည့်နေခဲ့သည်။

ထို့နောက် လက်ညိုးလေးနှင့် ထိုအရည်ကို တို့ယူပြီး အရသာစမ်းကြည့်မိတော့ အရမ်းခါးလွန်းတာမို့ ရှောင်ကျန့်အော်ဂလီပင် ဆန်သွားခဲ့ရ၏။

" အဟွတ်အဟွတ် ခါးလိုက်တာ "

တစ်စက်ကလေးနဲ့တောင် ဒီလောက်ခါးနေရင် ဟော့ဒီ အကိုက်အခဲနဲ့အဖျားကျဆေးရည်တွေကို ရိပေါ် ဘယ်လိုသောက်နိုင်လိမ့်မလဲ ပြန်တွေးရင်း သက်ပြင်းချမိလျှက်။ ဘာပဲဖြစ်ဖြစ် သူသက်သာအောင် ဆေးတော့ တိုက်ရမည်မို့ ရအောင်တိုက်ဖို့ ဆုံးဖြတ်ရင်း ဆေးပန်းကန်ကို ယူကာ အိပ်ခန်းတံခါးကို ဖွင့်ဝင်လိုက်လေ၏။

အထဲကို ဝင်လိုက်တော့ ဘေးက ဆွတ်ဖာခုံလေးမှာ သူ့ကိုစောင့်ရင်း ကလေးလေး အိပ်ပျော်နေသည်မို့ ရှောင်ကျန့် ပြုံးလိုက်ပြီး အနီးမှာရှိတဲ့ စောင်ထူထူတစ်ထည်ကို လွှမ်းခြုံပေးလိုက်မိသည်။

" ချစ်စရာကောင်းလိုက်တာ "

သူအုပ်ပေးလိုက်တဲ့စောင်ထဲသို့ နစ်ဝင်သွားလေသော ကလေးလေးမှာ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး ဘေးတစ်စောင်းအိပ်နေတဲ့အခါ မို့မောက်နေသောပါးလေးက အပြစ်ကင်းစင်ကြောင်း ဖော်ပြနေသည့်ပုံမို့ သူလေးကို ရှောင်ကျန့်စိုက်ကြည့်ရင်း စောင်အပေါ်ကနေ ပုခုံးလေးကို အသာပုတ်ပေးလိုက်၏။

" Goodnightပါ ဘေဘီလေး "

သူလေးက အိပ်လိုက်ရင် တစ်ဂျိုးတည်းဆိုပေမယ့် သူ့ကို ပွေ့ချီပြီး နေရာပြောင်းမည်ဆိုလျှင် ချက်ချင်းတန်းနိုးတတ်သည့်ကလေးမို့ ဒီတိုင်းလေးပဲ သိပ်ထားလိုက်ပြီး ဖွင့်ဟထားသော ပြတင်းပေါက်ကို လှမ်းကြည့်လိုက်မိ၏။

ထိုပြတင်းပေါက်ကနေ နှင်းမှုန်တို့ကို ဖြတ်သန်းလာခဲ့သည့် လေအေးတွေက သူတို့အခန်းတွင်းထဲသို့ ဝင်လာဟန်ပြုနေသည်မို့ ရှောင်ကျန့် လက်မခံနိုင်ပဲ ချက်ချင်း ထပိတ်ခဲ့သည်။
ထိုအခါမှ သူတို့အိပ်ခန်းလေးဟာ ပို၍ နွေးထွေးပြီး တိတ်ဆိတ်သွားသလို ခံစားလိုက်ရကာ အပြင်မှာ ကျဆင်းနေသည့်နှင်းများကို ရှောင်ကျန့် တစ်ချက်ငေးကြည့်နေလိုက်မိသည်။

Beijing Vampire(Complete)Where stories live. Discover now