Part-45

2.9K 429 23
                                    

(Unicode)   . .  ဟစ် . . ဟင်း~ ~  . . .

နှင်းထူထပ်စွာ ကျနေခဲ့သော အအေးလွန်ကဲသည့် ညလေးတစ်ညတွင် မီးရောင်မှိန်မှိန်ဖြင့် တိတ်ဆိတ်နေသော အိမ်ခန်းလေးတစ်ခု၌ ရှောင်ကျန့်၏နာကြင်စွာ ညည်းညူသံများ တသဲ့သဲ့ပေါ်ထွက်နေခဲ့၏။
အသိစိတ်က မေ့မျောနေခဲ့ပေမယ့် သူ့ရဲ့သွေးရဲရဲတောက်နေသည့်လက်မောင်းကို အေးစက်စက်နှင့်ကျရောက်လာသော ရေတချို့ရယ် . . တဆစ်ဆစ်နှင့်နာကြင်နေရသည့်ခံစားချက်တွေကြောင့် နှုတ်ခမ်းမှာ တဆက်ဆက်နှင့် တုန်ရီနေခဲ့လေသည်။

သူ ရောက်ရှိနေတဲ့ကုတင် ဘေးအစွန်းမှာလည်း သူနာကြင်သည်ကို စိတ်မကောင်းစွာ ကြည့်နေခဲ့သည့် ကလေးလေး ရှိနေခဲ့၏။
ကြည့်ရတာ တော်တော်နာကြင်နေသည့်ပုံမို့ တစ်ဖက်မှာ ရှောင်ကျန့်ဒဏ်ရာကို ဆေးထည့်ပေးနေသည့်ရိပေါ်၏လက်ကို သူလေး လှမ်းတားလိုက်မိသည်။

" ပါပါး. . တအားနာနေပြီထင်တယ်။ "

ဘေးကနေကြည့်ပြီး သူ့ကိုစိတ်ပူစွာ တားမြစ်နေသည့်ကလေးလေး၏ဦးခေါင်းအား ရိပေါ် လက်ဖြင့် ခပ်ဖွဖွပွတ်သပ်ပေးမိပြီး သူနားလည်အောင် ချိုသာစွာ ရှင်းပြပေးလာခဲ့သည်။

" အဲ့ဒါမှ ကျန့်ကော . . အယ် . . ပါပါးရဲ့ဒဏ်ရာက ပျောက်မှာပေါ့။ မဟုတ်ရင် ဒီ့ထက်ပိုနာမှာ။ အဲ့ဒါကြောင့် ခဏ သည်းခံရမှာပေါ့။ နော် "

ရိပေါ် ပြောပြမှ ကလေးလေး အသံတိတ်သွားပြီး တစ်ချိန်လုံးဖက်ထားခဲ့သည့် စာအုပ်လေးကို ပြန်ငုံ့ကြည့်နေခဲ့၏။ ရိပေါ်မှာတော့ ရှောင်ကျန့်လက်မောင်းက ဒဏ်ရာကို သေချာဆေးထည့်ပေးရင်း ပတ်တီးစည်းပေးပြီးနောက် ဆေးပုံးထဲက အကိုက်ခဲပျောက်ဆေးနှင့်ဒဏ်ကြေးဆေးတချို့ကို လက်ခုပ်ထဲထည့်ကာ ဖောက်သောက်နေခဲ့သည်။

Nရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် သူလည်း တော်တော်ခံခဲ့ရသည်မဟုတ်လား။ သို့ပေမယ့် သူ့ဒဏ်ရာသူ ဂရုမစိုက်အားတာမို့ မနာရင် ပြီးရောဟု သတ်မှတ်ကာ ဆေးတွေသောက်နေခြင်းဖြစ်သည်။

ကလေးလေးမှာတော့ ရှောင်ကျန့်ကို စိုက်ကြည့်ရင်း တစ်စုံတစ်ယောက်ကို မျက်စိထဲမြင်ကာ ထပ်မံညည်းတွားလာခဲ့လေ၏။

Beijing Vampire(Complete)Where stories live. Discover now