Part-13

5.1K 708 18
                                    

(Unicode) ** ဟင်း~ ဘယ်တော့များမှ ငါအသိအမှတ်အပြုခံရမှာပါလိမ့်။ ငါလည်း အမြဲကြိုးစားနေတာပဲလေ။ နောက်မှရောက်လာတဲ့လူတွေက ဘာလို့ငါ့ကို ကျော်ကျော်သွားကြတာလဲ? ငါကပဲ ညံ့နေလို့လား? **

တွေးမိတိုင်း ခံပြင်းမ၍ ယွမ်ဖေး သက်ပြင်းသာ အကြိမ်ကြိမ်ချမိရင်း မှောင်မည်းသောလမ်းကြိုလမ်းကြားတချို့ကို ဖြတ်လျှောက်နေမိရာ ရုတ်တရက် သူ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားလာရသည်။

သူ့နောက်ကျောမှာ လူတစ်ယောက်ကပ်ပါလာသလို ကျောတစ်လျှောက် ယားယံလာ၍ မနေနိုင်ပဲ အနောက်သို့လှည့်ကြည့်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေပြီး သူထင်ထားသလို လိုက်လာသည့်လူလည်းမရှိတာမို့ ယွမ်ဖေး စိတ်ထင်သည်ဟု ထင်မိသည်။ ဒါနဲ့ အရှေ့ကို ပြန်လှည့်လိုက်တော့ -

~ ~ ဝှစ် ~ ~ ဘုတ် ~

ပါတီ၌ဝတ်တတ်သော တစ်ဝက်ပျက် အဖြူရောင်မျက်နှာဖုံးနှင့် လူတစ်ယောက် သူ့ရှေ့၌ ဘွားခနဲပေါ်လာပြီး ယွမ်ဖေးလန့်ပြီး ခြေလှမ်းတွေကို နောက်ဆုတ်မိသည်။ သို့သော်လည်း ထိုလူက သူ့ပုခုံးကို တင်းကြပ်စွာကိုင်ပြီး တစ်ဖက်တိုက်တန်းက နံရံထောင့်ကို ဆွဲတွန်းကာ ပါးစပ်ပိတ်လိုက်တော့ ယွမ်ဖေးအရမ်းလန့်ကာ ရုန်းကန်လာသည်။

အစ်~ လွှတ် ~

ထိုလူ၏ပိတ်ဆို့ထားသောလက်ဖဝါးထဲမှ ယွမ်ဖေး၏မပီပြင်သောစကားများ ပြုံထွက်နေစဉ် ထိုလူက သူ၏အင်္ကိျီကို ပုခုံးပေါ်သည်အထိဆွဲဖြဲလိုက်သည်။ အမှတ်တမဲ့နှင့် ပေါ်လာသောလူက သူ့ကိုအခုလိုရန်တွေ့လာတော့ ယွမ်ဖေး နားမလည်နိုင်စွာဖြင့် နီရဲနေသော သူ၏မျက်လုံးများကို စိုက်ကြည့်မိသည်။

~  ဂီး ~

ထို့အပြင် သူ၏နှုတ်ခမ်းကြားထဲမှ ချွန်မြမြအစွယ်များကို ထုတ်လာသည့်အတွက် ယွမ်ဖေး မျက်လုံးပင်ပြုတ်ထွက်မတတ် ပြူးလည်သွားရာ ထိုလူက သူ၏လည်ပင်းအနားတိုးလာလေသည်။

" တောင်းပန်ပါတယ်။ ကျွန်တော့်ကို မကိုက်ပါနဲ့။ တောင်းပန်ပါတယ် "

ယွမ်ဖေးလည်း ကြောက်လန့်ပြီး မျက်လုံးစုံမှိတ်ကာ အသနားခံလာတော့ သူ၏လည်တိုင်လေးကို ကိုက်ခဲမည်ကြံနေသော ထိုလူ့အစွယ်များဟာ တဖြည်းဖြည်း အနောက်သို့ ပြန်ဆုတ်သွားခဲ့သည်။

Beijing Vampire(Complete)Where stories live. Discover now