Part-5

6.4K 947 21
                                    

(Unicode) ညသည် တဖြည်းဖြည်း နက်သထက် နက်လာပြီး လမ်းတချို့တွင် လူအသွားအလာနည်းလာကြသည်။ တချို့လမ်းများဆို လူပျက်သလောက်ဖြစ်နေပြီး လမ်းမီးတိုင်များနှင့်သာ တိတ်ဆိတ်နေလေခဲ့သည်။

ဒီ~ ဒီ ~ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ

စစ်ရန်ကျဲကို ရှာဖို့ထွက်လာသော ရှောင်ကျန့်မှာ ဘယ်နေရာမှာမှ ရှာမတွေ့၍ လျှောက်သွားရင်း ဖုန်းကိုအဆက်မပြတ်ခေါ်နေမိခဲ့သည်။

" ကျဲကျဲရယ် အကျိုးအကြောင်းမကြားပဲ ဘယ်ကိုထွက်သွားရတာလဲ? နေကောင်းတာလည်းမဟုတ်ပဲ။ "

ရှောင်ကျန့်မှာ ဆွေမျိုးသားချင်းမရှိ၍ စစ်ရန်ကျဲဆိုတဲ့အခန်းနီးချင်း မမကို သွေးသားတစ်ယောက်လို ခင်မင်ခဲ့ပါသည်။ သူတစ်ခုခုဖြစ်မှာ စိုးရိမ်လွန်၍ ခြေကုန်လက်ပန်းကျသည်အထိ ရှာဖွေနေသော်လည်း အဆက်အသွယ်ပြတ်နေတာမို့ ရှောင်ကျန့် ခေါင်းတွေပူထူနေခဲ့၏။

တစ်နေရာရာမှာများ မေ့လဲနေလေသလားဆိုသောအတွေးနှင့် လမ်းကြိုလမ်းကြားများကို ရှာဖွေနေရာ Jinchang မြစ်ကမ်းအနားသို့ပင် ရောက်လာခဲ့သည်။

ရှောင်ကျန့်မှာ ကျဲကျဲကို ရှာရင်း နားထင်၌ ချွေးသီးတို့ပေါက်ပေါက်ကျနေခဲ့ရသည်။ သို့သော် မြစ်ကမ်းနားနီးလာ၍ တိတ်ဆိတ်စွာတိုးဝှေ့တိုက်ခတ်လာသော မြစ်လေအေးများကြောင့် နားထင်က ချွေးများမှာ အေးစိမ့်စိမ့်ခံစားချက်နှင့်အတူ အနည်းငယ်ခြောက်ကပ်သွားသည်။

ဂျွတ်ဂျွတ်ဂျွတ်~~

ရှာရတာမောပန်းလှ၍ လမ်းဘေးတစ်နေရာတွင် ရှောင်ကျန့်ရပ်နေမိရာ အဝေးက ခြုံပုတ်ထဲမှ တစ်ခုခုလှုပ်ရှားလာသောအသံကို သူကြားလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်မည်းမှောင်ကာ လူပျက်နေ၍ ထိုနေရာသို့ ရှောင်ကျန့် ဖုန်းဖလက်မီးနှင့် ထိုးကြည့်လိုက်၏။

" ဘယ်သူလဲ? "

ွဂျွတ်ဂျွတ်ဂျွတ် ~ ~

သူမေးမိတော့ ထိုခြုံပုတ်ဟာ ပို၍ လှုပ်လာသလို တစ်ခုခုထွက်လာတော့မည်အသွင်မို့ ရှောင်ကျန့်ခြေလှမ်းတွေနောက်သို့ အနည်းငယ်ဆုတ်မိသည်။

Beijing Vampire(Complete)Where stories live. Discover now