Part-33

4K 527 36
                                    

(Unicode) လန့်လွန်းလို့ မျက်ရည်တွေ၊ ချွေးတွေ ပြည့်နှက်နေတဲ့ ယွမ်ဖေးရဲ့မျက်နှာလေးကို ချိုသာသောအပြုံးနှင့်Nစိုက်ကြည့်ရင်း ရှေ့ဆက်တိုးလာလေသည်။

" လူယုတ်မာကြီး။ မလာနဲ့လို့။ ကျွန်တော့်အနား မလာနဲ့ "

သူ့ကို အနိုင်ကျင့်တဲ့လူတွေလက်ထဲက ကယ်တယ်ဆိုပေမယ့် အရမ်းရက်စက်လွန်းနေ၍ သူ့လုပ်ရက်တွေကို ယွမ်ဖေး မုန်းတီးမိသည်မို့ ပါးပြင်ပေါ် မျက်ရည်တွေ တောက်တောက်ကျလာတော့၏။

" လူယုတ်မာကြီးတဲ့လား? ငါက မင်းကိုကယ်ပေးတာလေ။  "

" မလိုချင်ဘူး။ ကျွန်တော့်ကြောင့်ဆိုတဲ့ ခေါင်းစဉ်မတပ်နဲ့။ ခင်ဗျားက လူယုတ်မာကြီးပဲ "

ယွမ်ဖေးမှာ သူ့စေတနာကို မမြင်မိပဲ ငြင်းထုတ်နေမိရာ Nနားလည်ပေးလိုက်ပြီး သူ့ရဲ့ရှေ့သို့ ငုတ်တုတ်ထိုင်ချရင်း ပွန်းပဲ့ဒဏ်ရာတချို့နှင့်သွေးထွက်နေသော ယွမ်ဖေး၏လက်ဆီသို့ မျက်စိရောက်သွားခဲ့သည်။ လက်ထဲမှာလည်း ပိုက်ဆံကိုမြင်ရတော့ ထိုကောင်လေးဘဝကတော်တော်မလွယ်မှန်းသိကာ N စိတ်မကောင်းဖြစ်မိသွားရသည်။

" 45yaunလောက်နဲ့ အနိုင်ကျင့်ခံရအောင် မင်း တုံးနေလား? "

" ခင်ဗျားအပိုမပါဘူး။  အ! ဘာလုပ်တာလဲ? "

ခေါင်းမာနေသည့်ပုံစံလေးနှင့် စိမ်းကားစွာပြန်ပြောလာနေ၍ N သူ့ကိုစိတ်မရှည်စေ၍ ချက်ချင်းဆိုသလို သူ့ရဲ့လက်ကို သူဆွဲကိုင်လာခဲ့သည်။ ထို့နောက် ယွမ်ဖေးဆုပ်ကိုင်ထားသောပိုက်ဆံလိပ်ကို အသာဆွဲထုတ်ရင်း သွေးဆို့နေသောလက်ချောင်းလေးများကို ပါးစပ်ထဲ စုပ်ယူဆွဲသွင်းလိုက်ရာ -

" လွှတ် ! လွှတ်လို့ "

ဒဏ်ရာထက်သို့ Nဆီက နူးညံ့တဲ့လျှာဖျားရဲ့အထိအတွေ့ကြောင့် ယွမ်ဖေး ပုခုံးတစ်လျှောက် တွန့်သွားပြီး လက်ကို ပြန်ရုတ်သိမ်းလိုက်မိသည်။

" ငါနဲ့လိုက်ခဲ့ "

" ဘယ်ကိုလဲ? "

" လိုက်ခဲ့ "

ကြောက်စရာကောင်းတဲ့လူရဲ့နောက်ကို ယွမ်ဖေးမလိုက်ချင်ပေမယ့် Nက သူ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထား၍ သူ မငြင်းနိုင်ပဲ ကောက်ကောက်ပါသွားရလေသည်။
                 ________________

Beijing Vampire(Complete)Where stories live. Discover now