Part-63

1.9K 298 9
                                    

(Unicode)  သနားစရာ ဖေးဟုန်လေးမှာ အမှောင်ထုထဲ၌ ကူရာကယ်ရာမဲ့နေတဲ့အချိန် သူ့ကို အယုံသွင်းလာတဲ့ပင်းရဲ့စကားတွေထဲမှာ ယုံချင်သလို ဖြစ်လာခဲ့သည်။

** ဒယ်ဒီနဲ့ပါပါးက သားနဲ့လည်း အတူမအိပ်ခဲ့ဘူး. . ပြီးတော့ သား အခုလိုအဖမ်းခံထားရတာတောင် လာမကယ်ကြဘူး. . ဒယ်ဒီက ဖိုက်တာကြီးဆို သားကို လာကယ်ရမှာပေါ့. . ဒါပေမယ့် ဘယ်သူမှ ပေါ်မလာပုံထောက်ရင်. . ဦးဦးပြောတာတွေက တကယ်လားဟင်? တကယ်ပဲ သားကို ထားပစ်ခဲ့ကြတာလား? **

သူအခုလို အထင်မှားနေတာသာ ရှောင်ကျန့်သိရင် အရမ်းဝမ်းနည်းလွန်းလို့ ရင်ဟက်တပ်ကွဲမှာ သေချာပါတယ်။ သူ့ကလေးလည်း မဟုတ်ခဲ့ပါပဲ. .ဝမ်းနဲ့လွယ်ပြီး ဒုက္ခခံ မွေးခဲ့ရတာ. . သူလေးကြောင့်နဲ့ပဲ ရိပေါ်နဲ့ပြဿနာတက်ခဲ့ရပေါင်း မနည်းခဲ့ပါဘူး။

ဘယ်သူ့ကိုမှ မမြင်. . သူလေးအတွက်ပဲ တွေးနေမိခဲ့တဲ့ရှောင်ကျန့်မှာ ပင်းစကားတွေကြား ဖေးဟုန်လေး စိတ်ယိုင်သွားတာသာ သိရင် တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေချင်မှာ သေချာပါသည်။

အခုလည်း ရိပေါ်စကားအတိုင်း ဖေးဟုန်လေးကို ကယ်ပြီး ထွက်ပြေးဖို့ ရှောင်ကျန့် စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီလိုထွက်ပြေးလိုက်ရင် သူတို့တစ်သက်လုံး ပြစ်မှုမကျူးလွန်ပါပဲ ဝရမ်းပြေးဘဝဖြစ်နေရမှာ ကျိန်းသေပါတယ်။ ရိပေါ်မရှိတဲ့ကမ္ဘာမှာ သူတို့နှစ်ယောက် ရှင်သန်ဖို့ဆိုတာလည်း အလွန်ခဲယဉ်းတာမို့  တကယ့်သစ္စာဖောက်ကို ဖော်ထုတ်ပြဖို့အတွက် . . .

ကြောက်စရာကောင်းတဲ့တောနက်ကြီးကြားထဲမှာ ယွမ်ဖေးရှာပုံတော် ဖွင့်နေခဲ့ပါသည်။

" ယွမ်ဖေး. . ကျစ်ယွမ်ဖေး မင်းဘယ်မှာလဲ? "

ရိပေါ်ထောက်ပြခဲ့တဲ့ တားမြစ်နေရာ မရောက်မချင်း အားအင်လျော့ရဲနေတဲ့ခြေလှမ်းတွေနဲ့ ရှေ့ဆက်ရင်း လည်ချောင်းခြောက်သည်အထိ ယွမ်ဖေးကို အော်ဟစ်ရှာဖွေနေခဲ့၏။

တကယ်တော့ တစ်ခါမှမရောက်ဖူးတဲ့ ဒီတောနက်ကြီးကို ရှောင်ကျန့် ထိတ်လန့်မိတာတော့ သေချာပါသည်။ တိတ်ဆိတ်မှုသာ ပြည့်နှက်နေတဲ့တောနက်ထဲ သူခြေနင်းတိုင်း ထွက်လာတဲ့ မြေပြင်က သစ်ရွက်ဆွေး၊ သစ်ရွက်ခြောက်တို့ရဲ့ တကျွတ်ကျွတ်မြည်သံက သူ့နောက်ကို တစ်စုံတစ်ယောက် ကပ်ပါလာသလို ခံစားရစေတာကြောင့် ခနခန အနောက်သို့ လှည့်ကြည့်နေမိသည်။

Beijing Vampire(Complete)Where stories live. Discover now