Part-35

3.6K 478 33
                                    

(Unicode) ဆိတ်ငြိမ်သော ညနေစောင်းလေးတစ်ခု၌ ရိပေါ်တစ်ယောက် မပြတ်နိုင်သောသူ့ရဲ့စိတ်ကြောင့် ကလေးကို သူစွန့်ပစ်ခဲ့မိတဲ့ မြို့အပြင်က စွန့်ပစ်အမှိုက်ပုံဆီ ရောက်ရှိလာခဲ့သည်။

လူ့လောကထဲကို စတင်ရောက်ရှိလာကတည်းက သူ့ကိုအပြုံးလေးနှင့် ကြိုဆိုရှာတဲ့ ထိုကလေး. . .
ပြုံးလိုက်တဲ့အပြုံးတိုင်းက ရှောင်ကျန့်အပြုံးနှင့် ထပ်တူကျခဲ့တာမို့ ရှောင်ကျန့်အပြုံးကို မြင်ရတိုင်း သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ရိပေါ် ထင်မိသည်။

ဒါ့ကြောင့် ခြောက်ကပ်ကပ်နှင့် လူပျက်သောထိုအမှိုက်လမ်းကြားထဲသို့ ဆိုင်ကယ်မောင်းနှင်လျှက် ရိပေါ် ရောက်ရှိလာခဲ့သည်။

" မင်း အဆင်ပြေရဲ့လား? "

ဒီလိုအချိန်မှတော့ စွန့်ပစ်နေရာမှာ ကလေးလေး မရှိတော့တာ သိပေမယ့် ရိပေါ် စိတ်က မပြတ်သားနိုင်သေးပဲ အနက်ရောင်အမှိုက်အိတ်ထုတ်များကို ဆွဲဖြဲရှာကြည့်နေမိ၏။
သို့ပေမယ့် ထိုအိတ်များထဲမှာ သူထင်ထားသလို ကလေးလေးရှိမနေပဲ အမှိုက်များသာ ရှိနေလေရာ အတန်ကြာမှ သူစိတ်နဲ့လူနဲ့ ပြန်ကပ်သွားသည်။

** ငါ ဘာတွေလုပ်နေမိတာလဲ ? **

အခုလောက်ဆို တစ်စုံတစ်ယောက်၏ကောက်ယူမွေးစားခြင်းကို ခံရမလား. . အအေးဒဏ်ကြောင့် သေသွားပြီး သားရဲတိရစ္ဆာန်တို့ရဲ့ အစာဖြစ်သွားပြီလား. . .
ခန့်မှန်းလို့ မရတဲ့အနေအထားမှာ ကလေးလေးဟာ အစအနပျောက်သွားခဲ့ပြီမို့ ရိပေါ် သက်ပြင်းချလိုက်ပြီး ဆိုင်ကယ်ပေါ် ပြန်ခွတက်လိုက်မိသည်။

" တောင်းပန်ပါတယ် "

ထို့နောက် ဆိုင်ကယ်စီးဦးထုပ်ကို စောင်းကာ စက်နှိုးဖို့ လုပ်လေတော့. . .

~ မြို့ရဲ့ညနေခင်းလေးမှာ ကိုယ်ဆုံးရှုံးခဲ့တဲ့အရာအတွက် စိတ်ညစ်ပြီး ရောက်တတ်ရာရာ လျှောက်သွားနေမိတယ် ~
~ မင်းအခုချိန်ထိ အကောင်းဆုံးကြိုးစားပြီးပြီပဲ ~ ~

သူ့အနားသို့ တိုးဝှေ့လာသော ဆောင်းအငွေ့အသက်ပါတဲ့ လေပြေတို့မှ သီချင်းသံတချို့ကို ရိပေါ် ကြားခဲ့ရလေသည်။ အဲ့ဒီသီချင်းသံတို့က သူဖြစ်ပျက်နေတဲ့သူ့ရဲ့စိတ်အစဉ်ကို ဖေးမပေးနေသလို ခံစားနေရ၍ ရိပေါ် ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်မိသည်။

Beijing Vampire(Complete)Où les histoires vivent. Découvrez maintenant