Part-29

3.6K 540 49
                                    

(Unicode) . . . ခြိမ်း . . . . . .

နေပူရှိန်တို့လျော့ကျကာ မိုးတိမ်မည်းများ ကောင်းကင်သို့နေရာယူလာခဲ့ပြီးမကြာမှာ မိုးသည်းထန်စွာရွာသွန်းလာတော့သည်။ ရံဖန်ရံခါ လျှုပ်စီးလက်ပြီး မိုးတွေခြိမ်းကာ နေ့မစဲ ညမစဲ ရွာသွန်းနေခဲ့၏။

ကျွီ ~ ~

သည်းထန်သောထိုမိုးများ၏နောက်၌ တံခါးတစ်ခုကို ဖွင့်ဟလာသောအသံကြောင့် ထိုအခန်းကြီးတစ်ခုလုံးမှာ ခြောက်ခြားဖွယ်ဖြစ်လာစေလျှက်. . .

" အာ. . Nရောက်နေတာပဲ "

တံခါးတစ်ဖက်မှ မျက်နှာဖုံးလူဟာ အေးစက်သောအကြည့်ဖြင့် ဝင်လာခဲ့တော့ သားသတ်နေတဲ့လူကြီးလည်း သူ့ကိုမြင်ပြီး တရိုတသေကြိုဆိုခဲ့၏။
Nကတော့ ချထားသောထိုင်ခုံတစ်ခုမှာ ခြေချိတ်ကာ အခံ့သားဝင်ထိုင်ရင်း အကောက်ကြံနေသည့်အပြုံးဖြင့် ပြုံးလာရာ သားသတ်သမားဂျင် လည်း သွေးပန်းကန်တစ်ခုကို ယူလာရင်း Nကို ကမ်းပေးလာသည်။

" သုံးဆောင်ပါဦး N. . ဒါနဲ့ Nကိုကြည့်ရတာ တစ်ခုခုဂွင်တွေ့နေတဲ့ပုံပဲနော် "

သူ့အထာကိုသိသောသားသတ်သမားကြီးဂျင်၏စကားကိုကြားရတော့ သူ သွားပေါ်သည်အထိရယ်လာပြီး တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။

" အင်း။ ဒီနေ့ ငါ့ရဲ့အစာကို တစ်ခါလောက် သွားကြည့်ခဲ့တာ။ မဆိုးပါဘူး။ တဖြည်းဖြည်းနဲ့ အာနိသင်ကောင်းလာသလို ခံစားရတယ် "

ထို့နောက် ကျေနပ်နေသည့်အပြုံးနှင့် သားသတ်သမားဂျင် ကမ်းပေးသော သွေးရည်ကို အကုန်မော့သောက်ရင်း အရသာကို ခံစားနေခဲ့သည်။

" ကောင်းတာပေါ့ Nရယ်။ "

" ဒါနဲ့ ငါလိုချင်တဲ့vampire ရော ? "

တကယ်တော့ ယခင်က N ဖုန်းဆက်ပြီး vampireတောင်းသည်က သားသတ်သမားဆီကပဲ ဖြစ်နေပါသည်။ သားသတ်သမားဂျင်က vampireတော်တော်များများနှင့်ချိတ်ဆက်မိထား၍ N လိုသမျှ အကုန်ဖြည့်ဆည်းပေးနိုင်သူပင်။
Nမေးတော့ သားသတ်သမားကြီးဂျင်က လူယုတ်မာအပြုံးကြီးဖြင့်ပြုံးကာ ခေါင်းငြိမ့်ပြလာ၏။

" ကြိုပြင်ဆင်ထားပါတယ်။ မကြာခင် သူ အခစားဝင်ပါလိမ့်မယ် "

Beijing Vampire(Complete)Where stories live. Discover now