Arc(2.10)

9.8K 1.6K 8
                                    

Unicode

Arc(2.10) - Saint Magus

"လဒ်ဝတ်ကကြောင်လေ"

အဲလ်ဗစ်ရဲ့အသံကအနည်းငယ် ထွက်ပေါ်လာပြီးလီလျိုရဲ့စကားများ အားမေးခွန်းထုတ်လိုက်သည့်ပုံပေါ်သည်။

"မင်းကသူပါဆိုတာကိုပြနိုင်တဲ့ သက်သေရှိလား?"

အဲလ်ဗစ်ကရုတ်တရက်လီလျိုနဲ့အနီး ကပ်ထိတိုးကပ်လာခဲ့ပြီးလီလျိုမှာ သူ့နှာခေါင်းမှပူလောင်သောအသက် ရှုမှုကိုပင်ခံစားရသည်။

"ဒါမှမဟုတ်မင်းရဲ့နားရွက်နဲ့အမြီးတွေ ကလဒ်ဝတ်နဲ့အရောင်တူနေတာနဲ့ပဲ မင်းကသူဆိုပြီးသက်သေပြလို့ရမယ် လို့ထင်နေတာလား?"

အဲလ်ဗစ်ရဲ့အသံထွက်လာသည်နှင့် တစ်ပြိုင်နက်လီလျိုမှာသူ့ခေါင်းပေါ်က နားရွက်တစ်ဖက်ကကြီးမားသည့် လက်ဖဝါးကြီးနှင့်ဖုံးအုပ်ခံလိုက်ရပြီး အကြိမ်အနည်းငယ်ပွတ်သပ်လိုက်သ လိုခံစားလိုက်ရသည်.။လီလျိုမှာသူ့ ခေါင်းအစခြေအဆုံးလျှပ်စီးကြောင်း ငယ်လေးများဖြင့်ပြည့်နှက်သွားသလို မျိုးဖော်ပြလို့မရသည့်ခံစားချက်ကို ခံစားလိုက်ရသောကြောင့်သူ့နောက်မှ အမြီးရှည်ကြီးကမသိလိုက်ပါပဲအကြိမ် အနည်းငယ်လှုပ်ခါသွားကာအရမ်းကို သက်တောင့်သက်သာရှိလွန်းသော ကြောင့်သူ့မျက်လုံးများကိုကျဉ်းမြောင်း လိုက်မိပြီးအကြိမ်အနည်းငယ်ငြီးတွား လိုက်မိသည်။

လီလျိုမှာသူ့ကိုယ်ပိုင်ကြောင်နားရွက် လေးများကိုပင်ဒူးထောက်မိမတတ် ဖြစ်နေပြီးသူ့ပင်ကိုဗီဇအားကာကွယ် ရန်သူ့ခေါင်းအားအဲလ်ဗစ်ထိနေခြင်း မှခုခံတွန်းလှန်ဖို့လိုအပ်သွားသော ကြောင့်သူ့အားထိနေသည့်အဲလ်ဗစ် ရဲ့လက်အားကိုင်ထားလိုက်ရသည်။ လူငယ်လေးရဲ့ပယင်းရောင်မျက်လုံး လေးများထဲမှာရေငွေ့လေးများရှိနေ ပုံရပြီးသူ့ရဲ့နူးညံ့ပြီးလှပလှသည့် ပါးပြင်လေးကပန်းရောင်တစ်လွှာ တစ်ခုထပ်ပေါ်လာခဲ့ကာအသက်ကို ပြင်းပြင်းရှု၍ပြောလာလေသည်။

"ငါကြောင်ပုံစံပြန်ပြောင်းနိုင်တယ် မင်းကိုသက်သေပြနိုင်ရင်ရပြီမှတ် လားဟုတ်တယ်မှတ်လား?"

အဲလ်ဗစ်ကသူ့ရှေ့မှလူငယ်လေး ပျောက်ကွယ်သွားသည်ကိုသာမြင် လိုက်ရပြီးသူ့ကိုယ်ပေါ်မှာဝတ်စုံများ ကအောက်သို့ပုံကျသွားခဲ့ကာသေးငယ် သည့်ကြောင်ဝိုင်းဝိုင်းလေးကအဝတ်ပုံ ထဲမှထွက်လာရင်းသူ့အားကြည့်၍ 'မြောင်'ဟုအသံလေးပြုလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now