Arc(2.19 - 1)

8.1K 1.3K 13
                                    

Unicode

Arc(2.19 - 1) - Saint Magus

တစ်နာရီကျော်လောက်အနားယူပြီး နောက်မှာအဖွဲ့ကမှော်သားရဲတောင် တန်းထဲသို့ဝင်ရောက်ခရီးဆက်ခဲ့ကြ သည်။သူတို့ကမှော်သားရဲတောင်တန်း ရဲ့အလယ်ပိုင်းအစွန်းကိုဖြတ်ကျော်ပြီး ဝိတ်အင်ပါယာရဲ့အိမ်နီးချင်းတိုင်းပြည် ဖြစ်သည့်-စိန့်မယ်လိုအင်ပါယာသို့ သွားကြမှာဖြစ်၏။

လီလျိုကတော့အဲလ်ဗစ်ရဲ့ဘေးမှာ လမ်းလျှောက်နေရင်းအဲလ်ဗစ်ကခေါင်း ကိုငုံ့ပြီးသူ့နှုတ်ခမ်းကိုနူးနူးညံ့ပွတ်သပ် ခဲ့တာကိုပဲတွေးနေမိဆဲပင်။သူ့မသိစိတ် မှဘေးမှာလျှောက်နေသည့်အဲလ်ဗစ်ရဲ့ တည်ဆောက်ပုံကောင်းလှသည့်ဘေး တိုက်ပုံကိုပဲခဏခဏလှည့်ကြည့်နေမိသည်။

အဲလ်ဗစ်လည်းလီလျိုရဲ့အကြည့်ကို ချက်ချင်းသတိပြုမိပြီးနှုတ်ခမ်းမှာနူးညံ့ သိမ်မွေ့သည့်ခပ်ပါးပါးအပြုံးတစ်ခုရှိနေ သည့်ပုံဖြင့်သူ့မျက်နှာကိုလီလျိုဘက် အနည်းငယ်လှည့်လိုက်ရင်းမေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

လီလျိုကအလျင်အမြန်ပဲခေါင်းခါပြ လိုက်ပြီးသူ့ခေါင်းကိုပြန်လှည့်လိုက် ကာဆက်တိုက်ပြောလိုက်သည်။

"ဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူး"

လီလျိုရဲ့တုန့်ပြန်မှုကကြောက်လန့်နေ တဲ့သတ္တဝါသေးသေးလေးနဲ့တူနေတာ ကိုကြည့်ရင်းအဲလ်ဗစ်မှာမနေနိုင်ပဲသူ့ မျက်လုံးကိုမှေးကျဉ်းလိုက်မိကာသူ့ အဇူရာမျက်စံများကအတိုင်းအတာ တစ်ခုထိပိုမိုနက်ရှိုင်းသွားခဲ့သည်မှာ နက်မှောင်သည့်အပြာရောင်အဖြစ် ပြောင်းလဲသွားသောကြောင့်မှင်နက် နှင့်ဆေးချယ်ထားသည့်အပြာရောင် ရေကန်လိုပင်။

တကယ်တော့လီလျိုသူ့ပါးစပ်ကိုသုံးပြီး သူ့ကိုအသီးခွံ့ခဲ့တဲ့အချိန်မှာသူတကယ် ကိုသတိလစ်နေခဲ့တာ...ဒါပေမဲ့မိနစ် အနည်းငယ်ကြာပြီးနောက်မှာသူသတိ ပြန်ရလာခဲ့တယ်ပြီးတော့လီလျိုရဲ့နူးညံ့ တဲ့နှုတ်ခမ်းကသူ့နှုတ်ခမ်းကိုထိနေတာ လည်းခံစားလို့ရနေတယ်....

အဲ့ဒီအချိန်တုန်းကအဲလ်ဗစ်ရဲ့နှလုံးသား ကပြင်းပြင်းထန်ထန်ခုန်ပေါက်နေခဲ့ပေမဲ့ မကြာခင်သူစိတ်တည်ငြိမ်သွားပြီးသူ့ ခံစားချက်အခြေအနေကပြောင်းလဲသွား ခဲ့တယ်...နတ်ဆိုးနဲ့နတ်ဘုရားတွေတစ်ပြိုင် တည်းသူ့ကိုထိန်းချုပ်နေသလိုမျိုးသူ လီလျိုကိုရင်ခွင်ထဲဖိချလိုက်ပြီးလီလျို ကိုတိုက်ရိုက်နမ်းလိုက်မိတာ...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now