Arc(2.22 - 1)

7.2K 1.3K 15
                                    

Unicode

Arc(2.22 - 1) - Saint Magus

လီလျိုကဇာတ်လမ်းတစ်ခုလုံးကို တစ်ရွက်ဆီလှန်ပြီးဖတ်နေရင်းနောက် ဆုံးတော့မှတ်မိသွားသည်။ခရစ်က သူရေးထားတဲ့ဇာတ်လမ်းထဲကနောက် ထပ်ဇာတ်လိုက်မတစ်ယောက်မဟုတ် ဘူးလား?!

လီလျိုကသူ့အတွေးများကိုပြန်ရုတ်သိမ်း လိုက်ပြီးစားပွဲခုံထဲမှသူ့ခြေသည်းလေး များကိုဘာမှမတတ်နိုင်ပဲကြိတ်ခြေနေ မိသည်။

သူမေ့တော့မလို့...သူရေးတဲ့ဒီဇာတ်လမ်း ထဲမှာအမျိုးသမီး!ဇာတ်လိုက်မက! နှစ်ယောက်တောင်လေ!

အဲ့ဒီအချိန်တုန်းကဇာတ်လိုက်ကို လက်တွဲဖော်အများကြီးနဲ့လုပ်ပေးပြီး ဇာတ်လမ်းကိုပိုစိတ်ဝင်စားဖို့လုပ်ခဲ့တာ ဆိုပေမယ့်အခုတော့အဲ့ဒါကိုရေးခဲ့တဲ့ အတိတ်ကသူ့ကိုယ်သူပြန်ပြီးသတ်ပစ် လိုက်ချင်မိတယ်။

ဟီးဟီးဟီးမိန်းမတစ်ယောက်နဲ့မ လုံလောက်တော့နောက်ထပ်တစ်ယောက်...

ဒါပေမဲ့ဒီခဏမှာအဲလ်ဗစ်ကသူ့ကိုချစ်လား မချစ်လားမသိဘူးဆိုတော့အကယ်၍ အမျိုးသမီးဇာတ်လိုက်နှစ်ယောက် ဒါမှမဟုတ်နှစ်ယောက်ထက်ပိုတဲ့ အမျိုးသမီးဇာတ်လိုက်တွေဖြစ်နေရင် တောင်သူနဲ့သူ့ရဲ့ပတ်သတ်မှုကဘာမို့လို့လဲ?

လီလျိုကသူ့ကြောင်မျက်နှာလေးကိုသူ့ ရှေ့ခြေထောက်လေးဖြင့်ကာလိုက်ပြီး တစ်ခြားတစ်ဖက်ကသူ့ခန္တာကိုယ်အောက် မှပျဉ်ပြားကိုရိုက်နေမိကာသူ့အနာဂတ် တစ်ခုလုံးကမှောင်မဲနေသလိုခံစားရသည်။

အတန်းပြီးတဲ့အချိန်မှာအဲလ်ဗစ်ကလီလျို ကိုနေ့လည်စာစားဖို့ခေါ်လိုက်ပြီးလီလျိုရဲ့ စိတ်ဝိညာဉ်လေးကအတော်လေးကျဆင်း နေတယ်လို့ရှင်းရှင်းလင်းလင်းကိုခံစား လိုက်ရသည်။သူကလက်ကိုဆန့်ထုတ် လိုက်ပြီးသူကိုင်ထားတဲ့ကြောင်ဝိုင်း လေးရဲ့နှဖူးလေးကိုဂရုတစိုက်ပွတ်ပေး လိုက်ကာမေးလိုက်သည်။

[လဒ်ဝတ်..မင်းဘာဖြစ်နေတာလဲ? တစ်နေရာရာကမသက်မသာဖြစ်နေ လို့လား?]

"မြောင်"

လီလျိုကစိတ်ပျက်အားလျော့စွာ အော်လိုက်ပြီးစိတ်ထဲမှဆက်သွယ် ဖို့ကိုတောင်မလုပ်ချင်တော့ပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now