Arc(2.24)

6.9K 1.2K 3
                                    

Unicode

Arc(2.24) - Saint Magus

လီလျိုကဖြတ်သွားဖြတ်လာအနည်းငယ်သာရှိတဲ့ဖြတ်လမ်းကိုကျွမ်းကျွမ်းကျင်ကျင်ရှာတွေ့သွားတာကြောင့်နောက်တစ်ကြိမ်နံရံပေါ်မှာလျှောက်သွားလိုက်ပြီးသစ်ပင်ပေါ်သို့ခုန်တက်ကာသွားလိုက်ကာသာမာန်လူတစ်ယောက်သွားရတဲ့အချိန်ထက်ပိုနည်းစွာသွားနိုင်လိုက်သည်။သူအဲလ်ဗစ်ရဲ့အတန်းအပြင်ဘက်ရောက်တဲ့အချိန်မှာပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ပြီးတံခါးကိုသူတစ်ကိုယ်စာဝင်လို့ရသည်အထိဖြေးညှင်းစွာတွန်းဖွင့်လိုက်ကာတိတ်တဆိတ်ဝင်သွားလိုက်၏။

သူကအဲလ်ဗစ်ရဲ့ဘေးကိုအလျင်အမြန်သွားလိုက်ပြီးသူ့ခြေသည်းလေးကိုထုတ်ကာအဲလ်ဗစ်ရဲ့ဘောင်းဘီစကိုဆွဲလိုက်ရင်းသူ့ကြောင်မျက်နှာလေးကိုမော့၍နူးညံ့စွာ'မြှောင်'ဟုအသံလေးပေးလိုက်သည်။

အဲလ်ဗစ်ကခေါင်းငုံ့လိုက်ပြီးလီလျိုကိုမြင်သောအခါသူ့နှဖူးကအနည်းငယ်တွန့်ချိုးသွားရသည်။ထို့နောက်အလျင်အမြန်ကုန်း၍လီလျိုအားသူ့လက်မောင်းထဲဆွဲယူလိုက်ပြီးသူ့ခြေထောက်ပေါ်တင်လိုက်သည်။

[မင်းဒီမှာဘာလုပ်နေတာလဲ..ကိုယ်မင်းကိုအခန်းထဲမှာပဲနားပါလို့မပြောဘူးလား?မသက်မသာခံစားနေရသေးလား?]

အဲလ်ဗစ်ရဲ့မေးခွန်းကိုကြားမှသာလီလျိုမှာတုန့်ပြန်လာမိ၏။သူသားရဲပုံစံပြောင်းပြီးနောက်မှာတကယ်ပဲသူ့ကိုယ်ပေါ်ကနာကျင်မှုကိုမခံစားရတော့တာ...သူ့လှုပ်ရှားမှုကပုံမှန်ထက်အနည်းငယ်လျော့နည်းနေတယ်လို့တော့ခံစားရပေမဲ့အဲ့ဒါကအများကြီးအကျိုးသက်ရောက်မှုမဖြစ်ဘူးလေ။

[ငါအခုအဆင်ပြေပါတယ်]

လီလျိုကချက်ချင်းပြန်ဖြေလိုက်ပြီးနောက်ဆက်ပြောလိုက်သည်။

[အဲလ်ဗစ်..ငါလာတဲ့လမ်းမှာဆလီနာနဲ့အတူရော့စစ်မျိုးနွယ်စုကအကြီးအကဲကြီးနဲ့ငါမသိတဲ့သူတစ်ချို့ကိုတွေ့ခဲ့တယ်]

လီလျိုရဲ့စကားကိုအဲလ်ဗစ်နားထောင်ပြီးနောက်သူ့မျက်လုံးများထဲမှာအလင်းတစ်ချက်ဖြတ်ပြေးသွားကာသူ့မျက်ဆံများကအနည်းငယ်ကျဉ်းမြောင်းသွားပြီးမှပုံမှန်ပြန်ဖြစ်သွားသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now