Arc(2.25)

7.8K 1.2K 8
                                    

Unicode

Arc(2.25) - Saint Magus

အဲ့ဒီနေ့ကတည်းကလီလျိုမှာရော့စစ်မျိုးနွယ်စုမှမျိုးနွယ်စုခေါင်းဆောင်နှင့်တစ်ခြားအဖွဲ့ဝင်များကိုမမြင်ရတော့ပေ။ဖြစ်နိုင်တာအဲလ်ဗစ်ရှေ့မှာထပ်ပေါ်ထွက်လာဖို့သူတို့အရမ်းကိုရှက်ရွံ့သလိုခံစားရလိုဖြစ်ရမည်။

သို့သော်ဇာတ်ကြောင်းရဲ့ဇာတ်ချုပ်နဲ့ရင်းနှီးနေသည့်လီလျိုကတော့သူတို့ကအဲလ်ဗစ်ကိုအပေါ်ယံမှာတော့မျိုးနွယ်စုဆီပြန်ခေါ်ဖို့လက်လျှော့လိုက်ပုံပေါက်ပေမယ့်အမှန်တကယ်မှာသူတော့တို့စိတ်ထဲမှာမစွန့်လွှတ်ကြသေးမှန်းသိနေသည်။ပြီးတော့လည်းလက်ရှိအဲလ်ဗစ်ကရော့စစ်မျိုးနွယ်စုကိုကြီးမားတဲ့ဂုဏ်သရေကြီးပေးနိုင်တယ်လေ။

လီလျိုကအဲလ်ဗစ်ရှေ့ကစားပွဲအံဆွဲထဲမှာအနားယူနေရင်းအပြည့်အဝသန်းဝေလိုက်သည်။စင်မြင့်ပေါ်ကဆရာရဲ့ဟောပြောချက်ကိုနားထောင်တဲ့အချိန်တိုင်းအဲ့ဒါကရှည်လျားတဲ့သားချော့တေးလိုပဲ...မှော်သားရဲတစ်ကောင်အနေနဲ့သူကလူသားတွေရဲ့မှော်စွမ်းအင်ကိုမသင်ကြားနိုင်ဘူးလေအဲ့ဒါကြောင့်ဆရာကမှော်စွမ်းအင်သို့မဟုတ်စာလုံးပေါင်းတစ်ချို့ရဲ့သီအိုရီအကြောင်းဟောပြောတိုင်းအဲ့ဒါကိုနားထောင်ရတာသူ့ကိုအိပ်ပျော်အောင်လုပ်နေသလိုပဲ

လီလျိုအိပ်ပျော်ခါနီးဆဲဆဲမှာရုတ်တရက်ဆရာပြောလိုက်သည်အားကြားလိုက်ရသည်။

"ဒီနေ့ရဲ့အတန်းကိုဒီမှာပဲရပ်မယ်ပြီးရင်ကျုပ်သတင်းအချက်အလက်တစ်ချို့ကြေငြာချင်ပါတယ်.....ကျုပ်ပြောမှာကိုမင်းတို့ထဲကတစ်ချို့တော့သိပြီးသားဖြစ်ရင်ဖြစ်လိမ့်မယ်--တစ်လအတွင်းကျုပ်တို့ရဲ့အကယ်ဒမီကတစ်ခြားအကယ်ဒမီနှစ်ခုနဲ့အတူနှစ်ပါတ်ကြာပြိုင်ပွဲလုပ်ရမယ်အဲ့ဒါကစိန့်ဟယ်လာအကယ်ဒမီနဲ့တစ်ခြားအကယ်ဒမီနှစ်ခုကနှစ်ပေါင်းရာချီလုပ်လာခဲ့တဲ့အစဉ်အလာပဲ...မင်းတို့အကုန်လုံးဒီပထမဆုံးစိန်ခေါ်မှုကိုရင်ဆိုင်နိုင်ဖို့ကောင်းကောင်းအဆင်သင့်ဖြစ်နေလိမ့်မယ်လို့မျှော်လင့်မိပါတယ်"

ဆရာရဲ့စကားကိုနားထောင်ပြိးနောက်ချက်ချင်းပင်အတန်းထဲမှာသေးငယ်တဲ့ဆူပူအုံကြွမှုတစ်ချို့နှင့်တပည့်တစ်ချို့ရဲ့ဆရာပြောလာတဲ့သတင်းအပေါ်မှာတစ်ယောက်နဲ့တစ်ယောက်တီးတိုးဆွေးနွေးမှုများဖြစ်ပေါ်လာခဲ့သည်။သူတို့အားလုံးရဲ့မျက်နှာမှာလည်းစိတ်လှုပ်ရှားမှုများရှိနေသည်။အကြောင်းကတော့ယခင်ပြိုင်ပွဲမှာတုန်းကပထမရခဲ့တဲ့ဆုကအရမ်းကိုရက်ရောတယ်လေ...ပြီးတော့လည်းအဲ့ဒါကသူတို့ရဲ့စွမ်းရည်ကိုလည်းစမ်းသပ်နိုင်ပြီးသူတို့အကယ်ဒမီသုံးခုကတပည့်သစ်များကြားမှာသူတို့ကဘယ်အဆင့်မှာရှိနေလဲဆိုတာကိုသိနိုင်သည်၊

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now