Arc(2.28)

6.7K 1.2K 12
                                    

Unicode

Arc(2.28) - Saint Magus

အကယ်ဒမီရဲ့ယှဉ်ပြိုင်ပွဲကနောင်ငါးရက်နေရင်ကျင်းပမှာဖြစ်ပြီးလေလံပွဲကနောက်သုံးရက်အတွင်းပြုလုပ်ရန်စီစဉ်ထားသည်။

အချိန်ကယှဉ်ပြိုင်ပွဲမစတင်ခင်သတ်မှတ်ထားသောကြောင့်တစ်ခြားယှဉ်ပြိုင်ပွဲမှာပါဝင်မည့်တပည့်တစ်ချို့သည်လည်းလေလံပွဲမှာပါဝင်ကြမှာဖြစ်ကာလေလံပွဲကိုလာရောက်မည့်လူအရေအတွက်တိုးသွားပြီးလေလံပွဲမှပစ္စည်းတွေရဲ့နောက်ဆုံးဈေးကိုတိုးသွားစေရန်ကူညီပေးလိုက်သည်။

လေလံပွဲမစတင်ခင်နှစ်ရက်အလိုမှာအဲလ်ဗစ်ကလီလျိုကိုခေါ်ပြီးရဲလ်မြို့တစ်မြို့လုံးကိုလှည့်ပတ်လျှောက်ခဲ့ကာထိုနေရာမှာရှိသမျှအထူးမုန့်မျိုးစုံကိုမြည်းစမ်းကြသည်။ထိုအထဲမှာလီလျိုအကြိုက်ဆုံးကချောကလက်နဲ့လုပ်တဲ့အချိုမုန့်နှင့်ငံသည့်အသားလုံးနှင့်ဖြည့်ထားသောကြော်ထားသည့်အသားညှပ်ပေါင်မုန့်ဖြစ်သည်။အဲလ်ဗစ်ကတစ်ခုဆီတိုင်းကိုဆယ်ဘူးကျော်ကျော်တိုက်ရိုက်ဝယ်လိုက်ပြီးအားလုံးကိုသူ့သိုလှောင်အိတ်ထဲထည့်ထားလိုက်သည်။

တတိယမြောက်နေ့မှောတော့ကောင်းကင်မှာရောင်ခြည်မတောက်ပခင်မှာပဲအဲလ်ဗစ်ကအိပ်ပျော်နေဆဲဖြစ်သည့်လီလျိုကိုနှိုးလိုက်ရသည်။အကြောင်းကတော့လေလံတင်မယ့်အချိန်ကအတော်လေးစောတာကြောင့်အကယ်၍သူတို့စောစောမထရင်ဝင်ခွင့်လက်မှတ်ကိုဝယ်ရန်အရမ်းနောက်ကျသွားမှာဖြစ်ပြီးလေလံပွဲထဲမဝင်နိုင်ဖြစ်သွားလိမ့်မည်။

လေလံပွဲတွင်လူတိုင်းထိုင်ရန်စောင့်ဆိုင်းပြီးနောက်၎င်းသည်အမှန်တကယ်မစတင်မီနောက်ထပ်တစ်နာရီခန့်ကြာလိမ့်မည်။

လီလျိုကအဲလ်ဗစ်ရဲ့အတင်းအကြပ်နှိုးခြင်းခံလိုက်ရသောကြောင့်သူ့မျက်လုံးများကကြောင်တောင်တောင်လေးဖြစ်နေဆဲဖြစ်ပြီးသူ့ငွေရောင်ဆံပင်များသည်လည်းအိပ်ပျော်ရာမှထလာရသောကြောင့်လုံးဝရှုပ်ပွနေရသည်။သူ့မျက်နှာပေါ်ကလောလောလတ်လတ်ထလာရသောကြောင့်ရဲနေတဲ့အလွှာလေးတစ်လွှာကိုထပ်ပေါင်းလိုက်တဲ့အခါကျတော့သူ့ကြည့်ရတာအရမ်းကိုချစ်ဖို့ကောင်းနေသည်။

အဲလ်ဗစ်ကမှေးတေးတေးမျက်လုံးများဖြစ်နေဆဲဖြစ်တဲ့လီလျိုကိုကြည့်ပြီးသူ့ကိုယ်သူမထိန်းနိုင်တော့ပဲအလျင်အမြန်ရှေ့မှီချလိုက်ကာမူးနောက်နောက်ဖြစ်နေဆဲဖြစ်သည့်လီလျိုကိုနမ်းလိုက်တော့သည်။
နောက်ဆုံးတော့လီလျိုမှာတုန်ယင်သွားပြီးသူ့ခေါင်းကအဲလ်ဗစ်ရဲ့အနမ်းကြောင့်အနည်းငယ်မူးနောက်နောက်ဖြစ်သွားကာသူ့မှာအရှေ့၊အနောက်၊တောင်၊မြောက်တောင်မပြောနိုင်ဖြစ်သွားပြီးအဲလ်ဗစ်ရဲ့အနမ်းကိုတက်ကြွစွာပဲကြိုဆိုမိလေသည်။

ထိုအနမ်းကြောင့်သူတို့နောက်ဆုံးအပြီးအစီးဆေးကြောသန့်စင်ဖို့အတွက်နောက်ထပ်နာရီဝက်လောက်ပိုကြာသွားရသည်။လီလျိုရဲ့မျက်နှာပေါ်ကနီရဲရဲလေးကမပျောက်ကွယ်သွားသေးပဲဖြူဖြူလုံးလုံးကြောင်လေးဘဝကိုပြန်ပြောင်းလိုက်ကာအဲလ်ဗစ်ရဲ့ပုခုံးပေါ်ခုန်တက်၍သူ့နောက်ကနေတည်းခိုခန်းဝင်ပေါက်သို့လိုက်ပါသွားရသည်။

သူတို့အနေနဲ့အချိန်ကိုအမှီလိုက်ရန်လိုအပ်နေတာကြောင့်နှစ်ယောက်သားမနက်စာတောင်မစားကြတော့ပဲလေလံပွဲတည်နေရာသို့အလျင်အမြန်ပြေးကြရလေသည်။

လမ်းတစ်လျှောက်လုံးမှာသူတို့အနေနဲ့ဦးတည်ရာတူညီသည့်မေးဂတ်စ်တော်တေ်ာများများကိုတွေ့ဆုံကြရသည်။ကံကောင်းစွာနဲ့သူတို့နှစ်ယောက်ကစောစောထခဲ့တာကြောင့်အချိန်အနည်းငယ်နောက်ကျသွာသော်လည်းသူတို့လေလံပွဲကိုရောက်တဲ့အချိန်ကြည့်ရှုသူစင်မြင့်ပေါ်မှာကြိုတင်ဘိုကင်မယူရသေးတဲ့ထိုင်ခုံကလေးပုံတစ်ပုံနီးပါးလောက်နှင့်သီးသန့်ခန်းတစ်ခန်းကျန်နေသေးသည်။အကယ်၍သူတို့နာရီဝက်လောက်ပိုနောက်ကျတာနဲ့ထိုသီးသန့်ခန်းတစ်ခန်းကိုယူလို့မရတော့လောက်ဘူးလို့ခန့်မှန်းရသည်။

ထိုင်ခုံကိုဝယ်ပြီးနောက်အဲလ်ဗစ်မနက်စာစားရန်လီလျိုကိုဘေးမှာရှိသည့်စားသောက်ဆိုင်ကိုချက်ချင်းခေါ်သွားသည်။သူတို့မနက်စာစားလို့ပြီးသွားသည်နှင့်အဲလ်ဗစ်ကလီလျိုကိုသူ့လက်မောင်းထဲပြန်ပွေ့လိုက်ပြီးလေလံပွဲဆီသို့ပြန်ပြေးကာအထူးလမ်းပြအမျိုးသမီးတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့သူတို့ရဲ့သီးသန့်ခန်းဆီသို့သွား၍ထိုင်လိုက်ကြသည်။

လေလံအိမ်၏ပထမထပ်သည်ကြီးမားသောပွဲကြည့်စင်၏ဇာတ်ရုံဖြစ်ပြီးဒုတိယထပ်တွင်သီးသန့်အခန်းပေါင်း ၃၀ မှ ၄၀ ရှိသည်။အောက်ကလေလံပွဲကြည့်ရှုသူများရဲ့စင်မြင့်လိုဘယ်ဘက်နှင့်ညာဘက်တွင်မရေမတွက်နိုင်သောလူများကိုတွေ့မြင်နိုင်တဲ့ပုံစံနဲ့မတူပဲသီးသန့်ခန်းများကပိုပြီးတိတ်ဆိတ်သည်။ထို့အပြင်သီးသန်ခန်းရှိလူများကကြည့်ရှုသူများ၏စင်မြင့်နှင့်လေလံကွင်းကိုရှင်းလင်းစွာမြင်နိုင်သော်လည်အောက်မှလူများကတော့သီးသန့်ခန်းအတွင်းရှိမည်သည့်အရာကိုမှမမြင်နိုင်ပေ။ထို့ကြောင့်အထဲမှာထိုင်နေသည့်သူကဘယ်သူလဲဆိုတာကိုဘယ်သူမှမသိပဲဒီဇိုင်းကလည်းအတွင်းရှိဖောက်သည်များရဲ့လုံခြုံမှုကိုအပြည့်အဝအာမခံထားသည်။

အဲလ်ဗစ်ကဒုတိယအထပ်မှနောက်ဆုံးကျန်တဲ့သီးသန့်ခန်းကိုယူလိုက်ပြီးအနေအထားကသူ့အပေါ်ကအထပ်မှအခန်းတွေထက်အနည်းငယ်ဆိုးသော်လည်းပထမအထပ်နဲ့ယှဉ်ရင်တော့အတော်လေးကောင်းနေသေးသည်လေ။

သို့သော်ခြားနားတာကဈေးနှုန်းသည်အောက်မှပွဲကြည့်စင်မြင့်ထက်ဆယ်ဆပိုမိုမြင့်မားသည်။အဲလ်ဗစ်မှာထိုသီးသန့်ခန်းကိုရရှိရန်စာသင်နှစ်တစ်နှစ်ရဲ့ကျုရှင်ခတစ်ဝက်နီးပါးလောက်သုံးလိုက်ရသည်။

သီးသန့်ခန်းထဲဝင်ပြီးနောက်လမ်းပြအမျိုးသမီးကခေါင်းကိုငုံ့ပြီးအလျင်အမြန်ထွက်သွားကာအဲဗစ်ကိုကူပြီးတံခါးပိတ်ပေးခဲ့လိုက်သည်။

ထို့နောက်မှာတော့အဲလ်ဗစ်ရဲ့ညွှန်ကြားချက်မပါပဲဘယ်သူမှသီးသန့်ခန်းထဲဝင်တော့မှာမဟုတ်သလိုသဘာဝကျကျပဲအထဲမှမည်သည့်အသံကိုမဆိုအပြင်မှကြားရမှာမဟုတ်ပေ။လမ်းပြအမျိုးသမီးထွက်သွားပြီးသည်နှင့်လီလျိုကလူသားပုံစံချက်ချင်းပြန်ပြောင်းလိုက်ပြီးအဝတ်ထုတ်ဝတ်ကာအဲလ်ဗစ်ဘေးဝင်ထိုင်လိုက်သည်။

သူကသူ့ထိုင်ခုံဘေးစားပွဲသေးသေးလေးပေါ်မှမုန့်အပိုင်းအစလေးကိုယူလိုက်ပြီးသူ့ပါးစပ်ထဲပစ်ထည့်လိုက်ကာစားနေရင်းဗလုံးဗထွေးပြောလိုက်၏။

"တကယ်လို့ဒီမှာမုန့်နဲ့လက်ဖက်ရည်အလကားစားရမယ်ဆိုတာသိရင်ခုနကမနက်စာသွားမစားပါဘူး"
အဲလ်ဗစ်ကလက်ကိုထုတ်လိုက်ပြီးလီလျိုရဲ့နှုတ်ခမ်းဘေးမှကျန်နေတဲ့မုန့်အပိုင်းလေးကိုဖယ်ပေးလိုက်ကာသူ့မျက်လုံးထဲမှာတော့ပြုံးနေတဲ့အမူအယာရှိနေသည်။

"မင်းမနက်စာစားပြီးတာတောင်မုန့်ကိုစားချင်သေးတာလား?"

လီလျိုကနောက်မုန့်တစ်ခုကိုယူပြီးသူ့ပါးစပ်ထဲထည့်ရန်လုပ်လိုက်တဲ့အချိန်မှာအဲလ်ဗစ်စကားကိုကြားလိုက်တာကြောင့်သူ့လက်ကိုအဲလ်ဗစ်ရဲ့ဘက်လှည့်လိုက်ပြီးမုန့်ကိုအဲလ်ဗစ်ပါးစပ်ထဲထည့်ပေးလိုက်သည်။

"ငါတို့စားပြီးသားလားမစားရသေးဘူးလားဆိုတာကအရေးမကြီးဘူးဒီသီးသန့်ခန်းကြေးကအရမ်းဈေးကြီးတဲ့ဟာကိုမစားရင်ရှုံးတာပေါ့...ကံကောင်းလို့ဒီမုန့်တွေကတကယ်ကိုအရသာရှိတယ်"

အဲလ်ဗစ်ကပါးစပ်ဟပြီးမုန့်ကိုစားလိုက်သကဲ့သို့သူ့လျှာထိပ်ကလည်းသူ့ပါးစပ်ထဲရောက်လာတဲ့လီလျိုရဲ့လက်ချောင်းထိပ်လေးတွေကိုလျှက်လိုက်သည်။လီလျိုရဲ့နားရွယ်ထိပ်လေးတွေကချက်ချင်းနီရဲသွားရပြီးသူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်ကာသူ့မျက်လုံးလေးများတော့ပြုးကျယ်သွားရသည်။သူကအဲလ်ဗစ်ကိုတော်တော်ကြာသည်အထိကြည့်နေမိပြီးထိတ်လန့်မှုရသွားသလိုဘာမှမပြောနိုင်ဖြစ်နေသည်။သူ့ရဲ့မျက်လုံးလေးများကလုံးဝိုင်းနေပြီးသူ့နားရွက်လေးတွေကလည်းထောင်မတ်နေသည်မှာလည်ပင်းကျုံ့ထားသည့်ကြောင်လေးတစ်ကောင်လိုဖြစ်နေသည်။

အဲလ်ဗစ်ကလီလျိုကိုအဲ့ဒီလိုပုံစံမြင်ရလေသူ့ကိုပိုပြီးအနိုင်ကျင့်ချင်လေဖြစ်လာသည်။သူကမုန့်အပိုင်းလေးတစ်ခုကိုကောက်ယူလိုက်ပြီးသူ့ပါးစပ်ထဲထည့်လိုက်သည်။သို့သော်မစားပဲအဲ့ဒီအစားမတ်တပ်ရပ်လိုက်၍လီလျိုရဲ့ကိုယ်ရှေ့လျှောက်သွားလိုက်ပြီးအရှေ့သို့မှီချလိုက်ကာလီလျိုကိုပါးစပ်နဲ့ပဲခွံ့ကျွေးလိုက်ရင်းသူ့လျှာထိပ်ကလည်းမုန်နဲ့အတူလီလျိုရဲ့ပါးစပ်ထဲလိုက်ပါသွားလေသည်။

ယောကျာ်းလေးနှစ်ယောက်ရဲ့ချိတ်ဆက်နေတဲ့နှုတ်ခမ်းတွေ၊သွားတွေကြားထဲကမုန်ကနှစ်ယောက်လုံးရဲ့ဗိုက်ထဲဝင်သွားပြီးနှစ်ယောက်သားကြားကအသက်ရှုသံကပင်ထူထဲသည့်နို့နံ့နဲ့ဖြည့်ထားသလိုဖြစ်နေကာအရမ်းကိုဝေဝေဝါးဝါးလေထုအားထုတ်ဖော်နေသည်။လီလျိုကသူ့ခေါင်းလေးကိုမော့လိုက်ပြီးအဲလ်ဗစ်ရဲ့ဝင်ရောက်စွက်ဖက်နေတဲ့နှုတ်ခမ်းမှအပူချိန်ကိုခံစားလိုက်ရသည်နှင့်သူ့တစ်ကိုယ်လုံးကအပူချိန်ကိုချက်ချင်းမြင့်တက်သွားစေသည်။

အဲလ်ဗစ်ရဲ့မျက်လုံးများကပိုပြီးနက်မှောင်လာပြီးလီလျိုရဲ့အနည်းငယ်နီရဲနေသည့်ပါးပြင်လေးကိုကြည့်ရင်းမနေနိုင်တော့ပဲသူ့ရှေ့ကဒီလူကိုအကောင်လိုက်မျိုချချင်သလိုခံစားလာရသည်။
သို့သော်အဆုံးမှာအဲလ်ဗစ်ကလီလျိုရဲ့နှတ်ခမ်းကိုတစ်ကြိမ်သာထပ်ကိုက်လိုက်ပြီးသူ့မျက်နှာကိုအဝေးဖယ်သွားလိုက်သည်။

ဘယ်သူမှသူ့ခွင့်ပြုချက်မရပဲအခန်းထဲမဝင်လာဘူးဆိုပေမယ့်အဲလ်ဗစ်ကမလုံခြုံသလိုခံစားရဆဲဖြစ်သည့်အပြင်လေလံပွဲကလူတွေကိုလည်းအထဲမှာဘာဖြစ်နေတ်ယဆိုတာခန့်မှန်းခွင့်မပြုနိုင်ဘူးလေ။
ဒီကိုသူလာရတဲ့အဓိကရည်ရွယ်ချက်ကသူလိုအပ်တဲ့ပစ္စည်းကိုရှာဖို့သက်သက်သာ။

အဲ့ဒီပစ္စည်းသုံးမျိုးကိုစုဆောင်းနိုင်မှသာအရင်စိန့်မေးဂတ်စ်ချန်ထားခဲ့တဲ့အစွမ်းကိုအသုံးချနိုင်မှာဖြစ်ပြီးသူတို့ကိုအတူတကွပေါင်းစပ်၍စိန့်မေးဂတ်စ်တစ်ယောက်အတွက်အသင့်တော်ဆုံးမှော်ကိရိယာကိုပြုလုပ်နိုင်မှာဖြစ်သည်။

သူ့ရဲ့အစွမ်းကိုမြှင့်တင်နိုင်မယ့်အရာတစ်ခုကိုလက်မလွှတ်နိုင်ဘူး။

အရင်တစ်ခေါက်သူ့အဖွားသေဆုံးသွားတဲ့အချိန်မှာလူတစ်ယောက်အတွက်အစွမ်းကဘယ်လောက်အရေးပါလဲဆိုတာသူနားလည်လိုက်ရတယ်။သူလုံလောက်အောင်သန်စွမ်းမှသာသူကာကွယ်ချင်တဲ့သူတွေဒါမှမဟုတ်သူလိုချင်တဲ့အရာတွေကိုကာကွယ်နိုင်မှာပြီးတော့တစ်ခြားသူတွေအပေါ်မှာမျှော်လင့်ချက်ထားပြီးတစ်ခြားသူတွေကိုအကူအညီတောင်းစရာလည်းမလိုတော့ဘူး။

အဲလ်ဗစ်ကသူ့ထိုင်ခုံနေရာကိုပြန်သွားလိုက်ပြီးထိုနေရာမှာခဏမျှထိုင်ပြီးမှသာသူ့ရဲ့မငြိမ်မသက်ဖြစ်နေတဲ့စိတ်ဆန္ဒကိုဖိနှိပ်နိုင်သည်။

လီလျိုသည်လည်းအဲလ်ဗစ်ထက်ကောင်းနေတာမဟုတ်ပဲအဲ့ဒီထက်တောင်ပိုဆိုးဦးမည်။အနည်းဆုံးတော့အဲလ်ဗစ်ရဲ့အမူအယာကအပေါ်ယံမှာတော့ပုံမှန်နဲ့မတူတာမရှိပဲသူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာကဘာလှိုင်းမှမဖြစ်ခဲ့သလိုပဲဖြစ်နေသည်။သို့သော်ဆန့်ကျင်ဘက်အနေနဲ့လီလျိုရဲ့မျက်နှာမှာတော့အနီရောင်တစ်လွှာပြေးနေပြီးသူ့မျက်လုံးများကလည်းရေငွေ့များဝေနေသလိုဖြစ်ကာတစ်ချက်အကြည့်နဲ့တင်ယောကျာ်းတစ်ယောက်ရဲ့စိတ်ဆန္ဒကိုဆွဲဆောင်နိုင်သည်။

သူ့မျက်နှာကိုရိုက်လိုက်ပွတ်လိုက်အကြိမ်အနည်းငယ်လုပ်ပြီးမှသာလီလျိုမှာအတော်လေးသက်သာလာပြီးသူ့ရဲ့မူလကအရှိန်ပြင်းစွာခုန်နေတဲ့နှလုံးသားလည်းတစ်ဖြည်းဖြည်းနှေးကွေးလာရသည်။

ထိုအချိန်မှာပဲရုတ်တရက်ရှင်းလင်းနေတဲ့မိန်းကလေးသံတစ်ခုကသီးသန့်ခန်းထဲကိုဝင်လာခဲ့သည်။လီလျိုရဲ့ဝိဉာဉ်ကလန့်သွားသောကြောင့်အနည်းငယ်တုန်ယင်သွားပြီးသူ့နှလုံးသားလည်းအကြိမ်အနည်းငယ်တုန်ခါသွားရသည်။

"လူကြီးမင်းများရှင်ကျွန်မတို့ရဲ့လေလံအိမ်မှကြိုဆိုပါတယ်...ဒီနေ့မှာသင်တို့လိုချင်တဲ့ပစ္စည်းတွေကိုယူဆောင်သွားနိုင်ပါစေလို့မျှော်လင့်ပါတယ်"

လီလျိုကအောက်ကိုငုံ့ကြည့်လိုက်သောအခါအညိုရောင်ဆံနွယ်ရှည်များရှိပြီးဒူးလောက်သာရှိသည့်စကဒ်နှင့်ပုခုံးပေါ်ဘဘောက်အင်္ကျီကိုဝတ်ဆင်ထားသည့်လှပသောအမျိုးသမီးတစ်ဦးကမီတာအနည်းငယ်ရှည်ပြီးကျယ်သည့်လေလံပွဲစင်ပေါ်တွင်မတ်တပ်ရပ်နေသည်ကိုမြင်ရသည်။

သူတို့ရဲ့သီးသန့်ခန်းကဒုတိယထပ်မှာဖြစ်ပေမယ့်လီလျိုကလေလံပွဲစင်မြင့်ပေါ်ကအရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်ရနိုင်သည်။ထိုအမျိုးသမီးရဲ့မျက်လုံးထောင်ကမျက်ရည်ခံမှဲ့ကိုတောင်အရမ်းရှင်းရှင်းလင်းလင်းဖြစ်နေရတာကြောင့်ဒီသီးသန့်ခန်းဟာအထူးမှော်တစ်ခုခုနှင့်ပြုလုပ်ထားသည်ဟုခန့်မှန်းလို့ရနိုင်သည်။ဒါကြောင့်လည်းဈေးကဘာအကြောင်းပြချက်မှမရှိပဲအရမ်းကိုဈေးကြီးနေခြင်းပင်။
လေလံပွဲတင်ဆက်သူအမျိုးသမီးရဲ့ရင်ဘက်ကအရမ်းကိုထင်ပေါ်နေသည်မှာသူမရဲ့ကိုယ်ပေါ်မှာထုပ်သိုင်းထားသည့်ဘလောက်အင်္ကျီပေါ်ကိုတောင်ထွက်တော့မတတ်ဖြစ်နေတာကြောင့်မြင်ကွင်းမှာရှိသမျှယောကျာ်လေးအများစုကိုသူမရဲ့ပုံသဏ္ဍာန်နဲ့ဆွဲဆောင်နေနိုင်ပြီးသူတို့ရဲ့အကြည့်ကထိုအမျိုးသမီးတင်ဆက်သူရဲ့ခန္တာကိုယ်ပေါ်မှာပဲကော်ကပ်သလိုဖြစ်နေကြသည်။

လေလံပွဲတင်ဆက်သူအမျိုးသမီးကတော့ထိုပူပြင်းတဲ့အကြည့်တွေကနေသက်ရောက်မှုရှိဟန်မပေါ်ပဲပြုံးနေရင်းဖြင့်ပင်ဆက်ပြောလိုက်သည်။

"ဒါဆိုကျွန်မဒီထက်ပိုပြီးစကားအများကြီးထပ်ပြောမနေတော့ပါဘူး...ကျွန်မတို့ရဲ့ပထမဆုံးလေလံပွဲပစ္စည်းကိုအမြန်ဆုံးစတင်ပါတော့မယ်"

သူမပြောလို့ပြီးသွားသည်နှင့်တင်ဆက်သူအမျိုးသမီးကသူမရဲ့ခေါင်းကိုအနည်းငယ်လှည့်လိုက်ပြီးပိတ်ဖြူနှင့်ဖုန်းအုပ်ထားသောကြောင့်လူတွေကိုအထဲမှာဘာရှိသလဲမမြင်ရစေသည့်တွန်းလှည်းအားတွန်းလာသည့်ဗလတောင့်တောင့်အမျိုးသားနှစ်ယောက်အားကြည့်လိုက်သည်။

တွန်းလှည်းကိုစင်မြင့်အလယ်ကိုတွန်းလာပြီးသည်နှင့်ထိုဗလတောင့်တောင့်အမျိုးသားနှစ်ယောက်ကချက်ချင်းလေလံပွဲစင်မြင့်ရဲ့တစ်ဖက်မှပြန်လျှောက်ထွက်သွားကြသည်။

လေလံပွဲတင်ဆက်သူအမျိုးသမီးကလှည်းရှိရာသို့လျှောက်လာပြီးဖုန်းထားသည့်ပိတ်ဖြူအားဖယ်လိုက်ကာသူမရဲ့အကြည့်ကသူမရှေ့မှာရှိသည့်ပရိတ်သတ်ဆီရောက်သွားပြီးပြုံးကာပြောလိုက်သည်။

"ပထမဆုံးလေလံတင့်မယ့်ပစ္စည်းကတော့မှော်သားရဲတောင်တန်းမှမှော်-စားပန်းဖြစ်ပါတယ်ဒါကအလယ်အလတ်အဆင့်မှော်ပစ္စည်းပြုလုပ်ဖို့အတွက်အဓိကပစ္စည်းထဲကတစ်ခုဖြစ်ပါတယ်နော်....ဒီမှော်စားပန်းကမှော်သားရဲတောင်တန်းထဲကအလယ့်ပိုင်းကျောက်နက်တောင်တစ်ဝိုက်မှာသာကြီးထွားနိုင်တာပါ..အဲ့ဒီမှာဒါကိုကာကွယ်တဲ့ပဉ္စမအဆင့်မှော်သားရဲတွေအမြဲတမ်းရှိနေပါတယ်...ထပ်ပေါင်းပြောရရင်မှော်စားပန်းတည်ရှိနေတဲ့တောင်စွန်းက........."

သူမစကားပြောနေရင်းဖြင့်သူမရဲ့ရင်ဘက်ကရင်သားနှစ်မြွှာကလည်းအသက်ရှုသံနှင့်အတူနိမ့်လိုက်မြင့်လိုက်ဖြင့်နေသောကြောင့်ကြည့်ရှုသူစင်မြင့်ထက်မှအမျိုးသားအားလုံးကိုတည့်တည့်သာစိုက်ကြည့်မိနေစေသည်။

လီလျိုကအခုချိန်မှာအမျိုးသမီးတွေနဲ့ချိန်းတွေ့ဖို့လုံးဝစိတ်မဝင်စားတော့ပေမယ့်သူလည်းမနေနိုင်ပဲအကြိမ်အနည်းငယ်တော့ကြည့်ကြည့်မိသေးသည်။ပြီးမှသာအလျင်အမြန်နဲ့သူ့အကြည့်ကိုတင်ဆက်သူအမျိုးသမီးဖော်ပြပေးထားသည့်လှည်းပေါ်မှလေလံတင်ထားသည့်ပစ္စည်းဘက်လှည့်လိုက်ရသည်။

လီလျိုကသူ့အကြည်ကိုအလျင်အမြန်ရွေ့လိုက်ပေမယ့်လည်းဘေးတစ်ဖက်မှာထိုင်နေတဲ့အဲလ်ဗစ်ကတော့ထိုလှုပ်ရှားမှုသေးသေးလေးကိုပင်မြင်ဖြစ်အောင်မြင်လိုက်သေးသည်။အဲလ်ဗစ်ရဲ့မျက်လုံးများထဲမှာအလင်းတစ်ချက်ပြေးသွားသကဲ့သို့သူ့လက်မောင်းပေါ်မှာတင်ထားသည့်သွယ်လျသည့်လက်ချောင်းများကလည်းသူ့လက်မောင်းအားခပ်ဖွဖွပုတ်နေရင်းအဲ့ဒါကိုသူ့ရင်ထဲမှာတိတ်တဆိတ်ရေးမှတ်ထားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ်သူနဲ့လဒ်ဝတ်ရဲ့နေ့တွေကအများကြီးကျန်ပါသေးတယ်..သူဒီစာရင်းကိုဖြည်းဖြည်းချင်းဆီပြန်စုဆောင်းလို့ရတယ်...

လေလံတင်ထားတဲ့ပစ္စည်းပေါ်မှာသာအာရုံစူးစိုက်နေတဲ့လီလျိုကတော့သူ့လှုပ်ရှားမှုသေးသေးလေးကအစောကြီးကတည်းကလူတစ်ယောက်ရဲ့အာရုံစိုက်မှုကိုခံလိုက်ရသည်ကိုမသိလိုက်ပေ။ဒါ့အပြင်သူကအဲ့ဒါကိုရင်ထဲမှာဂရုတစိုက်မှတ်သားလို့လီလျိုကိုအကြွေးကြီးကြီးပြန်ပေးဆပ်ခိုင်းတော့မယ်ဆိုတာကိုရောပေ့ါ...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now