Arc(2.31)

6.6K 1.1K 6
                                    

Unicode

Arc(2.31) - Saint Magus

သူတို့အထဲသို့ဝင်ပြီးနောက်မှာနေရာကပိုပြီးကျယ်ဝန်းလာသည်။လူများအားလုံးအထဲမှာစုဝေးနေကြကာပုံစံကမိုးလုံလေလုံပြည်သူ့ရင်ပြင်နဲ့တောင်ဆင်တူနေသည်။

အမိုးပေါ်မှာလည်းညကောင်းကင်ရဲ့ကြယ်လေးများလိုမရေမတွက်နိုင်တဲ့မှော်မီးအိမ်လေးများကလေထဲမှာဝေ့ဝဲနေကြကာနေရာတစ်ခုလုံးအားထွန်းလင်းတောက်ပနေစေသည်။

အကယ်ဒမီတိုင်းရဲ့နေရာကိုကြေညာပြီးတဲ့အချိန်မှာအဲလ်ဗစ်ကလီလျိုကိုလက်ထဲပိုက်ထားရင်းဖြင့်စိန့်ဟယ်လာအကယ်ဒမီရှိလူများအားလုံးစုဝေးနေကြသည့်နေရာကိုသွားလိုက်ပြီးယှဉ်ပြိုင်ပွဲစာရင်းပြမည်ကိုစောင့်နေလိုက်သည်။

အကယ်ဒမီသုံးခုရဲ့တပည့်အရေအတွက်က(၅၀၀၀)ကျော်တာကြောင့်ရလဒ်အရတော့ယှဉ်ပြိုင်ရမယ့်စာရင်းကိုဆွဲရတာအချိန်တော်တော်လေးကြာသည်။

တစ်နာရီလောက်စောင့်ပြီးနောက်ကြီးမားပြီးတောက်ပတဲ့မှော်မျက်နှာပြင်တစ်ခုကတပည့်များအားလုံးရှေ့မှာပေါ်လာသည်။ထိုမှော်မျက်နှာပြင်ကအရမ်းကိုကြည်လင်တောက်ပနေတာကြောင့်လူအုပ်နောက်ဆုံးလောက်မှာရှိသည့်တပည့်များပင်မြင်ရနိုင်သည်။

တပည့်များအားလုံးပြိုင်ပွဲအစဉ်လိုက်အားကြည့်ပြီးကန့်ကွက်ခြင်းမရှိကြပေ။သူတို့အကယ်ဒမီရှိတဲ့နေရာကိုပြန်ရောက်သောအခါလူတိုင်းမှော်မျက်နှာပြင်မှာပေါ်ခဲ့တဲ့စာရင်းအတိုင်းအတိအကျတူညီတဲ့စာရင်းကိုရကြပြီးတပည့်တိုင်းသူတို့ဘာသာသူတို့ပြန်ကြည့်နိုင်ကြသည်။

အဲလ်ဗစ်ကတော့သူ့ယှဉ်ပြိုင်ဘက်ကိုလုံးဝစိတ်မဝင်စားဘူးဖြစ်သည်။ပြီးတော့သူ့အတွက်ကသူ့ပြိုင်ဘက်ဘယ်သူလဲဆိုတာအရေးမကြီးလှဘူးလေ။ဒါကြောင့်လည်းသူကတစ်ခြားတပည့်တွေလိုမျိုးမနက်ဖြန်သူတို့ရင်ဆိုင်တွေ့ရမယ့်ပြိုင်ဘက်ကိုကိုင်တွယ်နိုင်ပါ့မလားမနက်ဖြန်ပထမဆုံးတစ်ရက်တည်းနဲ့များရှုံးသွားမလားဆိုတာမျိုးရင်တုန်နေခြင်းမရှိပေ။အဲ့ဒီအစားသူကတိတ်တိတ်လေးသာဆရာစာလိပ်ပေးမည့်အချိန်ကိုစောင့်နေလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now