Arc(2.44)

5K 958 5
                                    

Unicode

Arc(2.44) - Saint Magus

တိုက်ပွဲကတစ်နာရီအတွင်း အဆုံးသတ်သွားသည်။

အဲလ်ဗစ်ကမှော်လက်နက်အား သူ့သိုလှောင်အိတ်ထဲပြန်ထည့် လိုက်ပြီးခေါင်းကိုမော့ကာမြို့ရိုးပေါ် မှာမတ်တပ်ရပ်နေသည့်မေးဂတ်များ ကိုကြည့်လိုက်သည်။သူတို့ရဲ့မျက်လုံး ထဲမှာတော့လေးစားကြည်ညိုသည့် အကြည့်များပြည့်နှက်နေ၏။အဲလ်ဗစ်ရဲ့ လက်ဟန်ခြေဟန်နှင့်အတူအီလိုင်က အဲလ်ဗစ်နှင့်လီလျိုအားသူ့ကျောကုန်း မှာတင်ထားရင်းဖြင့်တင်းကြပ်စွာ ပိတ်ထားသောမြို့တံခါးဆီချဉ်းကပ် သွားလိုက်သည်။

မြို့ရိုးပေါ်ကမေးဂတ်စ်အားလုံးအဲလ်ဗစ်ရဲ့ရည်ရွယ်ချက်ကိုနားလည်လိုက်ပြီးလူများအားအလျင်အမြန်အမိန့်ပေးညွှန်ကြားကာသူ့အတွက်မြို့တံခါးဖွင့်စေသည်။

မြို့တံခါးနောက်မှာတော့နသယ်စပ်မှာအဖြူရောင်ဆံပင်များဖြစ်နေပြီဖြစ်သောလူလတ်ပိုင်းကြီးတစ်ယောက်စောင့်နေသည်။ထိုလူကမြို့တော်ဝန်ဖြစ်ပြီးအဲလ်ဗစ်ဝင်လာသည်ကိုမြင်သောအခါရှေ့သို့အလျင်အမြန်ထွက်ရပ်ကာလေးလေးစားစားဦးညွှတ်လိုက်သည်။

ဦးညွှတ်နေရာမှမော့လိုက်တဲ့အချိန်မှာတော့မြို့တော်ဝန်မှာအဲလ်ဗစ်ရဲ့မျက်နှာအားထိတ်လန့်တကြားစိုက်ကြည့်မိတော့သည်။အနည်းဆုံးကြယ်ခြောက်ပွင့်မေးဂတ်စ်အဆင့်လောက်ရှိမည့်သူတို့မြို့ကိုကယ်တင်တဲ့သူကဒီလောက်ငယ်ရွယ်နေမယ်လို့မထင်ထားခဲ့မိပေ။သို့သော်သူ့အမူအယာကအလျင်အမြန်ပင်ပိုမိုပြီးစိတ်အားထက်သန်လာသည်-

ဒီလိုငယ်ငယ်လေးနဲ့ကြယ်ခြောက်ပွင့်အဆင့်မေးဂတ်စ်တစ်ယောက်ဖြစ်နေပြီ!ဒါကမိတ်ဆွေဖွဲ့ဖို့လုံးဝကျေနပ်စရာကောင်းလွန်းတယ်

"............ကျုပ်တို့ရဲ့လူတွေအားလုံးကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်...ကျုပ်ကဒီမောရ်မြို့ရဲ့မြို့တော်ဝန်ပါ...ဒီကလူကြီးမင်းကိုဘယ်လိုခေါ်လို့ရမလဲမသိဘူး?"

သူမည်သူမည်ဝါဖြစ်ကြောင်းဖုံးကွယ်ရန်အစီအစဉ်မရှိသောကြောင့်မြို့သခင်အားသူ့နာမည်ကိုသာပြောလိုက်သည်။အဲလ်ဗစ်ကသူ့အကြောင်းကိုမဖုန်းကွယ်ပဲသူ့ကိုယ်သူဖော်ပြရင်တောင်သူ့မှာသူရဲကောင်းစစ်သည်ရဲ့စွမ်းရည်ပါရှိသေးတာကြောင့်သူ့ကိုယ်သူနဲ့လီလျိုအားကာကွယ်နိုင်သေးသည်လေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now